fbpx

This is digital planet.

AppleTech News

Apple က ဒီနေ့ Special Event မှာ Service အသစ်တွေကို မိတ်ဆက်သွားမှာပါ

Apple က News Subscription Service၊ Video Streaming Service နဲ့ Game Subscription Service တို့ကို ဒီနေ့ Press Event မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ဘာတွေမိတ်ဆက်မလဲဆိုတာ ဒီနေ့ 10:00 a.m. Pacific Time မှသိရမှာပါ။

MacRumors မှာ တင်ထားတဲ့ Post အရ Steve Job Theater မှာ Pre-Production ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ပုံပါအရ Captain America သရုပ်ဆောင်ဖြစ်တဲ့ Chris Evans က ဖုန်းခေါ်နေတာကိုတွေ့ရပါတယ်။ အဲ့အပြင် Tim Cook ရဲ့ iMessage Conversation တွေ၊ ပြီးတော့ NBA Star ဖြစ်တဲ့ Kevin Durant ပုံတွေပါတွေ့ရပါတယ်။


ကြည့်ရတာတော့ Apple က Streaming Service မှာ NBA Star’s early life program ကိုပါ မိတ်ဆက်ပေးမယ်ထင်ပါတယ်။