fbpx

This is digital planet.

GamesTech News

Android မှာ Download လုပ်လို့ရနေပြီး ဖြစ်တဲ့ Call of Duty: Mobile

အပစ်အခတ်ဂိမ်းတွေဖြစ်တဲ့ Battle Royale အမျိုးစား ဂိမ်းတွေဟာ ဟာ ဒီနှစ်ပိုင်းမှာ Fortnite နဲ့ PUBG စတဲ့ဂိမ်းတွေရဲ့ အောင်မြင်မှုနဲ့အတူ တော်တော်လေးနာမည်ကြီးနေပါတယ်။ Fornite ကော PUBG မှာပါ ဖုန်းအတွက်ကစားနိုင်ဖို့ Fortnite Mobile နဲ့ PUBG Mobile ဆိုပြီးပြုလုပ်ထားပါတယ်။ Beta စမ်းသပ်ပြီး အောင်မြင်ပြီးနောက် Activision ရဲ့ Call of Duty ဟာ Call of Duty: Mobile ဆိုပြီး Mobile လောကကိုဝင်ရောက်လာပါပြီ။ အခုတရားဝင် Download လုပ်ကစားနိုင်ပါပြီ။

Activision ဟာ Tencent Games နဲ့ပူးပေါင်းပြီး Android platform အတွက် အသစ်ဆုံး first-person shooter ဖြစ်တဲ့ Call of Duty: Mobile ကိုထုတ်ဖို့ပြုလုပ်ခဲ့ပါတယ်။ ဂိမ်းဟာ အကျွမ်၀င်တဲ့ Call Of Duty Universe ကို Android မှာယူဆောင်လာဖို့ ပေါင်းထားပြီး FPS genre fans တွေရဲ့ စိတ်၀င်စားမှုကို ရယူနိုင်မှာပါ။ ဂိမ်းမှာ Free-For-All, Frontline ၊ Team Deathmatch ၊ Hardpoint ၊ နဲ့ Domination Modes တို့ကို Battle Royale နဲ့အတူပါ၀င်ထားပါတယ်။

ဂိမ်းဟာ Global Release ပြုလုပ်ထားတဲ့အတွက် ကစားသူအနေနဲ့ VPNS တွေကျော်စရာမလိုပါဘူး။ သင့်အနေနဲ့ ဂိမ်းကို Play Store ဒါမှမဟုတ် Apple App Store (iOS Device အတွက်သာ)ကနေ အလွယ်တကူ Download ပြုလုပ်နိုင်ပါတယ်။ ဂိမ်း Experience ကောင်းကောင်းရဖို့ Hardware ကောင်းကောင်းလဲလိုပါတယ်။ အနည်းဆုံးလိုအပ်မှုအနေနဲ့ 2GB RAM နဲ့ Android 5.1 အနည်းဆုံးတော့ရှိရပါ့မယ်။ဒါပေမယ့် သင့်ရဲ့ဖုန်း Hardware ပိုင်းပိုကောင်းလေ Gameplay ဟာပို ချောမွေ့လာမှာပါ။ in-app purchases တွေတော့ပါ၀င်ထားပါတယ်။ ဒါပေမယ့် အဲ့တာက အခုလက်ရှိ FPS titles က ဂိမ်းတိုင်းနီးပါးမှာပါ၀င်နေပါတယ်။ Skins တွေဘာညာ၀ယ်ဖို့ပါ။ ဂိမ်းကိုတော့ Free ကစားလို့ရပါတယ်။

Ref: xda-developers