fbpx

This is digital planet.

SamsungTech News

Apple ကို ခနဲ့ထားတဲ့ Samsung ရဲ့ Galaxy Note 10 Teaser Video ထွက်ပေါ်လာ

August 8 ရက်နေ့မှာတော့ Samsung Note series fans တွေ မျှော်လင့်နေတဲ့ Samsung Note 10 ကို မိတ်ဆက်ပါတော့မယ်။ အဲ့ဒီမရောက်ခင်မှာပဲ Samsung Indonesia ရဲ့ official twitter ကနေပြီးတော့ သူတို့ရဲ့ အသစ်ထွက်ရှိလာမဲ့ Samsung Note 10 ကို အရိပ်အမြွတ်ပြတဲ့အနေနဲ့ tweeted လုပ်သွားခဲ့ပါတယ်။ Samsung Indonesia အနေနဲ့ စက္ကန့် ၃၀ သာကြာတဲ့ ဗီဒီယိုလေးကို တင်သွားခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ ဆိုရင် devices တွေအများကြီးခွဲသုံးနေမဲ့အစား Samsung ရဲ့ Note 10 ကို သုံးပါဆိုပြီး အဓိက highlight လုပ်သွားတာလည်းဖြစ်ပါတယ်။

Image result for galaxy note 10

ဒါဆိုရင် Samsung Note 10 က ပုံမှန်သုံးနေကြဖြစ်တဲ့ laptop တွေ desktop အစားထိုး သုံးလို့ရအောင်အထိ powerful ဖြစ်အောင် လုပ်ပြသွားမဲ့ သဘောကိုဆိုလိုနေသလိုပါပဲ။ ခုခေတ်မှာဆိုရင်လည်း လူတော်တော်များများဟာ သွားလေရာ laptop အကြီးစားတွေ သိပ်မသယ်ချင်ကြတာရယ် smartphone တွေကခုနှစ်ပိုင်းအတွင်းမှာတင် powerful အရမ်းဖြစ်လာတဲ့အတွက်အပြင်သွားရင် smartphone လေးနဲ့ ကျော့ကျော့မော့မော့ သက်သောင့်သက်တာသွားကြတာများပါတယ်။ ဒါကြောင့်လည်း Gaming laptop တွေလို powerful အရမ်းမဖြစ်ပေမဲ့ mobile devices တွေထဲမှာဆိုရင် powerful ဖြစ်အောင် အဓိကအားထုတ်ပြီး battery smooth display စတာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်လာကြတဲ့ gaming smartphone တွေပါ အသီးသီးပေါ်ထွက်လာကြပါတယ်။ ဒါဆိုရင် ခု Samsung Note အနေနဲ့ရော အရင် Note 9 series နဲ့ယှဉ်ရင် ဘာတွေသိသိသာသာပြောင်းလဲလာမလဲ အထူးသဖြင့် သူကြေငြာသွားခဲ့သလိုပဲ တော်ရုံ အလုပ်လုပ်ဖို့အတွက်ဆို တခြား devices တွေအပြင်သွားရင် ယူသွားစရာမလိုပဲ smartphone ပေါ်မှာတင် လုပ်နိုင်ရလောက်အောင်အထိ powerful ဖြစ်လာမှာလား။

သူကြွားလုံးထုတ်ထားသလို တကယ်ဖြစ်လာရင်တော့ Samsung Galaxy note series fans တွေအတွက်တော့ ပျော်စရာပါ။ ဒါဆိုရင် ဒီဖုန်းဟာ အထူးသဖြင့် Power user တွေအတွက်ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဗီဒီယိုမှာဆိုရင် Samsung အနေနဲ့ သူ့ဖုန်းရဲ့ camera, gaming performance စတာတွေအကို အဓိက ပြသွားပါတယ်။ Samsung အနေနဲ့လုပ်နေကျဖြစ်တဲ့ အတိုင်းလည်း Apple ကို ခနဲ့သွားပါသေးတယ်။ ဖုန်းတွေမှာ တစ်ခါတလေ messenger email စတာတွေ lag ဖြစ်တာ ကြုံဖူးကြမှာပါ။ ဒီလို lag ဖြစ်နေတာမျိုး iPhone လို့ယူဆရတဲ့ ဖုန်းအပေါ်မှာ ဖြစ်နေတာကို ပြသွားခဲ့ပြီး သူတို့ဖုန်းသာဆို မဖြစ်ဘူးဆိုတဲ့ သဘောနဲ့ ကြေငြာသွားခဲ့ပါသေးတယ်။

Image result for galaxy note 10

နောက်ဆုံးသိထားရတဲ့ သတင်းအရ Samsung အနေနဲ့  သူ့ရဲ့ Galaxy Note 10 5G version မှာဆိုရင် (triple camera + 3D ToF sensor) အသုံးပြုလာမယ်လို့ သိထားရပါတယ်။ ဒါပေမဲ့ ToF sensor ဟာ Note 10 ရိုးရိုး မှာလည်းပါဝင်နိုင်တယ်ဆိုပြီး အငြင်းပွားနေကြတဲ့အတွက် တကယ်ထွက်မှသာ သေချာသိနိုင်ပါတော့မယ်။ ဒါပေမဲ့ သိပ်မကြာခင်နောက်လမှာပဲ Samsung Galaxy Note 10 ကို launch လုပ်တာမြင်ရတော့မှာဖြစ်တဲ့အတွက် Note ဆိုတဲ့ နာမည်တစ်လုံးကို Mobile လောကမှာ နာမည်တစ်လုံးနဲ့ ယူထားနိုင်တဲ့ Samsung အနေနဲ့ သူ့ရဲ့ flagship smartphone ကို ဘယ်လောက်အထိ အဆင့်မြှင့်တင်သွားမလဲဆိုတာ ပျော်ပျော်ကြီး စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။

Ref: SAMSUNG

Photos: @OnLeaks