fbpx

This is digital planet.

AppleTech News

Apple ရဲ့ 2 Trillion Dollar ခရီးနဲ့ Tim Cook ရဲ့အလှူနဲ့စတဲ့ 2020

၂၀၁၉ ဈေးကွက်ပိတ်သိမ်းချိန်၊ ၂၀၂၀ အရောက်မှာတော့ Apple Inc. ရဲ့တန်ဖိုးဟာ 1.33 trillion ထိ ရှိလာခဲ့ပါပြီ။ January 2 ရက်နေ့စစ်တမ်းအရ Apple ရဲ့ Stock Share တန်ဖိုးဟာ ဒေါ်လာ ၃၀၀ (2.28%) အထိ မြင့်တက်ခဲ့တာကြောင့် နောက်ထပ် 1 Trillion ရဲ့ ၃ပုံတစ်ပုံခရီးကို ရောက်လာခဲ့ပြီဆိုရမှာပါ။ 2019 ရဲ့ခုလိုအချိန်မှာ တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးကြောင့် ရှယ်ယာတစ်ယူနစ်ကို ဒေါ်လာ ၁၅၀ ဝန်းကျင်ပဲရှိခဲ့တဲ့အခြေအနေနဲ့ယှဉ်ရင် Apple ရဲ့ 2020 အဖွင့်ဟာ အရမ်းကိုလှပနေခဲ့ပါပြီ။ ခုလိုရှယ်ယာတန်ဖိုးမြင့်တဲ့ရခြင်းမှာ iPhone ရဲ့တွဲဖက်ပစ္စည်းတွေဖြစ်တဲ့ AirPods Pro နဲ့ Apple Watch တို့ရဲ့ ဆောင်းရာသီရောင်းအားက အဓိကကျခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ CEO Tim Cook ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ Apple ရဲ့ ရှယ်ယာ ၆၀၀၀ ကျော်ကို အမည်မဖော်ပြထားတဲ့ အဖွဲ့အစည်းတစ်ချို့ဆီ လှူဒါန်းမှုပြုလုပ်ခဲ့ပါသတဲ့။ အဲဒီရှယ်ယာပမာဏဟာ လက်ရှိပေါက်ဈေးနဲ့တွက်ရင် ဒေါ်လာ ၂သန်းနီးပါးတန်ဖိုးရှိပါတယ်။ လှူဒါန်းသူ ဒါဟာ Tim Cook အတွက်တော့ ပထမဆုံးတစ်ဦးတည်းအလှူမဟုတ်တာတော့ သေချာပါတယ်။ ၂၀၁၄ ကတည်းက သူဟာ LGBT နဲ့ပတ်သက်ပြီး တန်းတူအခွင့်အရေးရရှိဖို့ပြုလုပ်ခဲ့တဲ့ Campaign အတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့အပြင် တခြားအမည်မဖော်တဲ့ လှူဒါန်းမှုတွေကိုလည်း ပုံမှန်ပြုလုပ်ခဲ့ပါတယ်။

Tim Cook ဟာ လက်ရှိမှာ Apple ရဲ့ ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိတဲ့ အစုရှယ်ယာ ၈သိန်းခွဲဝန်းကျင်ကို ပိုင်ဆိုင်ထားပြီး 2015 တုန်းက Interview တစ်ခုမှာလည်း သူပိုင်ဆိုင်သမျှကို လိုအပ်တဲ့နေရာတွေမှာ စနစ်တကျ လှူဒါန်းသွားမယ်ဆိုပြီး ပြောသွားခဲ့ဖူးပါတယ်။ အဲဒီကတည်းက Tim Cook ဟာ အမည်မဖော်ပဲ လှူဒါန်းမှုတွေပုံမှန်ပြုလုပ်နေခဲ့တာပါတဲ့။ တစ်ဖက်မှာ Apple ကို တန်ဖိုးအကြီးမားဆုံး Company တစ်ခုအဖြစ် မြင့်သထက်မြင့်အောင် ဦးဆောင်နိုင်ရုံမကပဲ တစ်ဖက်ကလည်း သူ့ရဲ့ပရဟိတစိတ်ဓာတ်ကိုတွေ့မြင်ရတာမို့ Millionaire တစ်ယောက်အနေနဲ့ရော Apple ရဲ့ CEO တစ်ယောက်အနေနဲ့ပါ သူ့ရဲ့လုပ်ရပ်တွေဟာ လေးစားအားကျစရာကောင်းလွန်းနေပါတယ်။

Source: 9to5Mac