fbpx

This is digital planet.

AppleTech News

A12 Bionic အသုံးပြုထားတဲ့ Apple iPad Mini 5 နဲ့ iPad Air 2019 တို့ထွက်ရှိ

Apple အနေနဲ့မျိုးဆက်သစ် iPad Models တွေဖြစ်တဲ့ Fifth generation iPad Mini နဲ့ iPad Air တို့ကိုတော့ မနေ့က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Fifth generation iPad Mini ကတော့ ၂၀၁၅ ခုနစ်ကနောက်ဆုံးထွက်ရှိခဲ့တာဖြစ်ပြီး ၄ နှစ်ကြာပြီးမှ ထူးထူးခြားခြားပြန်လည်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ iPad Air မှာတော့ iPad Pro မှာပါဝင်တဲ့ Features တော်တော်များများပါဝင်လာတာကိုမြင်တွေ့ရပါတယ်။ 10.5-inch screen နဲ့အတူ True Tone, ပေါ့ပါးတဲ့ Design နဲ့ Apple A12 chip စတာတွေပါဝင်ခဲ့ပါတယ်။

iPad Mini 5th Generation

5th Generation iPad Mini မှာတော့ 7.9-inch IPS display မှာတော့ 2048 x 1536 pixels နဲ့ 326 PPI pixels density ရှိပါတယ်။ ဒီ Display မှာတော့ Wider color DCI-P3 gamut ထောက်ပံ့မှုပါဝင်ပြီး Apple ရဲ့ True Tone Display နည်းပညာကိုလည်းထည့်သွင်းပေးထားပါတယ်။

iPad Mini 5 မှာတော့ Apple ရဲ့နောက်ဆုံးထုတ် A12 Processor ကိုအသုံးပြုထားပြီး 3GB RAM နဲ့အတူ 64GB နဲ့ 256 GB ဆိုပြီး Storage model ၂ ခု ထုတ်ထားပါတယ်။ Touch ID နဲ့ Dual speaker တို့လည်းပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 8MP ကင်မရာ နဲ့ 7MP FaceTime HD ရှေ့ကင်မရာတို့ပါဝင်လာခဲ့ပါတယ်။ ဒါပြင် iPad Mini 5 မှာတော့ Pencil stylus support စတင်ရရှိတော့မှာဖြစ်ပြီး First-generation Apple Pencil ကိုတော့ ဟိုခြစ်ဒီခြစ် နဲ့အခြားလျှောက်ဆွဲဖို့အတွက်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Pencil အတွက်ကိုတော့နောက်ထပ် $99 ထက်ပေးပြီး ဝယ်ယူရမှာဖြစ်ပါတယ်။

iPad Air

iPad Air မှာတော့ 10.5-inch LCD Retina Display နဲ့အတူ True Tone နဲ့ Wide colors တို့ပါဝင်ပါတယ်။ အရွယ်အစားအနေနဲ့ ၁ ပေါင်ရှိပြီး 6.1mm ပါးလွှာပါတယ်။ A12 Bionic Chip နဲ့အတူ Neural Engine ပါဝင်ပြီး First-gen Apple Pencil နဲအတူ Smart Keyboard ကိုလည်းထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ ၁၀ နာရီအသုံးပြုလို့ရပြီး Space gray , Silver နဲ့ Gold color စတဲ့အရောင်တွေနဲ့ထွက်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ iPad Air မှာတော့ f/2.4 8MP အဓိက ကင်မရာ ပါဝင်ပါတယ်။

Prices and Availability

iPad Air ရဲ့ 64GB WiFi version ကိုတော့ $499၊ 256 GB WiFi Version ကိုတော့ $648 အသီးသီးရှိပြီး 64GB WiFi + Cellular model ကိုတော့ $629၊ 256GB WiFi + Cellular model ကိုတော့ $779 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

iPad Mini 2019 ရဲ့ 64GB WiFi version ကိုတော့ $399၊ WiFi + Cellular version ကိုတော့ $529 ၊ အသီးသီးရှိပါတယ်။ 256 GB WiFi Version ကိုတော့ $549၊ WiFi + Cellular version အနေနဲ့ $579၊ နဲ့ Apple ရဲ့ တရားဝင် Website မှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။