fbpx

This is digital planet.

AppleTech News

Apple Watch 4 က ကယ္တင္ခဲ့တဲ့ လူ႔အသက္တစ္ေခ်ာင္း

Zawgyi

အက်ႌအိတ္ကပ္ထဲမွာ ထည့္ထားတဲ့ Smartphone ေၾကာင့္ ေသနတ္က်ည္ဆံမွန္ၿပီး မေသခဲ့တာလိုမ်ိဳး Miracle ဆန္တဲ့ျဖစ္ရပ္ေတြကို Smartphone ေလာကမွာ တစ္ခုထက္မက ၾကားဖူးၾကမွာပါ။ ထူးျခားတာက ဒီတစ္ေခါက္ၾကားရတဲ့သတင္းကေတာ့ လူတစ္ေယာက္ရဲ႕အသက္ကို ကယ္တင္ေပးခဲ့တဲ့အရာကေတာ့ Apple ရဲ႕ Smartwatch ျဖစ္ေနတဲ့ ကိစၥပါ။

လြန္ခဲ့တဲ့ ၅ ရက္ေလာက္က Twitter ေပၚမွာ Elissa Lombardo ဆိုတဲ့ Account ပိုင္႐ွင္ကေန ခုလိုေရးသားခဲ့ပါတယ္။

“ဒီတစ္ပတ္အတြင္းမွာ Apple Watch ဟာ ကြၽန္မ ခင္ပြန္းရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့တယ္။ Apple Watch ကို ဝယ္ယူၿပီး ၂ ရက္အၾကာမွာပဲ သူ႔မွာ ႏွလံုးခုန္ႏႈန္း 150 bpm နဲ႔အတူ Atrial Fibrillation (ႏွလံုးေသြးေၾကာက်ဥ္း) ျဖစ္ေနေၾကာင္း ေဖာ္ျပခဲ့တယ္။ ဒါနဲ႔ အေရးေပၚဌာနကို သူေရာက္ၿပီးစစ္ေဆးခ်ိန္မွာ တကယ္ပဲ ႏွလံုးေသြးလႊတ္ေၾကာရဲ႕ အဓိကေနရာေတြမွာ ပိတ္ဆို႔မႈျဖစ္ေနတာ ေတြ႕႐ွိခဲ့ရတယ္။ Stent ႏွစ္ခု ထည့္ရၿပီးေနာက္မွာေတာ့ သူဟာ အေကာင္းပကတိအတိုင္း ျပန္ျဖစ္ခဲ့ရတယ္။ ဒီအေၾကာင္း ကမာၻကိုသိေအာင္ ေျပာေပးပါ” ဆိုၿပီး ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

 

 

Tim Cook ကလည္း သူမရဲ႕ Tweet ကို “သူမရဲ႕ ခင္ပြန္း ျပန္သက္သာလာတဲ့အတြက္ ဝမ္းသာပါေၾကာင္း၊ ဒီလိုကိစၥမ်ိဳးကို သိခြင့္ရတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း” ျပန္ၿပီး Retweet လုပ္ခဲ့ပါတယ္။

Apple Watch 4 မွာပါဝင္တဲ့ ECG Function ဟာ FDA ကေန တရားဝင္အသိအမွတ္ျပဳထားတဲ့ Health Function တစ္ခုျဖစ္ၿပီး အဲဒီ Function ေၾကာင့္ လူ႔အသက္တစ္ေခ်ာင္းကို ကယ္တင္ခဲ့ႏိုင္တယ္ဆိုတာကေတာ့ Apple အတြက္ ဝမ္းသာဂုဏ္ယူစရာပါ။

နာမည္ႀကီး Tech Youtuber ျဖစ္တဲ့ Unbox Therapy Channel ရဲ႕ Lewis ကေတာ့ Tim Cook ရဲ႕ Tweet ေအာက္မွာ “ဒါဟာ ကြၽန္ေတာ္ျမင္ဖူးသမ်ွေၾကာ္ျငာေတြထဲမွာ အေကာင္းဆံုးပါပဲ” လို႔ Comment ေပးမိတဲ့အတြက္ Fan တစ္ခ်ိဳ႕ရဲ႕ ၿငိဳျငင္မႈကို ခံခဲ့ရပါတယ္။

အဲဒီအခ်က္ကို သူ႔ရဲ႕ Video မွာ ျပန္႐ွင္းျပသြားတာကေတာ့ “လူတိုင္း ႏွလံုးေသြးေၾကာမပိတ္သလို၊ ေသြးေၾကာပိတ္တာကိုလည္း Apple Watch ဝယ္ဝတ္မွပဲ သိရမယ္ လို႔ ပံုေသမ႐ွိပါဘူး။ ဒါေပမယ့္ Apple Watch 4 ကို ဝတ္ထားျခင္းအားျဖင့္ Atrial Fibrillation လို ေရာဂါလကၡဏာမ်ိဳးျဖစ္လာခဲ့ရင္ ႀကိဳတင္သိ႐ွိ ကာကြယ္ႏိုင္မယ္။ ဒါဟာ Apple အတြက္ေတာ့ မရည္ရြယ္ပဲျဖစ္လာခဲ့တဲ့ အလွပဆံုးေၾကာ္ျငာတစ္ခုလို႔ ဆိုလိုခ်င္တာပါ” ဆိုၿပီး ေျဖ႐ွင္းသြားခဲ့ပါတယ္။

