fbpx

This is digital planet.

AppleTech News

Apple နဲ့ Jony Ive တို့ ပြဿနာဖြစ်လို့ လမ်းခွဲခဲ့တာလား…

Apple ရဲ့ Chief design officer ဖြစ်တဲ့ Jony Ive ဟာ Apple ကနေနှုတ်ထွက်ပြီး Design company ထောင်မယ်ဆိုပြီး မကြာသေးမှီကမှ ကြေငြာသွားခဲ့ပါတယ်။ ဒီနောက်ဆက်တွဲမှာတော့ Apple နဲ့ Chief design officer Jony Ive တို့ကြား တင်းမာမှုတွေကြောင့် နှုတ်ထွက်သွားခဲ့ခြင်းဖြစ်တယ်ဆိုပြီး Wall Street Journal ကနေ ဆောင်းပါး ထွက်ပေါ်လာခဲ့ပါတယ် ။

Apple ချစ်သူတွေကြားထဲမှာလည်း iPhone ရဲ့ သူများနဲ့ မတူပဲ တမူကွဲပြားနေတဲ့ ဒီဇိုင်းတွေကို Apple products တွေ မိတ်ဆက်တိုင်းမှာ Design ပိုင်းနဲ့ ပတ်သတ်ရင် stage စင်ပေါ်တက်လာပြီး ရှင်းပြလေ့ရှိတဲ့ Chief design officer တစ်ယောက် နှုတ်ထွက်သွားတာ ဝမ်းနည်းစရာပါ။ Jony Ive ဟာ Steve Jobs ရှိစဉ်ကတည်းက Apple ရဲ့ design ပိုင်းနဲ့ပတ်သတ်ရင် တာဝန်ယူခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့် ပိုလို့နှမြောဖို့ကောင်းပါတယ်။

Wall Street Journal ရဲ့ ဆောင်းပါးကိုတော့ Apple ရဲ့ CEO Tim Cook က NBC သတင်းထောက် Dylan Byers ကို email ပို့ပြီး ဖြေးရှင်းထားတာဖြစ်ပါတယ်။ အဲ့ဒီ ဆောင်းပါးက သုံးသပ်ချက် သပ်သပ်ဖြစ်ပြီး လက်ရှိ အခြေအနေတွေနဲ့ နီးစပ်မှန်ကန်မှု တစ်ခုမှမရှိဘူး လို့တုံ့ပြန်ထားပါတယ်။ Wall Street Journal ဆောင်းပါးမှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက Jony Ive ဟာ Apple ရဲ့ Design leader ပိုင်းကနေ တဖြည်းဖြည်း ရှောင်ဖယ်လာတာ တော်ကြာပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အလားတူ ဆောင်းပါးမျိုး Bloomberg ကလည်း ရေးသားထုတ်ပြန်ခဲ့ဖူးပြီး Apple ရဲ့ CEO Tim Cook အနေနဲ့ အဲ့ဒီအခါက ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ ပြန်လိုချေပထားပြီးဖြစ်တဲ့အပြင် Design ပိုင်း ဦးဆောင်မှုမှာ အပြောင်းအလဲဖြစ်သွားပေမဲ့ စိုးရိမ်စရာမလိုကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ များသောအားဖြင့် Tim Cook ဟာ သတင်းထောက်တွေနဲ့ တိုက်ရိုက်ဆက်သွယ်လေ့မရှိတဲ့ အတွက် ခုလို ဆက်သွယ်တာကတော့ ကြုံတောင့်ကြုံခဲ ဖြစ်စဉ်ပဲဖြစ်ပါတယ်။

Ref: THE VERGE