fbpx

This is digital planet.

AppleTech News

Apple ရဲ့ iPhone အသစ်တွေအတွက် Display ရောင်းချနိုင်ဖို့ရည်ရွယ်နေတဲ့ BOE

OLED Display ထုတ်လုပ်မှုနယ်ပယ်မှာတော့ တစ်နေ့တစ်ခြားပြိုင်ဘက်ကောင်းတွေ တိုးလာတာဟာ Samsung အတွက်တော့ မျက်ခုံးလှုပ်စရာပါ။ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရ တရုတ်ပြည်အခြေစိုက် Display ထုတ်လုပ်ရောင်းချတဲ့ Company BOE ဟာ Sichuan က သူတို့စက်ရုံမှာ Touch Sensor မြှုပ်နှံထည့်သွင်းထားတဲ့ OLED Display ထုတ်လုပ်မှုအပိုင်းကို အဆင့်မြှင့်တင်နေတယ်လို့ ကြားသိထားရပါတယ်။

Image result for boe display

မကြာခင်ကမှ LCD Display ထုတ်လုပ်မှုပိုင်းမှာ LG ကိုကျော်တက်ပြီး ထိပ်ဆုံးနေရာကိုရယူထားတဲ့ BOE ဟာ Huawei Smartphone တွေအတွက် အဓိက Display Supplier လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ BOE ရဲ့ OLED ထုတ်လုပ်မှုအပိုင်းက ဘယ်အဆင်ထိအချောသတ်ပြီဆိုတာရယ်၊ အရေအတွက်ဘယ်လောက်ထိ ထောက်ပံ့နိုင်မလဲဆိုတာရယ်ကို သေချာမသိရသေးပါဘူး။

Samsung ရဲ့ Super AMOLED မှာလို Touch Sensor ကို Display ထဲမှာ ထည့်ပြီးမြှုပ်ထားခြင်းဟာ Display ကို ပိုပေါ့၊ ပိုပါးစေတာကြောင့် BOE အနေနဲ့လည်း ဒီလို Display မျိုးကို ထုတ်လုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ BOE အနေနဲ့ Macbook, iPad တို့မှာ အသုံးပြုတဲ့ Display တွေကို ထုတ်လုပ်ပေးခဲ့တဲ့ အတွေ့အကြုံရှိထားတာကြောင့် နောက်ထွက်ရှိမယ့် iPhone အတွက် Display ထုတ်လုပ်ပေးဖို့ Apple နဲ့လက်တွဲနိုင်ခြေများနေပါတယ်။ OLED Display အတွက် Samsung ကို အဓိကအားကိုးနေရတဲ့ Apple အနေနဲ့လည်း BOE နဲ့သာ ပူးပေါင်းဖြစ်ခဲ့ရင် သူတို့လိုအပ်တဲ့ Display ပမာဏကို အချိန်မှီမှီနဲ့ အလုံအလောက်ရနိုင်ဖို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။

Ref: GSMArena