fbpx

This is digital planet.

Tech News

Antutu ရဲ့ ဇယားထိပ်ကို ရောက်ရှိလာတဲ့ Xiaomi Mi 9

Snapdragon 845 မျိုးဆက်မှာ Huawei ရဲ့ Kirin 980 ကိုတောင် ကျော်တက်မင်းမူခဲ့တဲ့ Nubia Red Magic Mars အနေနဲ့ နောက်ဆုံးမှာတော့ Snapdragon 855 နဲ့အတွေ့မှာ ပထမနေရာကို ဖယ်ပေးလိုက်ရပါပြီ။ February လရဲ့ Antutu ဇယားထိပ်ကို တက်ရောက်လာတဲ့ Snapdragon 855 သုံး ဖုန်းနှစ်လုံးမှာ Xiaomi ရဲ့ Mi 9 က Lenovo ရဲ့ Z5 Pro GT ကို ဖြတ်ကျော်ပြီး ပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။

Kirin 980 ကို သုံးပေးထားတဲ့ Huawei နဲ့ Honor ဖုန်းတွေဖြစ်ကြတဲ့ Mate 20, View 20, Mate 20 X နဲ့ Honor Magic 2 တို့ကတော့ အဆင့် ၄ ကနေ ၇ အထိ အစဉ်လိုက်ရပ်တည်နေကြပါတယ်။ သူတို့အောက်မှာတော့ SDG 845 သုံး Gaming ဖုန်းတွေဖြစ်ကြတဲ့ Asus ROG နဲ့ Xiaomi Black Shark Helo တို့ရှိပြီး နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားတာကတော့ Gaming ဖုန်းမဟုတ်တဲ့ Mi 8 Transparent Edition ဖစ်ပါတယ်။

安兔兔发布:2019年2月Android手机性能榜
February လအတွင်းကြေငြာခဲ့ပေမယ့် တရားဝင်ရောင်းချခြင်းမရှိခဲ့တဲ့ Samsung Galaxy S10 Family, Sony Xperia 1 နဲ့ Vivo IQOO တို့ ဝင်ရောက်လာရင်တော့ Antutu March လအမှတ်ပေးဇယားဟာ တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်ခြေရှိနေပါတယ်။ (IQOO ရဲ့ Monster Edition ကတော့ မိတ်ဆက်ပွဲမှာ Antutu Score ၄သိန်းကျော်တယ်လို့ကြေငြာခဲ့ပေမယ့် Review Unit Testing မှာတော့ ၃သိန်းခွဲဝန်းကျင်ပဲ ရရှိတယ်လို့ သိထားရပါတယ်။ Antutu Benchmark ကိုသုံးပြီး စစ်ဆေးခြင်းအားဖြင့် ဖုန်းရဲ့ CPU, GPU, UX နဲ့ Memory စတာတွေ ဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဆိုတာ အကြမ်းဖျဉ်းသိရှိနိုင်မှာဖြစ်ပါတယ်။

Ref: GSMArena