fbpx

This is digital planet.

AppleTech News

Apple ရဲ့ အသစ်ထွက်ရှိမဲ့ iPhone က အခြား Devices တွေကို ပါ အားပြန်သွန်းပေးနိုင်ပါလိမ့်မယ်

Huawei နဲ့ Samsung က သူတို့ရဲ့ Latest phones တွေမှာ အခြား Device တွေကို Wireless အားပြန် Share နိုင်ကြောင်း မိတ်ဆက်ထားပြီးပါပြီ။ ဒီ Feature က ကိုယ့်ဖုန်းရဲ့ Battery ကို အခြား ဖုန်းတွေ၊ Wireless Ear Buds တွေကို ကျောချင်းကပ်ပြီး Share ပေးတာဖြစ်ပါတယ်။

Related image
9to5Mac ရဲ့ ပြောကြားချက်အရ Apple ရဲ့ iPhone အသစ်မှာ ဒီ Feature ပါမယ်လို့ပြောပါတယ်။ ဒီသတင်းက တရုတ် Suppliers တွေဆီကနေ ကိုးကားထားတာဖြစ်ပါတယ်။ 2019 မှာ ထွက်မဲ့ iPhone က Wireless power share feature ပါဝင်မှာဖြစ်ပြီး အဲ့အပြင် ပိုကောင်းတဲ့ Camera နဲ့ ပိုကြီးမားသော Battery၊ Charging Cable အသစ်နဲ့ 18W charging port တို့လဲ ပါဝင်မယ်လို့ သိရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ USB-C ကို သုံးဦးမှာ မဟုတ်သေးဘူးလို့ သတင်းတွေထွက်လာပါတယ်။

Image result for iphone 2019
အသစ်ထွက်မဲ့ iPhone မှာ ဒီ Feature ပါလာခြင်းက ပိုပြီး အသုံးဝင်မှာဖြစ်ပြီး Second Generation AirPods ကိုလည်း အားပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ Rumors တွေရဲ့ ပြောကြားချက်အရ Beat Prowerbeats wireless earbuds ကိုထုတ်ဦးမယ်လို့သိရပါတယ်။ ထိုစဉ် Samsung မှာ “I’m watching you, Apple” ဟုပြောသွားသည်။

Ref: The Verge