fbpx

This is digital planet.

Tech News

9th Position နဲ့ Rank အမြင့်ဆုံး Tech ကုမ္ပဏီအဖြစ် ဖော်ပြခံရတဲ့ Apple

Forbes Global 2000 ထုတ်ပြန်ချက်အရ ပန်းသီးဟာ Tech နည်းပညာ ကုမ္ပဏီတွေထဲက Rank အမြင့်ဆုံးနဲ့ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဖော်ပြခံထားရပါတယ်။

တစ်ခုမှတ်သားစရာ ရှိတာက Global 2000 ဟာ ကုမ္ပဏီတန်ကြေး၊ ပျမ်းမျှဝင်ငွေနဲ့ ရောင်းအားစတဲ့ အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူးဆိုတာပါ

ထုတ်ပြန်ချက်မှာ နည်းပညာ ကုမ္ပဏီတွေအပြင် ကမ္ဘာတဝှမ်းမှ နယ်ပယ်အသီးသီးက ကုမ္ပဏီတွေ ပါဝင်နေသလို ထိပ်ဆုံးမှာ ဖော်ပြခံရတာ တရုတ်ကုမ္ပဏီတွေပါ။

Forbes စာမျက်နှာမှာ ပြီးခဲ့တဲ့နှစ် အတိုင်းတာနဲ့ နှိုင်းယှဥ်ရင် ဒီကနှစ် 2020 မှာ ကုမ္ပဏီတွေ စျေးကွက်တန်ဖိုး ကျဆင်းမှုနဲ့ ရင်ဆိုင်ကြရပါတယ်။

Global Rank Decreased

အထူးသဖြင့် လေကြောင်းလိုင်းတွေ အနေနဲ့ အဆိုးရွားဆုံး ဖြစ်ခဲ့သလို American Airlines ဆိုရင် 9/11 အဖြစ်ပျက်နောက်ပိုင်း စီးနှင်းသူတွေ မရှိသလောက် နည်းသွားတဲ့အတွက်

$2.2 ဘီလီယံ ခန့် ဆုံးရှုံးခဲ့ရသလို ကမ္ဘာ့အဆင့် 372nd ကနေ 976th အထိ ပြုတ်ကျသွားခဲ့တယ် ဆိုထားပါတယ်

ခုလို စီးပွားလုပ်ငန်းတချို့ အရှုံးဖြစ်နေရပေမယ့် အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ AmazonAlibaba နဲ့ Walmart တို့က အလုပ်ဖြစ်နေပါတယ်။

သို့ပေမယ့်လည်း ဒီတစ်နှစ် Global 2000 မှာ တရုတ်ကုမ္ပဏီတွေ ဦးဆောင်နေကြပြီး Forbes ကြေညာတဲ့အတိုင်း လိုတိုရှင်း ဖော်ပြလိုက်ပါတယ်။

Apple is the Highest Rank Tech Company

Apple ကို Rank 9th နေရာမှာ ထည့်သွင်းထားပြီး အဆိုပါ Position ဟာ နည်းပညာဘက်ကကြည့်ရင် Rank အမြင့်ဆုံးလို့ သတ်မှတ်လို့ရပါတယ်။

Forbes Global 2000 Top Ten Ranking along with Tech Companies

Image: Notebookcheck

သူ့နောက်မှာတော့ Alphabet နဲ့ Microsoft တို့ 13th Position အသီးသီးနဲ့ လိုက်နေသလို Top Ten Rank အလွန်မှာ ပထမဆုံး တွေ့ရသူက Samsung ပါ Rank 16th နဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ Rank 58th နဲ့ Sony လိုက်နေပါတယ် (အမြဲတမ်း အရှုံးပေါ်နေပေမယ့် Rank မြင့်တယ်ဆိုတော့ ဘဝင်မြင့်စရာ)

ဒီတော့ ဒုတိယ ဖြစ်လာသူက Xiaomi လို့ ဆိုရမှာဖြစ်ပြီး 384th နေရာနဲ့ ဖော်ပြခံထားရပါတယ်။

Congrets Xiaomi

ပြီးခဲ့တဲ့နှစ်အတိုင်းတာနဲ့ ယှဥ်ရင် 42 Position ခုန်တက်လာတာဖြစ်ပြီး ဖုန်းကုမ္ပဏီချင်း အတူတူ OPPO ၊ Vivo ၊ OnePlus နဲ့ HUAWEI တို့ကတော့ Rank 2000 ထဲ မပါဝင်ပါဘူး။

Mi 10 5G

Image: GizChina

Forbes Ranking ပြန်စီကြည့်ရင် Apple ၊ Samsung ၊ Xiaomi နဲ့ Sony တို့ပြီးသွားရင် စတုတ္ထလိုက်နေသူက LG လို့ ပြောရမှာပါ၊ Rank 1141st ရှိနေပေမယ့် မဆိုးသာဘူး။

ဖုန်းကုမ္ပဏီ အလှည့်ပြီးသွားရင် ဂဏန်း ၂ လုံးနဲ့ ဦးဆောင်နေသူတွေက Intel ဖြစ်ပြီး Rank 38th ၊ IBM က 51st ပဲ ဖြစ်ပါတယ်။

Well Done ASUS

အဲ့နောက်မှာတော့ Laptop ထုတ်လုပ်သူတွေ ပါဝင်လာပြီး သီးသန့်ခွဲထုတ်ရရင် နံပတ် (၁) Dell ဖြစ်ပြီး Rank Position က 127th ၊ HP က ဒုတိယနဲ့ Position 432nd ၊ တတိယက Lenovo ဖြစ်ပြီး 681th Position ၊ စတုတ္ထ အဖြစ် ဖော်ပြခံရတာ ASUS ဖြစ်ပြီး 1850 Position အသီးသီး နေရာယူထားပါတယ်။

ROG Scar II

ROG Scar II (Image: TechSpot)

အခြား Laptop ထုတ်လုပ်သူတွေဖြစ်တဲ့ Razer ၊ Gigabyte ၊ MSI တို့တတွေကတော့ 2000 List ထဲမှာ မပါဝင်ပါဘူး။

သူတို့နဲ့ တဆက်ထဲ လေ့လာနိုင်တာ nvidia နဲ့ AMD ပါ။ အစိမ်းသင်းက Rank 489th မှာ ရပ်တည်နေပြီး အနီသင်းကတော့ Rank 1,039th Position ရရှိထားပါတယ်။

အလားတူ Gaming Industries ဘက်မှာ တရုတ်ကုမ္ပဏီ Tencent က Rank 50 နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး Rank 662nd နဲ့ ဒုတိယလိုက်နေသူက Activision Blizzard ပဲ ဖြစ်ပါတယ်။

Source: Forbes Global 2000 via Notebookcheck