This is digital planet.

AppleTech News

2020 Q3 မှာ $1.84 Trillion နဲ့ တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာတဲ့ Apple

Apple is just an Apple..

2020 ဟာ တကယ်တမ်းတော့ ကမ္ဘာတဝှမ်း စီးပွားရေး ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း အင်အားလျှော့ပါးလိုက်ရတဲ့အထိ အသီးသီး အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီလို အခက်ခဲ ကြုံနေရပေမယ့် 2020 မေလမှာ Rank အမြင့်ဆုံး Tech ကုမ္ပဏီ အဖြစ် ဖော်ပြခံရသလို CNBC သတင်းဌာန ထုတ်ပြန်ချက်အရ Apple ရှယ်ယာဟာ မတ်လပြီးကတည်းက တအိအိ မြင့်တက်နေခဲ့တာ ဖြစ်ပြီး ဇူလိုင်လ (၃၁) ရက် ၊ သောကြာနေ့မှာ စံချိန်တင် အများဆုံး တန်ဖိုးနဲ့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Q3 Earning

2020 တတိယ သုံးလပတ် (ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ) Q3 မှာ ရှယ်ယာ တန်ဖိုး $425.04 Billion ရှိနေခဲ့ပြီး အဆိုပါ ပမာဏာဟာ အများဆုံးလည်း ဖြစ်သလို ပန်းသီးအနေနဲ့ $59,7 Billion ဝင်ငွေ ရရှိထားတယ်လို့ သိရပါတယ်။

Apple Products Illustration

Image: Mac Rumors

အဆိုပါ ဝင်ငွေ အများစုဟာ Mac နဲ့ iPad ရောင်းအားကြောင့် 2019 ကာလတွေထက် 11% ပိုမို ရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အကြောင်းပြချက်ကိုတော့ စာဖတ်သူတွေ ခန့်မှန်းမိလောက်မယ့်အတိုင်း COVID-19 ကြောင့် ဖြစ်ပြီး အများစုက အိမ်ကနေပဲ အလုပ်လုပ်ကြရတဲ့အတွက် ဖြစ်နိုင်ပါတယ်။

Apple is now Valued Company

လက်ရှိအချိန်မှာတော့ Apple ကုမ္ပဏီ တန်ဖိုးဟာ $1.84 Trillion (တစ်ထောင့်ရှစ်ရာ ဘီလီယံ) ရှိနေပြီး ဆော်ဒီ အာရေဗျ နိုင်ငံရဲ့ တန်ဖိုးအရှိဆုံး ရေနံကုမ္ပဏီ Saudi Aramco ရဲ့ $1.76 Trillion (တစ်ထောင့်ခုနှစ်ရာ ဘီလီယံ) ထက်တောင် ပိုများနေခဲ့ပါတယ်။

အလားတူ AmazonFacebook နဲ့ Google တို့လည်း Q3 Result ကို ထုတ်ပြန်ခဲ့သလို Google ရဲ့ Parent ကုမ္ပဏီဖြစ်တဲ့ Alphabet Inc. က ဒီကနှစ်မှာ ဝင်ငွေ 2% လျော့နည်းခဲ့ပြီး 2020 နဲ့ 2019 ယှဥ်ရင် $37.4 နဲ့ $38.3 Billion ကွာခြားမှု ရှိခဲ့တယ်။

Apple Logo Illustration

Image: Medium

သို့ပေမယ့် YouTube ရဲ့ ကြော်ငြာကဏ္ဍကနေ $0.2 Billion ပိုရခဲ့သလို ($3.81 vs. $3.6 Billion) Cloud ဝန်ဆောင်မှုကနေလည်း $2.1 Billion (2019) ကနေ $3.01 Billion (2020) ရရှိထားတယ်လို့ သိရပါတယ်။

Despite Pandemic

Facebook အနေနဲ့ကတော့ 2019 က သုံးစွဲသူဦးရေ 1.79 Billion ထက် 12% ပိုများလာပြီး Instagram ၊ WhatsApp တို့မှာလည်း 14% လောက် User ပိုများလာတယ်လို့ ကြေညာခဲ့ပါတယ်။

ဝင်ငွေအနေနဲ့ကတော့ ယခင်နှစ်ထက် 11% ပိုများလာခဲ့သလို ကြော်ငြာလုပ်ငန်းကိုပဲ အခြေခံတဲ့ Facebook အနေနဲ့ $18.69 Billion (၃ ခုပေါင်းဆိုရင် $28.6 Billion) ရှာဖွေနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Amazon ကတော့ COVID ကာလမှာ ပြဿနာ မျိုးစုံတက်နေခဲ့ပေမယ့် 2019 ရဲ့ $2.6 Billion ဝင်ငွေထက် ၂ ဆ ပိုများတဲ့ $5.2 Billion ရှာ ဖွေနိုင်ခဲ့ပါတယ်။

ဒါကြောင့် Tech Giant ကုမ္ပဏီ အများစုဟာ Q1 ၊ Q2 မှာ ဆိုးရွားတဲ့ အခြေနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မတ် ၊ ဧပြီ ၊ မေ ကာလတွေဟာ ကမ္ဘာတဝှမ်းကလူတွေ အိမ်ထဲအိမ်ပြင် မထွက်ဘဲ အလုပ်လုပ် ၊ ဝမ်းစာရှာကြလို့ Q3 မှာ တချို့တွေ Cover ပြန်လုပ်နိုင်တယ်၊ ပုံမှန်လို လည်ပတ်ဖို့ အဆင်ပြေသွားစေတယ်လို့ပဲ သုံးသပ်ရမယ် ထင်ပါတယ်။

Source: The VergeCNBC