fbpx

This is digital planet.

AppleArticles

Apple ရဲ့ A13 Chip မှာပါဝင်လာမယ့် EUV Lithography အကြောင်း

ဒီနေ့ Article လေးက အနာဂတ် Chip တွေ မှာမြင်ရမယ့် EUV Lithography အကြောင်း နှင့် Apple ရဲ့ A13 Chip အသစ်အကြောင်း ကို တိုတို နှင့် နားလည်ရလွယ်အောင် ဆွေးနွေးရေးသားထားပါတယ်။

သတင်းတွေအရ TSMC က လာမဲ့ iPhones အသစ် အတွက် A13 Chip ကိုထုတ်လုပ်မှု စတင်လုပ်ဆောင်လျက်ရှိနေပါပြီ။ ဒီ တိုင်ဝမ်အခြေစိုက် Chip-maker ကုမ္ပဏီ ဖြစ်တဲ့ TSMC က Apple ရဲ့ တစ်ခုတည်းသော Chip supplier လည်းဖြစ်ပါတယ်။ iPhones, iPad တွေရဲ့ Processor တွေ ကို Apple က Design ရေးဆွဲပြီး TSMC က လိုအပ်သလောက်ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ တစ်ခုပါ။

Image result for a13 chip

မနှစ်က(2018) Apple iPhones တွေရောင်းအားကျဆင်းခဲ့တာကြောင့် TSMC လည်း ဝင်ငွေ လျော့နည်းခဲ့ပါတယ်။ Stock Market က AAPL Share Price တွေ ထိုးကျသွားပါတယ်။ မည်သို့ပင် ဖြစ်စေ ကာမူ 2019 မှာလည်း TSMC က Apple ရဲ့ A Series Chip တွေကို ဆက်လက် ထုတ်ပေးသွားပါမယ်လို့ ဆိုထားပါတယ်။ A13 Chip က အရင် A12x နှင့် A12 processor တွေလို 7nm ဒါမှမဟုတ် 7nm+ ပေါ်မှာအခြေခံထားမယ်။ ဒါမယ့် ထူးခြားသွားမှာက Enhanced EUV Lithography ပေါ်မှာ ထုတ်လုပ်သွားမယ် လို့သိရပါတယ်။

အောက်ပါ ရေးသားထားတာတွေက System Structure ပိုင်းကို ဦးစားပေးရေးထားတာဖြစ်တဲ့အတွက် ပိုပြီးခေါင်းရှုပ်စေပါတယ်။ :P ထုံးစံအတိုင်း ခေါင်းဆက်ရှုပ်တာပေါ့

Image result for apple a13 chipset

Enhanced EUV Lithography ဆိုတာဘာလဲ?

EUV ရဲ့ အရှည်က Extreme Ultraviolet လို့ခေါ်ပါတယ်။ ဘာသာပြန်ရင် အလွန်အားကောင်းတဲ့ ခရမ်းလွန်ရောင်ခြည်ပေါ့။ Lithography ဆိုတာ ပါးလွှာတဲ့ မျက်နှာပြင် တစ်ခုခု သို့မဟုတ် မျက်နှာပြင် တစ်ခုခု မှာ ရေးထိုး ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ စာ တွေကို Printer ကနေ Print ထုတ်လိုက်တာတို့ ဆီနှင့်ရေကို သုံးပြီး တံဆိပ်ရိုက်တယ် စတာတွေကို Lithography လို့ခေါ်ပါတယ်။ Lithography မှာအမျိုးအစားပေါင်းများ စွာရှိပါသေးတယ်။

Chip တစ်ခုကို ထုတ်မယ်ဆိုရင် Lithography System တစ်ခုကနေ ဖွဲ့စည်းတည်ဆောက်ရပါတယ်။ Lithography System ဆိုတာ စက်တစ်ခုပေါ့။ ဒီ Lithography System ထဲမှာ Ultraviolet (ခရမ်းလွန်ရောင်ခြည်) ကိုအသုံးပြုပြီး ဖွဲ့စည်းပုံအစိတ်အပိုင်း (Structures) လေးတွေ ရေးဆွဲရပါတယ်။ ဒီ Structures လေးတွေ ပိုပြီးသေးငယ်အောင် ပိုပြီး များလာအောင် Chip ထုတ်သူတွေက တတ်နိုင်သမျှ ကြိုးစား ကြပါတယ်။

Image result for Enhanced EUV Lithography

ဒီ Structures လေးတွေ ပိုပြီး သေးငယ်လေလေ ပိုပြီး Powerful ဖြစ်လေဖြစ်ပြီး ပိုပြီး မြန် လေလည်း ဖြစ်ပါတယ်။ အခု အသစ်ဖြစ်တဲ့ EUV Extreme Ultraviolet Lithography က ဒီ Structures တွေကို ပိုပြီးသေးငယ်အောင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဂဏန်းအရေအတွက်နှင့် ယှဉ်ကြည့်ရမယ် ဆိုရင် EUV Lithography System တစ်ခုက လှိုင်းအလျား 13.5 nm ရှိတဲ့အလင်းကို ထုတ်ပေးပြီး အရင် Lithography က 193 nm အလင်းကိုသာ ထုတ်ပေးနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

ဆိုတော့ Lithography 193 nm အလင်းကနေ ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အခြေအနအထိ Chipmaker တွေက လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါမယ့် ဒီ Enhanced EUV Lithography လို 13.5 nm အလင်းထုတ်လုပ်မယ့် Chip တွေဟာ ကျွန်တော်တို့ လူတွေ စဉ်းစားလို့ ညဏ်မမှီနိုင်တဲ့ အခြေအနေအထိ ပိုပြီး တိုးတက်လာပါလိမ့်မယ်။

EUV Lithography က Computer Generation ကို နောက်တစ်ဆင့် တက်စေမယ့် အနာဂတ် နည်းပညာတစ်ခုဖြစ်ပါတယ်။ Virtual Reality နှင့် ကျန်းမာရေးဆိုင်ရာ ကိရိယာ တွေအပြင် Internet of Things (IoT ပစ္စည်းတွေ) ပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။ ယခုအခါ EUV Lithography ဖြင့် Chip တွေကို ထုတ်လုပ်နေပြီး မကြာမီ ဈေးကွက်ထဲမှာ မြင်တွေ့မှာ ဖြစ်ပါတယ်။ ပထမဆုံး မြင့်တွေ့ရနိုင်တာကတော့ Apple ရဲ့ A13 Chipset ပဲဖြစ်ပါတယ်။

Related posts
AppleNews

2019 မှာ iPhone 11 Pro ဆိုတဲ့နာမည်နဲ့ Model အသစ်ထွက်ရှိလာနိုင်

Articles

Smartphone Camera တွေပေါ်က အသုံးအများဆုံး Ratio တွေအကြောင်း

ArticlesRealmeRedmiSamsungXiaomi

Smartphone Camera တွေမှာ Megapixel တွေဘာလို့များများသုံးလာသလဲ?

AppleNews

Google က Pixel 4 မှာ ပါဝင်မည့် နည်းပညာ အချို့ကို ထုတ်ပြ