fbpx

This is digital planet.

AsusTech News

ASUS ရဲ့ ROG Phone 2 တွင် ပိုကောင်းမွန်သော SoC ကို အသုံးပြုသွားမည်

ASUS ရဲ့ ROG Phone II မှာ Qualcomm ရဲ့ SoC အသစ်ဖြစ်တဲ့ Snapdragon 855 Plus ကို အသုံးပြု မိတ်ဆက်သွားလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီ Snapdragon 855 Plus chipset က ရိုးရိုး Snapdragon 855 နဲ့ ဘာကွာလဲဆိုရင် CPU Clocks speed ပိုင်းမှာ အရင် 2.84GHz အစား 2.96GHz ထိတိုးမြှင့်ပေးထားပါတယ်။ ဒါကြောင့် မြန်ဆန်မှုပိုင်းမှာဆိုရင် ရိုးရိုး SD 855 ထက် 4.2% CPU performance တတ်လာမှာပါ။

Image result for asus rog phone 2

GPU ပိုင်းမှာဆိုရင်လည်း Adreno 640 ကို Snapdragon 855 Plus မှာ သုံးထားတယ်ဆိုပေမဲ့ clocked GPU ဖြစ်လို့ performance ပိုင်းမှာ 15% Snapdragon 855 ထက်တိုးတတ်လာမှာဖြစ်ပါတယ်။ အခြား RAM နဲ့ Storage ပိုင်း Support လုပ်မှာတော့ ပြောင်းလဲမှု သိပ်မရှိပါဘူး။

Image result for asus rog phone 2

Performance ပိုကောင်းတဲ့ SoC ကို သုံးတာက အရင် ROG Phone ထုတ်လုပ်ခဲ့တာနဲ့ တူနေပါတယ်။ 1st Gen ဖြစ်တဲ့ ROG Phone မှာဆိုရင်လည်း Snapdragon 845 ဆိုပေမဲ့ Overclocked လုပ်လို့ရတဲ့ Chipset ကို သုံထားပြီး အခု အသစ်ထွက်ရှိမဲ့ ROG Phone 2 မှာလည်း ပိုအားသာချက်တွေရှိတဲ့ Snapdragon 855 Plus ကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တဲ့ ဒီပိုမိုအားသာချက်တွေရှိနေတဲ့ Snapdragon 855 Plus အသုံးပြုမဲ့ ပထမဆုံးဖုန်းကတော့ ASUS ROG Phone 2 ဖြစ်လာမှာပါ။

ASUS အနေနဲ့ ROG Phone 2 ကို ဒီလ July 23 မှာမိတ်ဆက်ဖွယ်ရှိနေပါတယ်။

Ref: GSMARENA