fbpx

This is digital planet.

AppleTech News

2020 iPhone တွေမှာ ကိုယ်ပိုင် 5G Modem အသုံးပြုလာမယ့် Apple

မတည့်အတူနေ အသုံးနှုန်းလို ချစ်လိုက် ပြန်ပေါင်းလိုက်၊ မကျေနပ်ရင် တရားစွဲခံရလိုက်၊ ရန်ဖြစ်လိုက်လုပ်နေတာ Apple ပါ။ စာဖတ်သူတွေလည်း သိပြီးသားထင်ပါတယ်၊ ၂၀၁၉ ဧပြီလမှာ Intel (Modem) လုပ်ငန်းစုကို ဝယ်ယူမယ်လို့ သတင်းထွက်လိုက်တာနဲ့ ချက်ချင်း တရားထစွဲပစ်တာ Qualcomm ပါ။

Apple အနေနဲ့ နှစ်ရှည်လများ လက်တွဲလာတဲ့ Qualcomm ကို ပစ်ပယ်ပြီး (Intel) ကို ဝယ်ယူဖို့ မီးစိမ်းပြတာ အကြောင်းရှိပါတယ်။ ကောလာဟလ ထွက်ခဲ့တာတော့ Apple ၊ Intel ၂ ယောက်ပေါင်းပြီး Qualcomm နည်းပညာတချို့ ခိုးယူတယ်။

Intel 8160 5G Modem

Image Credit: Business Wire

iPhone 8 စီးရီးတွေကစပြီး Intel ၊ Qualcomm Modem ဆိုပြီး မူဝါဒ ၂ မျိုးကွဲခဲ့သလို အများစုက Qualcomm Modem သုံးတဲ့ iPhone က ပိုမြန်တယ်။

Qualcomm’s Monopoly

အဲ့သလို နည်းပညာချင်း ရင်ဘောင်တန်းတဲ့အခါ (Apple အလိုတိုင်း) အရည်သွေးမမီတဲ့ Intel အဖို့ Qualcomm မူပိုင်ခွင့်တွေ ခိုးယူတယ်လို့ စွပ်ဆွဲခံရတယ်။ ဒါကို Apple ဝယ်ယူဖို့ စဥ်းစားတဲ့အပေါ် တဖက်အမြင်ကို သုံးသပ်တာပါ။

iPhone X

Apple iPhone X (Image Credit: Android Central)

Intel ၊ Qualcomm ဆိုတာ ပြိုင်ဘက်တွေဖြစ်သလို Apple ကိုယ်တိုင်လည်း သူ့ရဲ့ Eco-system ထဲ အကျုံးဝင်ဖို့ ဆုံးဖြတ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် စားမဝင်၊ အိပ်မပျော်ဖြစ်ခဲ့တဲ့ Qualcomm ဟာ သူ့ရဲ့ မူပိုင်ခွင့်သုံးစွဲမှုအပေါ် Apple ကို တရားစွဲဆွဲခဲ့ပြီး တရုတ် ၊ ဂျာမနီနိုင်ငံတွေမှာ iPhone မော်ဒယ်တချို့ ရောင်းမရတော့တဲ့အထိ အဓွန့်ရှည်ခဲ့ပါတယ်။

iPhone 7 & iPhone 7 Plus

iPhone 7 & iPhone 7 Plus (Photo: iMore)

ဒါပေမယ့်လည်း Intel Modem လုပ်ငန်းစုကို ၂၀၁၉ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဒေါ်လာ ၁ ဘီလီယံတန်ကြေးနဲ့ အပေးယူတည့်ပြီး ပိုင်ဆိုင်သွားခဲ့ပါတယ်။
Reuters သတင်းဌာန ဖော်ပြချက်အရ မူပိုင်ခွင့်ပေါင်း ၁,၇၀၀ ကျော် ရရှိခဲ့သလို Apple မျှော်မှန်းထားတဲ့ 5G iPhone အနာဂတ် အရောင်သန်းစ ပြုလာတာပါ။

Intel အနေနဲ့ Qualcomm ၊ Apple အကြိတ်နယ် ကြိုးဝိုင်းထဲ ကန့်လန့်ဖြတ်ဒိုင်လို ဝင်မပါတော့ပေမယ့် PC ၊ LoT Gadgets ၊ Autonomus Vehicles မှာ အသုံးပြုနေတဲ့ Modem တွေကိုတော့ ထုတ်လုပ်သွားမယ်။

2020 iPhones with In-house 5G

လက်ရှိအခြေနေမှာ Qualcomm Modem ကို ၂ နှစ်အထိ သုံးစွဲပါမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ စွဲဆိုထားသမျှ အမှုတွဲတွေကို ကြေအေးပေးထားတဲ့အတွက် 2020 iPhone တွေမှာ မော်ဒယ် ၂ မျိုး (၂ မျိုးဆိုတာ Qualcomm Modem ၊ Intel Modem) တွေ့ရဦးမှာပါ။

Apple အနေနဲ့ ပိုမိုပါးလွှာမယ့် iPhone မှာ Intel 5G Modem အသုံးပြုလာမယ်လို့ သတင်းထွက်လာပြီး ဒုတိယတစ်မျိုးကတော့ Qualcomm Modem သုံးထားမှာပါ။

2020 iPhone would use QTM525 5G Modem

QTM525 (Image Credit: Ars Technica)

ဒါပေမယ့်လည်း မသေချာ မရေရာသလို ဖြစ်စေတာက Frame ကောင်းကောင်းချခံထားရတဲ့ Apple လုပ်ရှားမှုအပေါ် ကျွမ်းကျင်သူတွေက Intel တစ်ပိုင်းတစ ချန်ထားခဲ့တဲ့ 5G R&D ကို လက်စသတ်နိုင်မှ In-house 5G Modem ဖြစ်လာနိုင်မယ်။

But with a Greater Cause

Qualcomm နဲ့ ရင်ဘောင်တန်းဖို့ဆိုတာကလည်း စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်မှုတွေအပေါ် မူတည်သွားမှာဖြစ်တဲ့အတွက် ကျန်ရှိနေသေးတဲ့ ၂၀၂၀ ဒုတိယနှစ်ဝက်အတွင်းမှာ အကောင်ထည်ဖော်ဖို့ရှိနေတယ်လို့ Fast Company အဆိုရ သိရပါတယ်။

iPhone XR and iPhone 11

Image Credit: The Verge

ဒါကြောင့် ဒီနှစ်အတွင်းမှာ mmWave နည်းပညာအပေါ် အခြေခံလာမယ့် In-house 5G Modem ဒီဇိုင်းအသစ်ကို Apple ကြံဆနေပြီး mmWave ရဲ့ Challenge တွေဖြစ်တဲ့ Antenna အရေတွက် (Qualcomm Modem မှာ ၁၆ ခု) များလေ လိုင်းဆွဲအား ပိုကောင်းလေ ၊ နောက်ပြီးတော့ ပါးပါးလပ်လပ် iPhone ထဲမှာ ဘယ်လို့ထည့်မလဲ?

Apple modem with custom mmWave Antenna

ဒါကြောင့် mmWave နည်းပညာအပေါ် အခြေခံလာမယ့် Custom 5G Modem အသုံးပြုဖို့ အလားလာရှိနေပြီး Android စမတ်ဖုန်းတွေလည်း 5G ဘက် ကူးနေပြီဆိုတော့ 2020 နှစ်ကုန်ပိုင်းမှာ Develop ဖြစ်လာမယ့် အခြေနေကို ကြိုသုံးသပ်ပြီး Apple ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

Source: The Verge Fast CompanyEngadget