This is digital planet.

AppleTech News

App Store ကနေ 2019 မှာ $519 Billion ဖန်တီးနိုင်ခဲ့တယ် ဆိုလိုက်တဲ့ Apple

2020 ၊ ဇွန်လ ၁၅ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းတပုဒ်အရ Apple ကုမ္ပဏီဟာ Anti-trust ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

Anti-trust ကို အလွယ်ပြောရရင် အမေရိကန် အစိုးရ ချမှတ်ထားတဲ့ ဥပဒေတစ်ရပ် ဖြစ်ပြီး သုံးစွဲသူတွေကို ရောင်းချသူ တနည်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးမြတ် မဖြစ်အောင် ကာကွယ်ထားတဲ့ သဘောပါ

စီးပွားရေး အတိုင်ပင်ခံ အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Analysis Group လေ့လာချက်တွေအရ 2019 မှာ $519 ဘီလီယံ ရောင်းချခဲ့ရမှုအပေါ် App Store ရဲ့ စုစုပေါင်း Billing တန်ဖိုးနဲ့ ကွာဟမှုတွေ ရှိနေခဲ့ပါတယ်။

App Store created Generous Amount

အဆိုပါ 519 ဘီလီယံဟာ 2019 မှာ ရောင်းချခဲ့ရတဲ့ Physical ProductsServices နဲ့ Digital Goods တို့ရဲ့ Total Billing ကို ပြောတာဖြစ်သလို ထိုငွေတွေဟာ App Store ကနေ ဖန်လာတာပါ။

Apple အနေနဲ့ $61 ဘီလီယံ ပမာဏမှာ Digital Items တို့ ပါဝင်ပြီး အဆိုပါ Items တွေဟာ Mobile GamesIn-app PurchaseSubscription နဲ့ Paid Apps တို့ရဲ့ Unit Sales တွေ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ အဆိုပါ Item ရောင်းချရတိုင်း 30% Cut (သို့) Long-lasting Subscriptions မျိုးဆိုရင် 15% ဖြတ်တောက်တာ ခံရမှာပါ။

Fastly growing Economy

Analysis Group လေ့လာမှုတွေအရ အဆိုပါ Earning ပမာဏဟာ Total Billing နဲ့ ကိုက်ညီမှု မရှိဘူးဆိုထားသလို ကျွမ်းကျင်သူတွေ ထည့်သွင်းထားတဲ့ Item တွေအရ Streaming Video Subscriptions

(အဆိုပါ Subscription ကို တနေရာရာက ဝယ်ယူသည်ဖြစ်စေ iOS Device ရဲ့ Media Consumption အတွင်း ပါဝင်သည်)

နောက်တစ်ခုက Enterprise App တွေကို ဝန်ထမ်းတွေ သုံးစွဲဖို့ ကုမ္ပဏီကြီးတွေက ဝယ်ယူခြင်း စတဲ့ Item တွေကိုပါ ရေတွက်ရင်တောင် မမျှဘူးလို့ သိရပါတယ်။

App Store Reports

Image: Apple

Apple ဖြတ်တောက်တဲ့ထဲမှာ ကြော်ငြာလည်း ပါဝင်ပြီး အထူးသဖြင့် မိုဘိုင်းဂိမ်းမင်း Sector ကနေ $45 Billion ဖြစ်ထွန်းစေခဲ့ပါတယ်။

ဒီ $61 နဲ့ $45 Billion တို့ နှုတ်ချလိုက်ရင် ကျန်ရှိနေတဲ့ $413 Billion ပမာဏဟာ Ride-hailing SoftwareFood Delivery Apps နဲ့ Best Buy လို App လက်လီ အရောင်းဆိုင်တွေကနေ ရရှိလာတာပါ။

ဒါကြောင့် iPhone ထုတ်နေတဲ့ Tech Giant ကုမ္ပဏီတစ်ခုအတွက် များပြားလှတဲ့ ငွေကြေးပမာဏကို တပတ်အတွင်း ဘယ်လိုဖန်တီးနေတာလဲ?

