fbpx

This is digital planet.

Tech NewsXiaomi

Andriod 9 Pie Update ရရှိမဲ့စမတ်ဖုန်းတွေကို ကြေညာလိုက်တဲ့ Xiaomi

Xiaomi အနေနဲ့ Andriod 9 OS update ရရှိမဲ့ဖုန်းတွေကိုအတည်ပြုကြေညာလိုက်ပါတယ်။ Stable Update မထွက်မှာတော့ Xiaomi ဖုန်း ၁၀ လုံးအတွက် Global Beta Edition ကို အရင်ထုတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါဖုန်းတွေကြားထဲမှာ စမတ်ဖုန်း ၂ လုံးကတော့ Beta Version Update ကိုဒီလကုန်မှာရရှိမှာဖြစ်ပြီး နောက်ထပ် စမတ်ဖုန်း ၅ လုံးကတော့ နောက် ဒီနှစ်ရဲ့ ဒုတိယ ၃ လပတ်( Second Quarter ) လောက်မှာ ရရှိမှာဖြစ်ကာ ကျန်တဲ့စမတ်ဖုန်း ၃ လုံးကတော့ ဘယ်အချိန် Beta Update ရရှိမယ်ဆိုတာကတော့ မသိရသေးပါဘူး။

Redmi Note 5 နဲ့ Redmi Y2 ( Redmi S2 ) ကတော့ Andriod 9 Pie Beta Edition Update ကို ဒီလကုန်လောက်မှာ ထွက်ရှိပေးနိုင်ဖွယ်ရှိနေပါတယ်။ နောက် ဒုတိယ ၃ လပတ် ( Second Quarter ) မှာတော့ Xiaomi Mi MIX 2 , Mi 6 , Redmi 6A , Redmi 7 နဲ့ Mi Note 3 တို့အတွက် Beta Update ထွက်ရှိမှာဖြစ်ပါတယ်။

Redmi Note 6 Pro Mi 6X နဲ့ Mi 9 Explorer Edition ကတော့ Development အဆင့်မှာပဲရှိပါသေးတယ်။ တရုတ်က အသုံးပြုသူတွေအတွက် MIUI China ROM ပါဝင်ပြီး ဒီ Update မှာ Global ကအသုံးပြုသူတွေအတွက်လည်း MIUI Global ROM ပါဝင်လာမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ Beta Edition ထွက်ရှိပြီးဆိုတာနဲ့ သူတို့ရဲ့ Forum နဲ့ App ကတဆင့်ကြေညာပေးမှာဖြစ်ပါတယ်။

အထက်ပါဖော်ပြခဲ့တာ Andriod 9 Pie Beta Update ရရှိမဲ့ ဖုန်းစာရင်းကိုတော့ တရားဝင် MIUI Forums Site ကနေမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Administrator တစ်ဦးရဲ့ပြောကြားချက်အရတော့ ဒီ စာရင်းဟာ ပြီးပြည့်စုံမှုမရှိသေးဘူးလို့အခိုင်အမာဆိုခဲ့ပြီး Andriod 8.1 Oreo Update ရရှိဖို့လိုအပ်နေတဲ့ဖုန်းတွေအနေနဲ့ တခါထဲ Andriod 9 Pie OS ကိုရရှိနိုင်မှာဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။

Ref: Gizmochina