Unicode

Apple Watch က ကယ်တင်ခဲ့တဲ့ လူ့အသက်တစ်ချောင်း

အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ Smartphone ကြောင့် သေနတ်ကျည်ဆံမှန်ပြီး မသေခဲ့တာလိုမျိုး Miracle ဆန်တဲ့ဖြစ်ရပ်တွေကို Smartphone လောကမှာ တစ်ခုထက်မက ကြားဖူးကြမှာပါ။ ထူးခြားတာက ဒီတစ်ခေါက်ကြားရတဲ့သတင်းကတော့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အရာကတော့ Apple ရဲ့ Smartwatch ဖြစ်နေတဲ့ ကိစ္စပါ။

လွန်ခဲ့တဲ့ ၅ ရက်လောက်က Twitter ပေါ်မှာ Elissa Lombardo ဆိုတဲ့ Account ပိုင်ရှင်ကနေ ခုလိုရေးသားခဲ့ပါတယ်။

“ဒီတစ်ပတ်အတွင်းမှာ Apple Watch ဟာ ကျွန်မ ခင်ပွန်းရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ Apple Watch ကို ဝယ်ယူပြီး ၂ ရက်အကြာမှာပဲ သူ့မှာ နှလုံးခုန်နှုန်း 150 bpm နဲ့အတူ Atrial Fibrillation (နှလုံးသွေးကြောကျဉ်း) ဖြစ်နေကြောင်း ဖော်ပြခဲ့တယ်။ ဒါနဲ့ အရေးပေါ်ဌာနကို သူရောက်ပြီးစစ်ဆေးချိန်မှာ တကယ်ပဲ နှလုံးသွေးလွှတ်ကြောရဲ့ အဓိကနေရာတွေမှာ ပိတ်ဆို့မှုဖြစ်နေတာ တွေ့ရှိခဲ့ရတယ်။ Stent နှစ်ခု ထည့်ရပြီးနောက်မှာတော့ သူဟာ အကောင်းပကတိအတိုင်း ပြန်ဖြစ်ခဲ့ရတယ်။ ဒီအကြောင်း ကမ္ဘာကိုသိအောင် ပြောပေးပါ” ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

 

 

Tim Cook ကလည်း သူမရဲ့ Tweet ကို “သူမရဲ့ ခင်ပွန်း ပြန်သက်သာလာတဲ့အတွက် ဝမ်းသာပါကြောင်း၊ ဒီလိုကိစ္စမျိုးကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း” ပြန်ပြီး Retweet လုပ်ခဲ့ပါတယ်။

Apple Watch 4 မှာပါဝင်တဲ့ ECG Function ဟာ FDA ကနေ တရားဝင်အသိအမှတ်ပြုထားတဲ့ Health Function တစ်ခုဖြစ်ပြီး အဲဒီ Function ကြောင့် လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့နိုင်တယ်ဆိုတာကတော့ Apple အတွက် ဝမ်းသာဂုဏ်ယူစရာပါ။

နာမည်ကြီး Tech Youtuber ဖြစ်တဲ့ Unbox Therapy Channel ရဲ့ Lewis ကတော့ Tim Cook ရဲ့ Tweet အောက်မှာ “ဒါဟာ ကျွန်တော်မြင်ဖူးသမျှကြော်ငြာတွေထဲမှာ အကောင်းဆုံးပါပဲ” လို့ Comment ပေးမိတဲ့အတွက် Fan တစ်ချို့ရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။

အဲဒီအချက်ကို သူ့ရဲ့ Video မှာ ပြန်ရှင်းပြသွားတာကတော့ “လူတိုင်း နှလုံးသွေးကြောမပိတ်သလို၊ သွေးကြောပိတ်တာကိုလည်း Apple Watch ဝယ်ဝတ်မှပဲ သိရမယ် လို့ ပုံသေမရှိပါဘူး။ ဒါပေမယ့် Apple Watch 4 ကို ဝတ်ထားခြင်းအားဖြင့် Atrial Fibrillation လို ရောဂါလက္ခဏာမျိုးဖြစ်လာခဲ့ရင် ကြိုတင်သိရှိ ကာကွယ်နိုင်မယ်။ ဒါဟာ Apple အတွက်တော့ မရည်ရွယ်ပဲဖြစ်လာခဲ့တဲ့ အလှပဆုံးကြော်ငြာတစ်ခုလို့ ဆိုလိုချင်တာပါ” ဆိုပြီး ဖြေရှင်းသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.