fbpx

This is digital planet.

AppleTech News

A13 Chipset ပါဝင်တဲ့ iPhone SE အသစ်ကို ၂၀၂၀ မတ်လ မှာစတင်မိတ်ဆက်ပေးဖွယ်ရှိ

Apple ရဲ့ Supply တွေရှိကထွက်ရှိလာတဲ့ သတင်းတွေအရ Apple ဟာ 4.7-inch screen ၊ A13 Chipset နဲ့ 128GB storage ပါဝင်တဲ့ iPhone အသစ်တစ်လုံးကို လာမဲ့ ၂၀၂၀ မတ်လ မှာမိတ်ဆက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ကောလာဟလ တွေအရ ဒီ iPhone ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၆၅၀ (မြန်မာငွေ ၁၀ သိန်း) နီးပါးနဲ့စတင်ရောင်းချမယ်လို့သိရပါတယ်။

Related image
Display ရဲ့အရွယ်အစား ကို ကြည့်ရသလောက် Apple အနေနဲ့ ဒါဟာ iPhone SE ရဲ့ မျိုးဆက်သစ် တစ်ခုအနေနဲ့ မိတ်ဆက်ဖို့ကြံစည်နေပုံရပါတယ်။ ဒီနှစ် ၂၀၁၉ ခုနစ်မှာတော့ Apple ဟာ OLED screen နဲ့ Triple camera (Ultra-wide + Regular + Tele) တို့ပါဝင်တဲ့ iPhone XI နဲ့ XI Max model တွေအပြင် LCD display နဲ့ Dual camera (Regular + Ultra-wide or Tele) စတဲ့ model ၃ မျိုးကိုမိတ်ဆက်ပေးမယ်လို့သိရပါတယ်။

Image result for iphone se 2

Apple အနေနဲ့ iPhone SE ကို ၂၀၁၆ ခုနစ်က စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ၃ နှစ်ကြာပြီးနောက်မှာတော့ ပြန်လည်ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ Apple ရဲ့ iPhone SE ဟာ Screen size ကြီးတာကို မကြိုက်တဲ့ အသုံးပြုသူတွေကြားမှာ သူရဲ့ ကျစ်လစ်တဲ့ ဒီဇိုင်း ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။ အခုနောက်လာမဲ့ iPhone SE 2 အနေနဲ့လည်း မျက်နာပြင်ကြီးမားတဲ့ iPhone တွေကိုမကြိုက်တဲ့ သူတွေ ရွေးချယ်စရာတစ်ခုဖြစ်လာဦးမှာပဲဖြစ်ပါတယ်။

Ref: GSMArena

Photos: Internet