This is digital planet.

AppleTech News

iPhone 11 မော်ဒယ်တွေကို အိန္ဒိယမှာ ထုတ်လုပ်နေပြီဖြစ်တဲ့ Apple

Apple iPhone တွေ စျေးကြီးတယ်၊ စျေးကြီးတယ် ပြောကျတာ တပ်ဆင်ခ ၊ ပို့ဆောင်ခနဲ့ တခြားသော Regulation တွေ ကြောင့်ပါ။

အမေရိက အခြေစိုက် ကုမ္ပဏီ ဖြစ်နေပေမယ့် iPhone အစိတ်ပိုင်းတွေကို ကိုယ်တိုင် တပ်ဆင် အသုံးပြုတာထက်စာရင် လိုအပ်တဲ့ အနေထားလိုက် 3rd Party ကနေ ဝယ်သုံး ၊ တပ်ဆင်တာက အကုန်ကျ သက်သာစေသလို ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမို လျော့နည်းစေပါတယ်။

ဒီကိစ္စနဲ့ စပ်လျဥ်းလို့ သမ္မတကြီး Trump တစ်ယောက် Apple ကို ကမ်းလှမ်းဖူးတာ စာဖတ်သူတွေ ကြားခဲ့ကြမယ် ထင်ပါတယ်။

Make them in US

နှစ်အနည်းငယ် ကြာမြင့်သွားပြီ ဆိုပေမယ့် တရုတ်ကို ကြီးကြီးကျယ်ကျယ် ဖိနှိပ်နေတဲ့ ကာလတလျှောက် US (Texas နယ်) မှာ လာထုတ်လှည့်ပါလို့ နှစ်ခါတိတိ ပြောခဲ့ဖူးပါတယ်။

အမေရိကမှာပဲ ထုတ်လုပ်ရင် အခွန် 25% ကင်းလွတ်ခွင့် ရမှာဖြစ်ပေမယ့် သမ္မတနဲ့ တွေ့ပြီးပြောတဲ့အခါ Tim Apple တစ်ယောက် အကြောက်ကန် ငြင်းခဲ့တယ်။

Tim Cook and President Trump

Image: Business Insider

အကြောင်းပြချက်က iPhone Production Cost လျှော့ချနိုင်တာ တရုတ်မှာ ထုတ်လုပ်တာကလွဲရင် တခြားနည်းလမ်း မရှိဘူးလေ။

Even tiny Screw matters

Manufacturer ကြီး Foxconn ကလည်း တရုတ်မှာပဲ စက်ရုံတည်ပြီး Primary Components တွေ ထုတ်လုပ်ပေးနေတာဆိုတော့ တကယ်လို့သာ တရုတ်ကို စွန့်လိုက်ရင် ဒုက္ခရောက်ရပြီလေ။

ဒါပေမယ့် အမေရိကန် အစိုးရ ဖိနှိပ်မှုက တဆင့်ထက်တဆင့် ပြင်းထန်လာလို့ Apple အပါ US ကုမ္ပဏီကြီးတွေနဲ့ ASUS လို တရုတ်ကုမ္ပဏီပါ တရုတ်မဟုတ်တဲ့ ဒိပြင် အာရှနိုင်ငံမှာ သွားထုတ်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။

ပြောရင်တော့ အိန္ဒိယမှာ iPhone ထုတ်လုပ်မှု စတင်ပြီဆိုတာ အထက်က ဇာတ်လမ်းတွေက အဓိက ဆက်နွယ်မှုလို့ ဆိုရမှာပါ။

Next playground

လက်ရှိ ဒုတိယ အကြီးဆုံး စမတ်ဖုန်းစျေးကွက် ဖြစ်နေတဲ့ အိန္ဒိယ Playground ဟာ ပန်းသီးအပြင် Samsung ၊ Xiaomi နဲ့ တခြားသော စမတ်ဖုန်း Brand တွေ ပစ်မှတ်ထားတဲ့ နေရာတခုပါ။

Top Tier မှာ Samsung ပဲ ရှိနေပေမယ့် Cheaper ဖုန်းတွေ ခြေလှိမ်နေတဲ့ အဆိုပါနေရာဟာ စျေးကွက်ပိုင်ဆိုင်မှု 1% သာ ရှိတဲ့ Apple အတွက် စွန့်စားရာလည်း ဖြစ်နေပါတယ်။

