fbpx

This is digital planet.

AppleTech News

Apple အနေနဲ့ 2020 iPhone Pro models တွေအတွက် Samsung OLED panels တွေကို သီးသန့် အသုံးပြုလာနိုင်

Samsung ဟာသူတို့ရဲ့ Y-OCTA OLED panels တွေကို Apple အနေနဲ့ အသုံးပြုလာဖို့ ‌ဆွေးနွေးရာမှာ နောက်ဆုံးတော့ အောင်မြင်လာတော့မှာပါ။ အရင်နှစ်တုန်းကကောလာဟလ တွေအရ 2019 iPhones Display တွေဟာပိုတိုးတက်လာမယ်လို့ဆိုထားသော်လည်း အရမ်းကြီးမထူးခြားခဲ့ပါဘူး။ အခု ETNews ရဲ့ တင်ပို့ချက်အရ 5.4” နဲ့ 6.7” iPhones ‌တွေအတွက် Samsung ဟာ အထူးသီးသန့် OLED ထောက်ပံ့ပေးတဲ့ ကုမ္ပဏီဖြစ်လာမှာပါ။

Apple may use Samsung OLED panels exclusively for the 2020 iPhone Pro models

Y-OCTA technology ဟာ On-cell touch sensing ကိုသုံးထားတဲ့အတွက် သီးခြား touch-sensitive layer တစ်ခု မလိုအပ်ပါဘူး။ အဲ့အတွက် Display Panel ဟာ ပိုပါးသွားပြီး ထုတ်လုပ်ရာမှာ ဈေးပိုသက်သာလာမှာပါ။ ပိုနည်းတဲ့ အလွှာ‌တွေပါရှိတာက စူးရှတောက်ပတဲ့ အလင်းတွေကို လျော့ချပေးမှာပါ။ ETNews အရ Apple အနေနဲ့ Y-OCTA Panels မျိုးကို ရဲ့လိုအပ်တဲ့ပဏထိရအောင် Samsung ကသာ အများအပြားထုတ်ပေးနိုင်မှာပါ။ 2018 iPhones တွေမှာ Y-OCTA သုံးလာဖို့ကောလာဟလ ထွက်ခဲ့‌‌သော်လည်း လက်လျော့မှုတွေကြောင့် Y-OCTA ကိုစောစောမတွေ့ခဲ့ရပါဘူး။

■Types and suppliers of OLED panels for Apple’s iPhones in 2020
▲6.7-inch ∆Characteristic: flexible OLED, on-cell touch ∆Supplier: Samsung Display
▲6.1-inch ∆Characteristic: flexible OLED, film touch ∆Supplier: Samsung Display, LG Display
▲5.4-inch ∆Characteristic: flexible OLED, on-cell touch ∆Supplier: Samsung Display
Reference: Various industries

Apple အနေနဲ့ နောက်နှစ်မှာ 4.7” LCD သုံးထားတဲ့ iPhone SE 2 နဲ့ 6.1” OLED ပါတဲ့ iPhone 12 စတဲ့ ဖုန်းနှစ်မျိုးကို ထုတ်ဖို့ရှိနေပါတယ်။ Pro Models တွေနဲ့မတူဘဲ Apple ဟာ Samsung နဲ့ LG တို့ရဲ့ OLED panels တွေကို iPhone 12 မှာအသုံးပြုလာမှာပါ။ ဆိုလိုတာက 6.1” ဖုန်းအတွက် On-cell touch မပါတော့ပါဘူး။ BOE (LCD, OLEDs နဲ့ flexible displays တွေကို အများအပြားထုတ်လုပ်တဲ့ ကုမ္ပဏီ) ဟာလည်း iPhone 12 အတွက် အလားအလာရှိတဲ့ ထောက်ပံ့ပေးသူဖြစ်လာမှာပါ။

Samsung ဟာ Y-OCTA panels တွေကို Galaxy Note7 ကစပြီး အခုထိသုံးနေပါတယ်။ Galaxy S8 မှာ Y-OCTA panels ကနေ ပြောင်းလဲအသုံးပြုခဲ့ပြီး ပိုကြီးတဲ့ S8+ မှာတော့ Panel အဟောင်းကို အသုံးပြုခဲ့ပါတယ်။

Ref: GSMARENA