fbpx

This is digital planet.

AppleHuawei

Apple/Huawei Chips တွေအတွက် 7nm+ process တွေကို စတင်ထုတ်လုပ်နေပြီးဖြစ်တဲ့ TSMC

ထိုင်ဝမ်အခြေစိုက် TSMC မှ Second-generation 7nm+ process ကိုစတင်လုပ်ဆောင်နေပြီ လို့ ကြေညာခဲ့ပါတယ်။ TSMC အတွက် ဒါဟာ ပထမဆုံး EUV Lithography နဲ့ စတင်ဆောင်ရွက်နေတာဖြစ်ပြီး အဓိကပြိုင်ဘက် နှစ်ခုဖြစ်တဲ့ Intel နဲ့ Samsung တို့ထက် ပိုမိုကြီးမားစွာ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တရုတ်က ထွက်ရှိလာတဲ့ သတင်းတွေအရ TSMC အနေနဲ့ Huawei ကို ဆက်လက်ထောက်ပံ့ပေးမယ်လို့ဆိုတာကြောင့် နောက်လာမဲ့ Mate 30 မှာပါဝင်မဲ့ Kirin 985 Chipset ကိုထုတ်လုပ်လျက်ရှိနေပြီး တချိန်တည်းမှာပဲ Apple ရဲ့ A13 SoC ကို လာမဲ့ ၂၀၁၉ iPhones တွေအတွက် ထုတ်လုပ်လျက်လည်း ရှိနေပါတယ်။

TSMC အနေနဲ့လက်ရှိဖြစ်ပွားနေတဲ့ US နဲ့ တရုတ် Trade war ရဲ့ ရိုက်ခက်မှုဖြစ်တဲ့ Huawei Ban ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဘာမှပြောင်းလဲမှု မရှိပဲ Huawei အပေါ် ဆက်လက်ထောက်ပံ့ပေးမယ်လို့ မကြာခင်က ကြေညာထားခဲ့ပါတယ်။ ထိုင်ဝမ် အခြေစိုက် TSMC နဲ့ Huawei တို့ဟာ သီးခြားကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ စီးပွားရေး စူပါပါဝါ ကိုယ်စီနဲ့ ရပ်တည်နေတာကြောင့် အပြင်မည်သည်ပြသာနာမဆို သူတို့ဆက်သွယ်မှုကို မထိခိုက်စေပါဘူး။

အရင်ကလည်း TSMC အနေနဲ့ Future Plans တွေကို ထုတ်ပြန်ပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ ပါးလွှာတဲ့ 5nm process ကို EUV technology ရဲ့အထောက်အပံ့ နဲ့ စတင်စမ်းသပ်နေပြီး လာမဲ့ ၂၀၂၀ ပထမအပတ်လောက်မှာ စတင်ထုတ်လုပ်ဖွယ်ရှိနေကာ ဈေးကွက်အတွင်းကို ၂၀၂၀ ဂျွန်လ လောက်မှာတင်ပို့နိုင်ဖို့ကြိုးစားနေပါတယ်။

TSMC အနေနဲ့ လက်ရှိ စက်ရုံအသစ်ကို ထိုင်ဝမ်မှာပဲရှိတဲ့ဖ Southern Science and Technology Park မှာ ထုတ်လုပ်မှု process တွေကိုစတင်ဆောင်ရွက်နေပြီး အရင် R&D စက်ရုံအဟောင်းမှာတော့ 3nm processes တွေကို စတင်ဆောင်ရွက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဆက်လက်ပြီး TSMC အနေနဲ့ 6nm process တွေကိုလည်း အကူးအပြောင်း လုပ်ဆောင်ဖို့လည်းရှိနေပြီး လက်ရှိတင်ပို့နေတဲ့ 7nm+ process တွေကို upgrade ပြုလုပ်ပေးဖို့အဖြစ်လည်းမြင်တွေ့ရဖို့ရှိနေပါတယ်။

Ref: GSMArena