fbpx

This is digital planet.

HuaweiTech News

AR နည်းပညာသုံး မျက်မှန်တွေကို ဖန်တီးနေတဲ့ Huawei

လွန်ခဲ့တဲ့လအနည်းငယ်က Huawei ရဲ့ CEO Richard Yu ဟာ သူတို့အနေနဲ့ AR နည်းပညာကိုအသုံးပြုနိုင်တဲ့ မျက်မှန်တွေဖန်တီးဖို့ကြိုးစားနေကြောင်း CNBC နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပြီးနောက် 2019, February မှာတော့ World Intellectual Property Organization (WIOP) ကနေ ထုတ်ပြန်ခဲ့တဲ့ Huawei ရဲ့ AR မျက်မှန် Design မူကြမ်းကို ထပ်မံအတည်ပြုခဲ့ပြန်ပါတယ်။

ar-bril-smartwatch-1024x969

ထူးခြားတာတစ်ခုက ပုံမှာ AR Glasses နဲ့တွဲသုံးရမယ့်ပစ္စည်းဟာ Smartphone မဟုတ်ပဲ Smartwatch ဖြစ်နေတာပါ။ ဒီဇိုင်းပုံကြမ်းအရ Smartwatch ကို Adaptor နဲ့တွဲဆက်ပြီး Smartwatch ပေါ်ကပုံရိပ်တွေကို မျက်မှန်ပေါ်မှာထင်ဟပ်အောင် ဖန်တီးမယ်လို့ ယူဆရပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုက AR Glasses အတွက် လိုအပ်မယ့် Camera ပါ။ ဈေးကွက်ထဲမှာ Camera ပါဝင်တဲ့ Smartwatch တစ်ချို့ရှိနှင့်ပြီးဖြစ်ပေမယ့် Huawei အနေနဲ့ သူတို့ Smartwatch တွေမှာ built-in Camera တပ်ဆင်ပေးထားခြင်း မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် Huawei အနေနဲ့ AR Glasses နဲ့အတူ Camera ပါဝင်တဲ့ Smartwatch မျိုးဆက်သစ်ကိုပါ မိတ်ဆက်ပေးသွားနိုင်ခြေရှိနေပါတယ်။ Huawei ရဲ့ AR Glasses တွေကိုတော့ 2019 နှစ်ကုန်ပိုင်းလောက်မှာ မြင်တွေ့ရနိုင်မယ်လို့ ခန်းမှန်းထားကြပါတယ်။

Source