fbpx

This is digital planet.

Tech News

AnTuTu မှ ဇန်နဝါရီလအတွက် ထိပ်တန်း စွမ်းဆောင်ရည်အကောင်းဆုံး ထိပ်တန်းစမတ်ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်

ြုပီးခဲ့တဲ့ January လ အတွက် AnTuTu မှ ထိပ်တန်း Android ဖုန်း ၁၀ လုံးကို ထုတ်ပြန်ခဲ့ပါတယ်။ AnTuTu မှထုတ်ပြန်တဲ့ အဆိုပါ စာရင်းမှာတော့ Nubia Red Magic Mars ဖုန်းက ရမှတ် ၃၂၀၉၉၆ နဲ့ထိပ်ဆုံးမှာ ဦးဆောင်နေပြီး Huawei Mate 20 က ရမှတ် ၃၀၈၁၄၀ နဲ့ Kirin 980 chipset သုံးထားတဲ့ Honor V30 က ရမှတ် ၃၀၆၅၆၇ နဲ့ ဒုတိယ တတိယ နေရာမှာအသီးသီးရပ်တည်လျှက်ရှိနေပါတယ်။

အဆင့် ၄ နေရာမှာတော့ Huawei ဖုန်းဖြစ်တဲ့ Mate 20 X ကပဲနေရာယူထားပြီး အဲ့နောက်မှာလည်း Sub-brand ဖြစ်တဲ့ Honor Magic 2 က ရှိနေပါတယ်။ ဒီစာရင်းမှာတော့ Xiaomi ရဲ့ Gaming စမတ်ဖုန်း Black Shark Helo လည်းပါဝင်လာခဲ့ပြီး Magic 2 ရဲ့အောက် အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။ Mate 20 Pro ကတော့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး သူရဲ့နောက်မှာတော့ နာမည်ကြီး OnePlus 6T က ရှိနေပါတယ်။

ဒီ စာရင်းရဲ့ နံပါတ် ၉ နဲ့ ၁၀ မှာတော့ Snapdragon 845 အသီးသီး အသုံးပြုထားတဲ့ မကြာခင်က ထွက်ရှိလာခဲ့တဲ့ Vivo NEX Dual Display နဲ့ ASUS ရဲ့ Gaming ဖုန်း ROG တို့ရှိနေပါတယ်။ စာရင်းမှာပါဝင်တဲ့ ဖုန်းအများစုကိုတော့ Huawei နဲ့ Sub-brand Honor မှအများဆုံးကြီးစိုးထားတာကိုတွေ့ရပြီး နိုင်ငံရေးအရူပ်အထွေးတွေရှိနေတဲ့ Huawei အတွက် အောင်မြင်တဲ့ လတစ်လလို့ဆိုနိုင်ပါတယ်။

Source