fbpx

This is digital planet.

AppleArticlesMicrosoft

Apps vs Programs

Zawgyi


What are Windows apps?




Unicode

Apple က iPhone ကိုမိတ်ဆက်လိုက်တဲ့အခါမှာ “App” ဆိုတဲ့စကားလုံးက ခေတ်စားလာခဲ့တယ်။ တစ်ကယ်တော့ App လည်း Software ပဲ Program လည်း Software ပါပဲ။ ဒါပေမဲ့ လူအများစုထင်နေတာက App ဆိုတာက Apple computer, iPhone or iPad တို့အတွက်ပဲလို့ထင်ကြတယ်။ Program ဆိုတာကတော့ များသောအားဖြင့် Windows computer တွေပေါ်မှာပဲ run တဲ့ software ပါ။

What are Windows apps?

Microsoft က Windows 8 ကိုမိတ်ဆက်လိုက်တဲ့အခါမှာ Windows အတွက် Apps တွေပါလာပါတယ်။ Windows 8/10 Apps တွေက Windows application/program တွေနဲ့မတူပါဘူး။ ဆိုတော့ Program ဆိုတာက အပြင် Source တစ်ခုကနေ install လုပ်ပြီးအသုံးပြုလို့ရတဲ့ software တစ်မျိုးပါ။ App ဆိုတာက Store တစ်ခုကထဲက install လုပ်ပြီး သုံးလို့ရတဲ့ အရာဖြစ်ပါတယ်။ Program ဆိုတာက executable file တစ်ခုပါ။ Data file တွေနဲ့မတူပါဘူး၊ executable file ဆိုတာ programming language တွေကို compile လုပ်ထားတဲ့ file တစ်ခုပါ။ အလွယ်ပြောရရင် executable files တွေက Windows မှာဆိုရင် .exe, .bat, .com and .bin တိုကိုခေါ်တာပါ။ MacOS မှာဆိုရင်တော့ .dmg and .app ပဲဖြစ်ပါတယ်။

Program တွေကို run နိုင်တဲ့ လူသုံးများတဲ့ OS တွေက Windows နဲ့ Mac ပါ။ Mac မှာလည်း App Store ရှိသလို Windows မှာလည်း Store ရှိတဲ့အတွက် Windows ကော Mac ပါ App ကော Program ကော ၂ ခုလုံးသုံးလို့ရပါတယ်။ 2-in-1 Windows Laptop တွေက Tablet ဆန်ဆန်လည်းသုံးလို့ရတော့ Program တွေကိုလည်း Run နိုင်ပါတယ်။ Program ကို Run လို့မရတဲ့ Windows လည်းရှိပါတယ် အဲ့ဒါက Windows 10 S ပါ။ Microsoft အနေနဲ့ ဟိုအရင်က Surface Pro ကို ကြေငြာတော့ iPad နဲ့ယှဉ်ပြီး “မင်းမှာ Program သုံးလို့ရလား” ဆိုတဲ့မေးခွန်းတွေနဲ့ သူ Product ကိုထုတ်ကြွားခဲ့ပါတယ်။ ၂၀၁၈ iPad Pro လည်း ကြမ်းလာတယ် Laptop Killer ဘာညာပြောပေမဲ့ App သုံးနိုင်တဲ့ Tablet အဆင့်မှာပဲရှိပါတယ်။

ဒီတော့ တစ်ဖက်က Hardware Performance တွေ ဘယ်လောက်လန်ပျံအောင် တက်လာပါစေ Program File တွေကို Run နိုင်ခွင့် Software Limitation ရှိနေသရွေ့တော့ iPad တွေဟာ Laptop တွေကို တကယ်အစားထိုးနိုင်မယ့် Device တွေ ဖြစ်နေဖို့ လိုနေဦးမယ်ထင်ပါတယ်။

Photo from Internet