ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ် TSMC မှ Apple A14 chipset အသစ်ကိုမိတ်ဆက်တော့မယ်လို့သတင်းထွက်ပေါ်ပြီးမကြာခင်မှာပဲ ပြိုင်ဘက် Andriod ဖုန်းတွေရဲ့အင်ဂျင်ထုတ်လုပ်သူ Qualcomm ထံမှ ဒီသတင်းထွက်ရှိလာတာဖြစ်ပါတယ်။ Qualcomm ရဲ့လက်ရှိအမြင်ဆုံး Chipset ကတော့ လက်ရှိ Flagship ဖုန်းတွေမှာအများဆုံးမြင်တွေ့နေရတဲ့ Snapdragon 855 ပါပဲ။ Qualcomm အနေနဲ့မကြာခင်က Upper Mid-range Chipset တွေဖြစ်တဲ့ Snapdragon 665 နဲ့ Snapdragon 730/G တို့ကိုနောက်ဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။
ယနေ့မှာတော့ ထွက်ရှိလာတဲ့ သတင်းတွေအရ Qualcomm အနေနဲ့ မျိုးဆက်သစ် Flagship Chipset တစ်ခုကိုပြုလုပ်နေပြီး Snapdragon 865 ဖြစ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ Snapdragon 855 ရဲ့ Internal model number ကတော့ SM8150 ဖြစ်ပြီး Codename ကတော့ Hana ဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ သတင်းတွေသာ ယုံကြည်ရတယ်ဆိုရင် အခုနောက်ပိုင်းထွက်ရှိလာမဲ့ မျိူးဆက်သစ်ရဲ့ Model number ဟာ SM8250 ဖြစ်မယ်လို့သိရပါတယ်။
Qualcomm အနေနဲ့နောက်လာမဲ့ Flagship ဖုန်း Chipset ရဲ့ Codename ကို Project Kona လို့ပေးထားပါတယ်။ Kona ဆိုတာကတော့ အမေရိကန်ဟာဝိုင်ယီ ကျွန်းစုမှာရှိတဲ့ ကျွန်းတစ်ခုရဲ့နာမည်ဖြစ်ပြီး Qualcomm အနေနဲ့ Qualcomm Tech Summit ကို လာမဲ့ ဒီဇင်ဘာမှာ ဟာဝိုင်ယီမှာပဲကျင်းပဖို့ရှိနေပါတယ်။ အဆိုပါ ပွဲမှာတော့ Qualcomm မှ ဒီ High-end processor ကိုထုတ်ဖော်ပြသပေးနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းရပါတယ်။
ဒီ Chipset အသစ်ဖြစ်တဲ့ Snapdragon 865 processor နဲ့ပက်သက်၍ ဘာမှမသိရသေးပေးမဲ့ ဒီ Chipset အနေနဲ့ LPDDR5 RAM ကို ထောက်ပံ့ပေးလာနိုင်တယ်လို့သိရပါတယ်။ Window devices တွေမှာအသုံးပြုနေတဲ့ Snapdragon 8cx မှာတော့ LPDDR4X ကိုသုံးနေတာဖြစ်ပြီး Qualcomm အနေနဲ့ SM8250 (Snapdragon 865) မှာ LPDDR5 Memory အသုံးပြုလို့ရအောင် စမ်းသပ်နေတယ်လို့သိရပါတယ်။ သို့သော်လည်း Qualcomm ရဲ့လာမဲ့ Snapdragon 865 Flagship Chipset နဲ့ပက်သက်၍ နောက်လာမဲ့ လအနည်းငယ်လောက်မှ သတင်းတွေပိုမိုထွက်ရှိလာဖွယ်ရှိနေပါတယ်။
TSMC အနေနဲ့လည်း 5nm process Apple ရဲ့ iPhone မျိုးဆက်သစ်တွေအသုံးပြုဖို့အတွက် A14 Chipset ကိုထုတ်လုပ်ပေးတော့မယ်လို့သိရပါတယ်။ အဆိုပါ Chipset အသစ်အနေနဲ့ 2020 မှာထွက်ရှိမဲ့ iPhone model အသစ်တွေမှာပါဝင်လာဖို့ရှိနေပါတယ်။ Qualcomm အနေနဲ့ Flagship Chipset အသစ်ကို 5nm process နဲ့ပဲထွက်ရှိဖို့ကတော့ မျှော်လင့်ရဆဲပဲဖြစ်ပါတယ်။
Ref: Gizmochina