This is digital planet.

AndroidTech News

Android Beam feature ကို Fast Share နဲ့ အစားထိုးမဲ့ Google

Google က Android Version 4 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Android Beam feature ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ contact တွေ direction တွေ နဲ့ တခြားပို့ချင်တဲ့ ဒေတာတွေကို ဖုန်းနှစ်လုံးကြား ကျောခြင်းကပ်လိုက်ရင် အလွယ်တကူ ကူးယူလို့ရခဲ့တဲ့ feature လေးဖြစ်ပါတယ်။ Google ကတော့ ခုအခါမှာ Android Beam feature ကို Fast Share လို့အမည်ပေးထားတဲ့ feature အသစ်နဲ့ အစားထိုးသွားတော့မှာပါ။ Fast Share ဟာ Google Play Services ရဲ့ Nearby feature ထဲကတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒီ feature ကိုတော့ Google ရဲ့ Android version Q မှာ စတင်ထည့်ပေးသွားမှာလည်းဖြစ်ပါတယ် ။

Image result for google pixel

ခု feature အသစ်ကတော့ Apple devices တွေမှာ မြင်နေကြဖြစ်တဲ့ Airdrop feature ကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဒေတာတွေ ရှယ်မယ်ဆိုရင်တော့ one by one ပဲရှယ်လို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ feature လေးက Android phones, Chromebooks, iPhones အပြင် Smartwatch တွေပေါ်မှာပါ ကောင်းကောင်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒီ feature ကိုသုံးတဲ့အခါ ကိုယ့်ရဲ့ device ကို နာမည်ပေးထားလို့လည်းရပါတယ် ။ ပြီးရင်တော့ ကိုယ့်ရဲ့အနီးအနားက devices တွေကို Fast Share နဲ့ ပေးပို့လို့ရနိုင်မှာဖြစ်ပါတယ် ။ ဒီ feature ကို android တစ်ခုထဲမှာတင်ရနိုင်တာမဟုတ်ပဲ iPhone တွေမှာလည်း အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

မိသားစုဝင်တွေ ကိုယ့်ရဲ့ဘော်ဒါ မိတ်ဆွေတွေရဲ့ devices တွေကို preferred visibility ဆိုတဲ့ option ထဲမှာ မှတ်သားထားလို့ရမှာဖြစ်တဲ့အတွက် data တွေအလွယ်တကူပို့လို့ရတော့မှာပါ။ ပို့တဲ့သူအနေနဲ့ ပေးပို့ချင်တာကို ရွေးချယ်ပေးလိုက်ရင် notification bar မှာ လာပေါ်နေမှာဖြစ်ပြီး ပေးပို့ခံရတဲ့ device အနေနဲ့လည်း accept နဲ့ reject ဆိုတဲ့ options နှစ်ခုပေါ်လာမှာပါ။ အကယ်၍ ပေးပို့ခံရသူရဲ့ device က အလုပ်ရှုပ်နေရင် notification bar မှာ လာပေါ်နေမှာပါ။

Image result for google pixel

Family trip တွေထွက်လို့ ဓာတ်ပုံတွေ အကြောင်းအရာတွေ ကူးယူပေးပို့မဲ့သူတွေ Chromebook တွေနဲ့ တွဲသုံးမဲ့သူတွေအတွက် အသုံးဝင်မှာဖြစ်ပြီး Apple devices တွေကိုပါ ထောက်ပံ့ပေးတဲ့အတွက် Apple နဲ့ Android connect လုပ်ရမှာ အရင်ကထက်ပိုအဆင်ပြေစေမှာပါ။ Fast Share feature က ကျွန်တော်တို့အများစုသုံးနေတဲ့ Zapya, Xender တို့လို feature စုံထည့်ထားတဲ့ app တစ်ခုအနေနဲ့မဟုတ်ပဲ ဖုန်းပေါ်မှာ feature တစ်ခုသပ်သပ်အနေနဲ့ထည့်ပေးထားမှာဖြစ်ပါတယ်။ Android Beam အစား အခု ပြောင်းလဲလိုက်တဲ့ Fast Share က အရင် feature ထက်ပိုအသုံးဝင်ပြီး လူကြိုက်များလာမယ်လို့မျှော်လင့်ရပါတယ်။

Ref: Android Central