fbpx

This is digital planet.

AppleQualcommTech News

Apple နဲ့ Qualcomm တို့ရဲ့ ပူးပေါင်းခြင်းကြောင့် 5G Modem ဈေးကွက် ပြိုင်ဆိုင်မှုမှထွက်သွားတဲ့ Intel

Chip တွေ ဖန်တီးရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Intel ကတော့ Qualcomm နဲ့ Apple တို့ကြားက လက်တွဲမှုကြောင့် 5G Modem ပြိုင်ဆိုင်မှုကနေ ထွက်သွားစေခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ The Wall Street ဂျာနယ် က ဖော်ပြထားခဲ့ပါတယ်။

“ကျွန်တော်တို့က ဒီနည်းပညာကို စမတ်ဖုန်းတွေအတွက် ယူဆောင်ပေးရင်း နဲ့ ဝင်ငွေ ရှာရမှာပါ။ ဒါပေမယ့် Apple နဲ့ Qualcomm တို့ရဲ့ ကြေငြာချက် အပြီးမှာတော့ ကျွန်တော်တို့ အတွက် လမ်းစ မမြင်တော့ပါဘူး” လို့ Intel ရဲ့ CEO ဖြစ်သူ Bob Swan က ပြောခဲ့တယ်လို့ ဆိုပါတယ်။

Image result for intel quit from 5g modem

Processor တွေကို ထုတ်လုပ်ရာမှာ နာမည် ရှိရင်းစွဲ ဖြစ်တဲ့  Intel ဟာ 5G Modem တွေအတွက် အလုပ်လုပ်နေတာကိုရပ်တန့်လိုက်တော့ဖို့ရန် စီစဉ်နေကြောင်း April 16 ရက်နေ့က ပြောခဲ့ပါတယ်။

5G modem ပြိုင်ဆိုင်မှုကနေ ထွက်ပြီဆိုတဲ့ သတင်းကတော့ Apple နဲ့ Qualcomm တို့ရဲ့ သဘောတူညီမှု ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ထွက်လာတာဖြစ်ပါတယ်။ 2020 မှာထွက်ရှိမယ့် iPhone တွေမှာပါဝင်မယ့် chip တွေအတွက်တော့ Intel က ပြုလုပ်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ Intel company ရဲ့ အသားတင် ဝင်ငွေဟာ $ 4 billion ရှိပြီး ပြီးခဲ့တဲ့နှစ်ရဲ့ Q1 ဝင်ငွေ ကတော့ $ 4.5 billion ရှိခဲ့ပါတယ်။

Ref: Gadgets360