Undergoes Anti-trust policy

Apple အနေနဲ့ App Store လို လျှင်မြန်တဲ့ စီးပွားရေး လုပ်ငန်းရှိနေပေမယ့် စောနပြောသလို ကွာဟမှုတွေကြောင့် Department of Justice နဲ့ Federal Trade Commission တို့ Microscope အောက် ထားရတဲ့အထိ ဖြစ်လာစေတာပါ။

ပန်းသီးကတော့ ခပ်တည်တည်ပဲ “Dynamic ၊ Competitive and Flourishing” လို့ ပြောထားပါတယ်။

ကုမ္ပဏီအနေနဲ့ Developers ကို အလိုရှိနေသလို Anti-trust Regulators တွေကိုပါ App Store ဟာ ဘယ်လောက် ကျယ်ပြန့်တဲ့ Economy ဖြစ်ကြောင်း စဥ်းစား စေချင်ပုံရပါတယ်

အခုလို Lawsuit နဲ့ ကြုံရစေတာလည်း 30% ဖြတ်တောက်မှုပေါ် မူတည်ပြီး ပန်းသီးနဲ့အပြိုင် Music Streaming ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Spotify ဘာပြောလဲဆိုရင်

App Store က မိုနိုပိုလီလိုပါပဲ

(ကျွန်တော်တို့ဆီမှာဆိုရင် ဂျင်းထည့်တယ် ဆိုရမယ်ပေါ့)

Under circumstances of EU Nose

Rivals ဆိုပေမယ့် App Store မှာ Spotify ကို အသုံးပြုနိုင်သလို ကာလအတိုင်းတာတစ်ခုထိ ယှဥ်ပြိုင်မှုအပေါ် EU (European Union) က Spotify ဆိုထားတဲ့ Anti-trust Compliant အတိုင်း ဟုတ်မဟုတ် ပန်းသီးကို စုံစမ်းမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုလို တစ်ဖက်တစ်လှမ်းကနေ ဖိအားဖြစ်လာတဲ့အတွက် Siri Support for Spotify လို Friendly Feature မိတ်ဆက်ခဲ့သလို Developers တွေနဲ့ ပန်းသီး ဆက်ဆံရေးက အတွေးနှစ်မျိုး ဖြစ်လာစေတယ်လို့ သိရပါတယ်။

Apple အနေနဲ့ ကြားခံလူ မလိုတဲ့ ဆက်ဆံမှုမျိုး အလိုရှိသလို အာဏာပိုင် အဖွဲ့စည်းတွေ ပါဝင်လာခဲ့ရင် Relationship ပျက်သွားမှာ စိုးရိမ်တယ် နောက်တမျိုးက Mutual Respect ပုံစံမျိုးဖြစ်ပြီး Symbiotic Ecosystem လို အပြန်လှန် အကျိုးပြုပုံ ရပါတယ်။

How to optimize your app listing in the Apple App Store

အခုလို စုံစမ်းစစ်ဆေးမှုတွေထက် Analysis Report မှာ Travel Apps ကနေ $57 Billion ၊ Ride-hailing App နဲ့ Food Delivery ကနေ $40 နဲ့ $31 Billion အသီးသီး ရရှိထားတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒီပမာဏာဟာ ကိုက်ညီမှု မရှိဘူးဆိုတာ စာဖတ်သူတွေ ကြည့်တာနဲ့ သိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ $413 Billion ဟာ Physical Goods နဲ့ Services တို့ကလာတာ ပေါ်လွင်နေပြီး ထိုအထဲမှာ မိုဘိုင်းဖုန်းနဲ့ပဲ Commercial Transaction ပြုလုပ်တဲ့ M-commerce App က အဓိကဖြစ်နေတယ်လို့ သိရပါတယ်။

သူ့ကဏ္ဍတစ်ခုထဲက $268 Billion Generate လုပ်ခဲ့တယ်လို့ သိရပြီး ထိုအထဲမှာ Sales နဲ့ လက်လီ ရောင်းချမှုတွေက Majority ဖြစ်နေတာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Best Buy နဲ့ Target လို Retail Store ကတဆင့် Virtual Marketplace မှာ ရောင်းချနေတဲ့ Physical Goods နဲ့ Grocery Delivery ဝန်ဆောင်မှုတွေလည်း ပါဝင်နေပါတယ်။

သုတေသီတွေ အဆိုရ $519 Billion ပမာဏရဲ့ $138 Billion ဟာ US ကလာတာဖြစ်သလို $246 Billion ပမာဏဟာ တရုတ်က ဖြစ်တယ်လို့ ဆိုထားပါတယ်။

Source: The Verge