fbpx

This is digital planet.

AppleTech News

Apple ရဲ့ 2019 ခြေလှမ်းအစဖြစ်လာမယ့် iPhone XI (2019) ရဲ့ Spec အချို့ထွက်ရှိလာခဲ့

Apple ရဲ့ မျိုးဆက်ဖုန်းတွေဟာ အခြား Android တွေထက်စာရင် အနည်းငယ်ကြာမြင့်လေ့ရှိပါတယ်။ လက်ရှိမှာတော့ 2018 ခုနစ်က မိတ်ဆက်ခဲ့တဲ့ iPhone တွေ အနေနဲ့လည်းဈေးကွက်ထဲမှာလတ်လတ်ဆက်ဆက်ရှိနေပါသေးတယ်။ ဒါကြောင့် Apple အနေနဲ့ နောက်ထပ်စမတ်ဖုန်းတွေကိုတော့နောက်လ အနည်းငယ်အတွင်းအထိ မိတ်ဆက်အုန်းမှာမဟုတ်သေးပါဘူး။ သို့ဖြစ်စေရာမူ လက်ရှိအချိန်မှာတော့ iPhone model အသစ်တစ်ခုလို့ထင်ရတဲ့ iPhone XI (2019) ရဲ့အချက်အလက်တချို့ဟာပေါက်ကြားလာခဲ့ပါတယ်။

iPhone XI 2019

နောက်ဆုံးရရှိခဲ့တဲ့ Leak တွေအရ iPhone XI မှာ 5.8-inch OLED screen Super Ratina HD display ပါဝင်လာမယ်လို့ဆိုပြီး iPhone 8 နဲ့အခြားဖုန်းတွေလို့အရွယ်အစားရှိတယ်လို့လည်းဖော်ပြထားပါတယ်။ IP 68 ရှိတဲ့အတွက် ရေစိုခံ အကြမ်းခံနိုင်တယ်လို့သိပြီး iPhone တွေထဲမှာ ပထမဆုံး Triple Rear Camera Setup ပါဝင်လာမယ်လို့လည်းသိရပါတယ်။

ဖြစ်ကောင်းဖြစ်နိုင်ရှိတာတွေကတော့ 4000mAh ဘက်ထရီ ပါဝင်မယ်လို့သိရပါတယ်။ Apple ရဲ့ iPhone တွေမှာပါဝင်တဲ့ ဘက်ထရီတွေဟာ အမြဲ သေးငယ်တဲ့အတွက် 4000mAh cell ကတော့ အံသြစရာဖြစ်လာမှာဖြစ်ပါတယ်။ USB Type-C port ကိုသုံးလာမှာဖြစ်ကာ 5G ကိုတော့ ထောက်ပံ့ပေးအုန်းမှာမဟုတ်ပါဘူးလို့လည်းသိရပါတယ်။ အရောင်အနေနဲ့ Silver, Gold, Space Grey နဲ့ Blue ဆိုပြီးထွက်ရှိလာမှာဖြစ်ပါတယ်။

Source