fbpx

This is digital planet.

HuaweiOPPOSamsungTech NewsXiaomi

Apple ရဲ့ Foldable iPhone နဲ့ပက်သက်တဲ့ပုံကြမ်းတချို့ထွက်ပေါ်လာ

2019 ကတော့ Foldable smartphone တွေစိုးမိုးမဲ့ နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က နာမည်သိပ်မကြီးတဲ့ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Royole ကနေ လက်တွေ့ဆန်တဲ့ Foldable ဖုန်းကိုစတင်ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း စီးပွားဖြစ်စတင်ရောင်းချဖို့မိတ်ဆက်ပေးတာမျိုးတော့မရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ Samsung အနေနဲ့ Launch Event မှာ Galaxy Fold လို့ခေါ်တဲ့ Foldable Devices ကို မိတ်ဆက်ပြီး မကြာခင်မှာပဲ Huawei အနေနဲ့ သူတို့ရဲ့ Foldable device ဖြစ်တဲ့ Mate X ကိုလည်းမိတ်ဆက်ပေးလာခဲ့ပါတယ်။ အဲ့နောက်မှာတော့ အခြားနာမည်ကြီးစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi နဲ့ OPPO, Lenovo တို့ကလည်း သူတို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ Foldable Device တွေကို ထုတ်လုပ်ဖို့ကြိုးစားလာတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Foldable ပြိုင်ပွဲထဲကို စမတ်ဖုန်းလောကရဲ့ ဂုရုဖြစ်တဲ့ Apple အနေနဲ့လည်း ဝင်ရောက်လာရဖို့ရှိနေပါတယ်။

Apple ရဲ့ iPhone X foldable Phone ရဲ့ခန့်မှန်းပုံကြမ်းတွေကိုတော့ ဟော်လန် Industrial Designer တစ်ဦးဖြစ်တဲ့ Roy Gilsing က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ ခန့်မှန်း ပုံတွေအရ Apple ရဲ့ Foldable Device ဟာ Samsung ရဲ့ဆင်တူမှုရှိပါတယ်။ Galaxy Fold လိုပဲ Screen ၂ ခုပါဝင်လာနိုင်ပြီး အပြင်ဘက် Display အနေနဲ့ 1:3 aspect ratio ရှိကာ အတွင်းဘက် Display အနေနဲ့ 2:3 Aspect Ratio နဲ့ထွက်ရှိလာနိုင်ပါတယ်။

အပြင်ဘက် Display မှာတော့ iPhone X မှာလိုမျိူး Notch ပါဝင်ပြီး အတွင်းဘက် ဒီဇိုင်းအနေနဲ့ကလည်း iPad ပုံစံမျိုးဆိုတော့ ကြည့်ရတာ iPhone X နဲ့ iPad ကိုပေါင်းစပ်ထားသလိုပါပဲ။ Apple ရဲ့ဒီ Foldable Device အနေနဲ့ရော Touchscreen Keyboard နဲ့အတူ Mini-notebook အနေနဲ့ပါ အသုံးပြုလို့ရနိုင်ဖွယ်ရှိပါတယ်။ Apple အနေနဲ့ ဒီပုံကြမ်းထဲကလို့ ဒီဇိုင်းမျိုးနဲ့ မိတ်ဆက်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ လက်ရှိမှာတော့ Cupertino အခြေစိုက် Apple အနေနဲ့လည်း Foldable Phone Design နဲ့ပက်သက်ပြီးမူပိုင်ခွင့်တွေအများအပြားလည်းရရှိထားပါတယ်။

2019 အတွင်း ပိုမိုပြင်းထန်လာဖို့ရှိတဲ့ Foldable Phone ပြိုင်ပွဲမှာ တရုတ် ဖိအားပေးမှုတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက် Apple အနေနဲ့အကောင်းဆုံးကြိုးစားရဖို့ရှိနေပါတယ်။ Foldable devices အနေနဲ့ လက်ရှိမှာတော့ Galaxy Fold နဲ့ Mate X ထွက်ရှိထားပြီး မကြာခင်မှာလည်း တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Lenovo , Xiaomi နဲ့ OPPO တို့လည်း ထုတ်လုပ်ဖို့ကြိုးစားလာနိုင်တာမို့ Apple အနေနဲ့ ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်ပေးဖို့လိုအပ်မှာ အသေချာပါပဲ။

Ref: Gizmochina