fbpx

This is digital planet.

Tech NewsApple

iPad Pro ထက် မြန်လာမယ့် iPhone 12 ရဲ့ A14 Chipset

ခုချိန်က စမတ်ဖုန်း ရာသီဖြစ်နေတယ်ဆိုမယ့် COVID-19 လိုက် မွေနေတယ်။ နိုင်ငံတကာမှာ လူစုလူဝေး မဖြစ်ရလေအောင် ပွဲလမ်းသဘင်တွေ ရပ်နားထားသလို ဗိုင်းရပ်ပျော်မွေ့ရာ အအေးပိုင်းဒေသတချို့မှာ အိမ်ပြင်မထွက်ဖို့အထိ ပြောနေရတယ်။

အဲလေ..သွားနေတဲ့ Topic က iPhone တွေ အကြောင်းဆိုပေမယ့် ကျီးလန့်စာစား မဖြစ်ရအောင် စကားပလ္လင်ခံရတာပါ။ Apple ပရိသတ်တွေအတွက် သတင်းကောင်းပြောရမယ်ဆိုရင် မျိုးဆက်သစ်ဖုန်းမှာ A14 Bionic Chip သုံးဖို့ သေချာသွားပြီ။

A14 has Surfaced

သတင်းဆိုးက Android ဖုန်းတွေ 5nm Node မှာ အခြေခံပြီး ထွက်ရှိလာမယ့် Chip အသစ်တွေ ခေါင်းစားရပြီ။ Galaxy S20 ၊ OPPO Find X2 နဲ့ Mi 10 တွေလို အသစ်ဂျပ်ချွတ် Flagship ဖုန်းတွေ ရှိပေမယ့် ပွဲကလှပြီ (ဒါတောင် Kirin တွေမလာသေး)

Benchmark တွေအရ A12X နဲ့ A13 တို့ထက် Single-core ၊ Mult-core ရမှတ်တွေ ၃၀ ရာခိုင်နှုန်းလောက် ပိုမြန်နေတယ်။

A14 Chipset

Geekbench Result (Image: GizmoChina)

A14 နဲ့ပတ်သက်တဲ့ အချက်တစ်ချို့ Geekbench မှာ ပေါက်ကြားထားပြီး Mobile Processor တွေထဲမှာ ပထမဆုံး Clock Speed 3.0GHz (3,090 MHz Record) ကျော်သွားတဲ့ Chip ဖြစ်လာတယ်။

မြင်သာအောင် ပြောရရင် A12X နဲ့ ယှဥ်ထားတဲ့ Single-core Test မှာ 1,110 vs. 1,658 Points Multi-core  Test မှာတော့ 4,568 vs. 4612 Points ကွာသွားပါတယ်။

သိထားဖို့က A12X ဟာ 8-cores Chip ဖြစ်ပြီး A14 က 6-cores SoC ဖြစ်တယ် Geekbench Listing အရ Single-core Test မှာ 1,658 Points အထိရထားပြီး Multi-core Test ကတော့ 4,612 Points ရတဲ့အထိ ကြမ်းထားတယ်။

A14 is expected to use in iPhone 12

Image: The Verge

ဒါကြောင့်မလို့ A12X သုံးထားတဲ့ iPad Pro ထက် Single-core စွမ်းဆောင်ရည်မှာ ၄၅ ရာခိုင်နှုန်းလောက် ပိုမြန်သွားပြီလို့ ပြောနိုင်သလို A13 Chip နဲ့ ထပ်နှိုင်းရရင် 1,330 vs. 1,658 Single ၊ 3,435 vs. 4,612 Multi ဆိုတော့ စိတ်ဝင်စားစရာ ဖြစ်နေပြီ။

ဒါတောင် A14 ကို မမြင်ရသေးဘူး၊ ဒါမယ့် Mult-core Performance မှာ အမြင့်ဆုံး 4,608 ရရှိထားတဲ့ iPad Pro 11″ ထက်ပါ မြန်နေတော့ iPhone 12 က သေချာပေါက် စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ iOS devices တွေအတွက် Geekbench စာရင်းမှာ နေရာယူထားတဲ့ iPhone 11 Pro Max နဲ့ iPad Pro စံချိန်ကို ရိုက်ချိုးထားပြီး အခုလို Performance တက်လာတဲ့ နောက်ကွယ် အကြောင်းပြချက်က 5nm Process ဖြစ်သွားလို့ပါ။

iPhone 11

Image: The Verge

Geekbench အမှတ် များလာတာက CPU ဟာ စမ်းသက်စစ်ဆေးမှုတွေကိုမြန်မြန်နဲ့ လုပ်ဆောင်နိုင်လို့ပါ

A12 နဲ့ A13 တုန်းက 7nm ၊ 7nm Enhanced နဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး Clock Speed ကိုလည်း တင်တယ်၊ မြန်လာဖို့ ပါဝါပိုကျွေးရမယ်ဆိုမယ့် စွမ်းအင်ချွေတာနိုင်အောင် ဖန်တီးထားတယ်။

ဒီလိုပဲ A14 မှာ တစ်ပုံထဲချိုးပေးထားပြီး စွမ်းဆောင်ရည် တက်လာပေမယ့် Power Effeicent ဖြစ်အောင် 5nm ကို ဆင်းတယ်။ TSMC ကပဲ တာဝန်ယူသွားမှာ ဖြစ်ပြီး ပဏံရအောင် LPDDR5 RAM နဲ့ တွဲဖက်လာမယ်လို့ ပြောနေကြပါတယ်။

2020 မှာ ကိုယ်ပိုင် 5G သုံးလာမယ်ဆိုရင်တော့ ပွဲကပိုကြည့်ကောင်းပြီလေး…

Ref : Gizmochina