fbpx

This is digital planet.

Tech News

Intel Processor ထက် ၉၀% ပိုမြန်ဆန်တဲ့ Ryzen 7 Mobile Processor မိတ်ဆက်လိုက်တဲ့ AMD

PC စျေးကွက်မှာ ကျားထိုးသလို အကွက်ကြီးကိုင်ပြီး ဘုရင်မျိုးစုံ (Ryzen 3rd Gen ၊ NAVI GPU နဲ့ Threadripper) ထုတ်ကုန်တွေနဲ့ Intel ကို Processor ကြိုးဝိုင်းထဲမှာ အလဲထိုး အနိုင်ယူနေသူက AMD ပါပဲ။
အခုလည်း Mobile Class မှာ စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ ပါဝါသုံးစွဲမှု အသင့်တင့်ဆုံးဖြစ်တဲ့ Ryzen 7 မျိုးဆက်သစ် Processor ၂ မျိုးကို CES 2020 ၊ AMD Conference မှာ ချပြလိုက်ပြီ ဖြစ်ပါတယ်။

Lenovo Yoga Slim 7

Ryzen 7 4800U Powered Lenovo Yoga Slim (Photo: WePC)

Ultrabook နဲ့ Gaming ၊ Creator Laptop တွေအတွက် ထုတ်လုပ်ထားတဲ့ Ryzen 7 တတိယ မျိုးဆက်မှာ 7nm Architecture ၊ ပထမဆုံး (AMD Mobile Class) 8-cores Processor တွေ အဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။

CEO “Lisa Su” က Ryzen 7 4800U ဟာ Intel နောက်ဆုံးထွက် 10th Generation i7-1065G7 (Ice Lake U-series) Processor ထက် Single-thread စွမ်းဆောင်ရည်မှာ 4% နဲ့ Multi-thread Performance မှာ 90% မြန်ဆန်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။

Ryzen 7 4800U Benchmark

Photo: PCWorld

ဒါ့အပြင် Intel Iris Plus Graphics အသုံးပြုထားတဲ့ Ice lake Processor ထက် Graphics ကိုင်တွယ်မှုအပိုင်းမှာ 28% (8-cores Vega) ပို သာတယ်လို့ ဆိုပြန်တဲ့အတွက် Nanometer Architecture တိုက်ပွဲမှာ AMD အနိုင်ရသွားတာကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီ ဖြစ်ပါတယ်။

ဒီလိုပဲ Gaming နဲ့ Creator အပိုင်းတွက် ကြေညာလိုက်တဲ့ H-series Ryzen 7 4800 Processor မှာ 8-cores/16-threads ပါဝင်တဲ့အပြင် CPU နဲ့ GPU ပါဝါသုံးစွဲမှုကို အထောက်ကူဖြစ်စေမယ့် AMD SmartShift နည်းပညာ အသုံးပြုထားပြီ ဖြစ်ပါတယ်။

Ryzen 7 4800H Benchmark

Photo:WhooptoUS

ဒီ SmartShift Feature ကြောင့် ဂိမ်းကစားတဲ့အခါမှာ fps Boost 5 -10% ပိုကောင်းလာမှာဖြစ်ပြီး သုံးသပ်ချက်တွေအရ Ryzen 7 R800H ဟာ 45W TDP Processor ဖြစ်ပေမယ့်လည်း Intel Core i7-9700K ထက် 28% ပိုသာသွားပြီ ဖြစ်ပါတယ်။

အခုလို စွမ်းဆောင်ရည် အပိုင်းမှာ သိသိသာသာ ကောင်းမွန်လာတဲ့အပြင် AMD အဆိုရ ပါဝါသုံးစွဲမှုအပိုင်းမှာ Ryzen 7 2nd Gen ထက် ထက်ဝက်နီးပါး ပိုနည်းလာတယ်။ ဒါကြောင့် ဘက်ထရီကြာကြာ အသုံးခံမယ့်အပြင် ပါဝါအစားနည်းသွားတဲ့အတွက် Cooling အပိုင်းမှာလည်း အရင် Generation တွေထက် ပိုကောင်းလာပြီလို့ သိရပါတယ်။

လေ့လာသူတွေ တိုင်းတာချက်အရ Ryzen 7 4800U Processor အသုံးပြုထားတဲ့ Laptop တွေဟာ Core i7-1065G7 သုံးထားတဲ့ Microsoft Surface laptop 3 နဲ့ Razer Blade Stealth 13 (GTX 1650-Max Q Version) ထက် RAW Performance မှာ >50% ပိုမြန်တယ်လို့ သိရပါတယ်။

Zephyrus G14 Family

Ryzen 7 4800H Powered Zephyrus G14 with RTX 2060 Graphics (Photo: ROG – ASUS)

အခုလို သိသိသာသာ စွမ်းဆောင်ရည်ကောင်းလာတဲ့အတွက် OEM တွေအနေနဲ့ Ryzen Processor ကို အသုံးပြုလာကြပြီး နမူနာ Laptop တွေအနေနဲ့ ASUS မှာ Zephyrus G14 နဲ့ G15 မှာ Ryzen 7 4800H Processor ကိုပွဲထုတ်ခဲ့သလို ဒေါ်လာ ၈၀၀ လောက်နဲ့ GTX 1660 Ti ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပေးစွမ်းမယ့် Dell G5 15 Special Edition (Ryzen 7 4800H + RX5600M) Laptop ကို CES ပွဲမှာ ပြသခဲ့ပါတယ်။

Source: NotebookcheckAndroid Authority