This is digital planet.

AppleTech News

iPhone 12 ရောင်းချဖို့ နှောင့်နှေးမယ် အတည်ပြုလိုက်တဲ့ Apple

စက်တင်ဘာလအတွင်း မိတ်ဆက်ဖို့ သေချာသလောက် ဖြစ်နေတဲ့ iPhone မော်ဒယ်သစ်တွေအတွက် Apple ထုတ်ပြန်ချက် တစ်ခု ကြေညာလိုက်ပါတယ်။ အဆိုပါ အကြောင်းရာဟာ 2020 အတွင်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါနဲ့ သက်ဆိုင်မယ်လို့တော့ သုံးသပ်ရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် ကျော်ကျော်က iPhone ထုတ်လုပ်မှုကို Foxconn စတင်နေပြီ ဆိုပေမယ့် Apple ပြောဆိုချက်အရ မိတ်ဆက်ပွဲပြီးရင်တောင် ဝယ်ယူနိုင်မယ့် အနေထား မရှိပါဘူး။

iPhone 12

Image: MacRumors

သို့ပေမယ့် ယခုလို အခြေနေမျိုးဟာ ပထမဆုံးအကြိမ် မဟုတ်သလို 2017 ကာလမှာ iPhone 8 မိတ်ဆက်တုန်းက Revolutionary Item ဖြစ်ခဲ့ဖူးတဲ့ iPhone X ကို မျော်မှန်းထားတဲ့ အချိန်ထက် ရောင်းချဖို့ နိုဝင်ဘာလအထိ နောက်ကျခဲ့ဖူးပါတယ်။

Unexpected delays

ဒုတိယတခါမှာတော့ 2018 စက်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ iPhone XR မော်ဒယ်ဖြစ်ပြီး အောက်တိုဘာလကုန်အထိ ရောင်းချဖို့ အခက်ခဲ ဖြစ်ခဲ့ဖူးပါတယ်။

အဆိုပါ အကြောင်းပြချက်က LCD Display Production ကြောင့် ဖြစ်တယ်လို့ Apple ဆိုခဲ့သလို 2020 မှာ မိတ်ဆက်လာမယ့် iPhone မော်ဒယ်တွေနဲ့ ပတ်သက်လို့ စက်တင်ဘာလကုန်အထိ ရောင်းချဖို့ နှောင့်နှေးမယ်လို့ Apple အတည်ပြုလိုက်တာပါ။

5G

Image: Considering Apple

ပန်းသီးရဲ့ CFO ဖြစ်သူ Luca Maestri အနေနဲ့ 2019 မော်ဒယ်တွေ ရောင်းချဖို့ နှောင့်နှေးရတာဟာ Supply ကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် 2020 iPhone တွေ Delay ဖြစ်တဲ့ အကြောင်းပြချက်ကို ထုတ်ပြောထားတာခြင်း မရှိပါဘူး။

2020 iPhones

The Wall Street Journal မှာတော့ Pandemic Outbreaks ကြောင့်လို့ ဆိုထားပြီး iPhone 12 စီးရီးတွေဖြစ်တဲ့ 5.4” ၊ 6.1” နဲ့ 6.7” OLED မော်ဒယ် ထုတ်လုပ်မှု နှောင့်နှေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Leaked iPhone Photo

Image: Front Page Tech

အဆိုပါ Delay ဖြစ်စဥ်က ကောလာဟလအနေနဲ့ ပေါက်ကြားခဲ့ပေမယ့် Qualcomm အဆိုရ 5G စမတ်ဖုန်းတွေ စတုတ္ထလေးပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ) မှာ နှောင့်နှေးမယ် ပြောထားလို့ ဆက်စပ်လိုက်ရင် iPhone အသစ်တွေ မျော်မှန်းထားတဲ့ အချိန်ထက် နောက်ကျပြီးမှ ဝယ်ယူနိုင်မှာပါ။

Apple အနေနဲ့ မျိုးဆက်သစ် iPhone တွေကို စက်ဘာလ အစောပိုင်းမှာ ကြေညာလေ့ရှိပြီး လကုန်အတွင်းမှာ ရောင်းချလေ့ရှိတာပါ။ ဒါပေမယ့် 2020 ဟာ ကပ်ရောဂါနဲ့ ကြုံကြိုက်နေရသလို ကမ္ဘာတဝှမ်း ကုမ္ပဏီတွေ အခက်တွေ့ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာပါ။

Source: The Verge