fbpx

This is digital planet.

GadgetsTech News

Amazon မှာ ဝယ်လို့ရနေပြီဖြစ်တဲ့ 1TB MicroSD card များ

ဟိုး အရင်ကဆိုရင် ဖုန်း ထဲက Internal Storage 512 MB လောက်ကို microSD card 4GB လောက်ပဲ ထည့်သုံးနိုင်ရင်ကို ပုံတွေ သီချင်းတွေ အများကြီး ဆန့်သလိုလိုထင်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ Internal 64GB လဲ မလောက် 128 GB လဲ အားမရ နဲ့ microSD card လဲ 512GB ကိုတောင် မလုံလောက်တော့သလို (ဘာတွေလျောက်ထည့်လဲမှမသိတာ အထူးသဖြင့် ချိဖတို့တစ်သိုက်) ဖြစ်လာကြပြီ ဆိုတော့ ဖုန်းထဲကို 1TB လောက်ရှိတဲ့ microSD card ထည့်ထားလိုက်ချင်တဲ့ ဆန္ဒမျိုးဖြစ်ဖူးကြလားမသိဘူး?

အခုတော့ အဲ့လို အိမ်မက်တွေ အကောင်အထည်ပေါ်လာနိုင်ပါတော့မယ်။ SanDisk ကတော့ စံချိန်အသစ်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် Store မှာရော Amazon မှာပါ အဆိုပါ 1TB ရှိတဲ့ microSD card တွေကိုရောင်းချနေပြီဖြစ်ပါတယ်။ ဖုန်းထဲမှာ ရုပ်ရှင်တွေနဲ့ သီချင်းဗီဒီယိုတွေ အများကြီး ထည့်ထားတတ်တဲ့ သူတွေအတွက်တော့ ပျော်စရာပါပဲ။ ရုပ်ရှင်ဆို ကြည်တာလေးမှ Blu-ray လေးမှ သိမ်းထားချင်သူတွေအတွက် သတင်းကောင်းပါ။

အဆိုပါ ကတ်တွေဟာ U3 အဆင့်ရှိတဲ့ Card တွေဖြစ်တာကြောင့် 4K Video recording ကိုလည်း ဘာ ထိခိုက်မှုမှာ ဖြစ်စေမှာ မဟုတ်ပါဘူး။ February လကတည်းက စတင်ပြီး သတင်းတွေထွက်နေခဲ့တာဖြစ်ပေမယ့် ဈေးနှုန်းတော့မပါဝင်ခဲ့သေးပါဘူး။

အခုချိန်မှာတော့ 1TB card တွေကို $450 နဲ့ ရောင်းချနေတာဖြစ်ပြီး Amazon UK မှာတော့ £454 နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ 512 GB microSD card တွေအတွက် $200 ပဲ ကျသင့်တဲ့ အချိန်မှာ သူ့ရဲ့ နှစ်ဆထ မကတဲ့ ဈေးနှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဈေးကွက်ရဲ့ သဘောတရားကို သိနေပြီးသား ဖြစ်တဲ့သူတွေအတွက်တော့ အခုချိန်မှာ ဝယ်ယူမယ်ဆိုရင်တော့ ရူးမိုက်ရာကျမှာပါပဲ။  အချိန်အနည်းငယ်လောက် စောင့်လိုက်မယ်ဆိုရင်တော့ အခုထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရလာနိုင်ပါတယ်။ မြန်မာနိုင်ငံထဲကိုတော့ ဘယ်သူတွေသွင်းပြီး ဘယ်လောက်တွေရောင်းကြမလဲဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ။

Ref: Engadget