Apple making iPhones in india

Image: 9to5Mac

လက်ရှိအချိန်မှာတော့ iPhone 11 မော်ဒယ်တွေကို အလုံးရေ အကန့်သတ်နဲ့သာ ထုတ်လုပ်နေပြီး လက်လီဆိုင်တချို့မှာ ရောင်းချနေပြီလို့ သိရပါတယ်။

သို့ပေမယ့် အိန္ဒိယမှာ သွားထုတ်လို့ Price Cut ဖြစ်မယ် မျော်လင့်ထားရင် မသေချာဘူးလို့ ပြောချင်ပါတယ်။

Just to avoid

စီးပွားကူးသန်း ဝန်ကြီးချုပ် “Piyush Goyal” က iPhone 11 မော်ဒယ်တွေ စတင်ထုတ်လုပ်နေပြီလို့ ကြေညာခဲ့ပေမယ့် Apple အနေနဲ့ ခွန်းတုံ့ပြန်ထားခြင်း မရှိပါဘူး။

အကြောင်းပြချက်က အိန္ဒိယမှာ တပ်ဆင်ရင် အစိုးရ တင်သွင်းခွင့် 20% သက်သာမှာဖြစ်သလို လက်ရှိရင်နေရတဲ့ Crisis အတွက် အသက်ရှုချောင်စေတယ်လို့ ဆိုရမှာပါ။

ဒိမတိုင်ခင် Apple အနေနဲ့ ထိုင်ဝမ်နိုင်ငံ အခြေစိုက် Wistron ကုမ္ပဏီနဲ့ 2017 ကတည်းက လက်တွဲခဲ့သလို iPhone SE ၊ iPhone 6s နဲ့ iPhone 7 အစရှိတဲ့ စမတ်ဖုန်းတွေကို တပ်ဆင်ဖို့အတွက် စာချုပ်ပြုလုပ်ခဲ့ပါတယ်။

အခုချိန်မှာတော့ အဆိုပါ ဖုန်းတွေ ထုတ်လုပ်ခြင်း မရှိတော့သလို အိန္ဒိယစျေးကွက်ကို မျက်စိကြလာတဲ့ နောက်ပိုင်း Xiaomi ၊ OPPO ၊ OnePlus နဲ့ Samsung တို့လို ကုမ္ပဏီမျိုးဟာ သူတို့ရဲ့ ဖုန်းမော်ဒယ်တချို့ကို အိန္ဒိယမှာပဲ ထုတ်လုပ်ပြီး အပြိုင် စျေးကွက်ရှာလာခဲ့တာပါ။

Foxconn makes iPhone 11 in India

ပန်းသီးအနေနဲ့ Production စတင်ဖို့ ကြံစည်နေတာ အချိန်ကာလတစ်ခုရှိသွားပြီ ဆိုပေမယ့် လုံခြုံမှု ၊ Quality Standard နဲ့ ကိုက်ညီတဲ့ အနေထားမျိုး မတွေ့ခဲ့လို့ ကြန့်ကြာနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒိနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြုပ်နှံပြီး လုပ်ငန်းစတင်မယ်လို့ ကြေညာခဲ့တဲ့ အခါမှာတော့ Apple ဂွင်တည့်သွားတယ် ဆိုရမှာပါ။

Foxconn makes iPhone 11 in India

Image: CNBC

Reuters သတင်းငှာန အဆိုရ ထိပ်တန်း စမတ်ဖုန်း Brand တွေကို ဒေါ်လာ ၆.၆ ဘီလီယံနဲ့ ဆွဲဆောင်ထားတယ်လို့ New Delhi က ဖော်ပြထားသလို မကြာခင် ကာလအတွင်းမှာ ပထမဆုံး အွန်လိုင်းစတိုးကို အိန္ဒိယမှာ ဖွင့်လှစ်လာမယ်လို့လည်း သိထားရပါတယ်။

ပန်းသီးအနေနဲ့ 2019 ကာလအတွင်းမှာ iPhone XR မော်ဒယ်ကို အိန္ဒိယမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ iPhone 11 မော်ဒယ်တွေကို Foxconn ကနေ ထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ အတွင်းမှာလည်း iPhone 12 စီးရီး မိတ်ဆက်ဖို့ ရှိနေသလို 2020 အစောပိုင်းကာလမှာ Intel Modem လုပ်ငန်းကို ဒေါ်လာ ၁ ဘီလီယံ တန်ကြေးနဲ့ ပိုင်ဆိုင်ထားတဲ့အတွက် 5G iPhone ကိုလည်း မကြာခင်ကာလတွေမှာ မြင်ရဖို့ရှိနေပါတယ်။

Source: The VergeTechcrunchReutersBloomberg