fbpx

This is digital planet.

AsusTech News

ASUS ရဲ့ Smartphone, Laptop တို့နဲ့ချိတ်ဆက် အသုံးပြုနိုင်သော Portable Monitor များ

ASUS Portable Monitor တွေက ကျွန်တော်တို့ရဲ့ Smartphone တွေ Laptop တွေအတွက်တစ်ကယ်အသုံးဝင်တဲ့ Monitor တွေလို့ပြောလို့ရပါတယ်။ ဖုန်း Company တော်တော်များများက Second Display ဘက်ကို မသွားချင်တဲ့အခါ လိုအပ်ရင် သုံးဖို့ Foldable Phone တွေဘက်ကို ပြောင်းလဲထုတ်လုပ်လာကြပါတယ်။ Foldable ဆိုတာကလဲ လက်ရှိအချိန်မှာ ဈေးကြီးပြီး အရမ်းကြီး အသုံးဝင်တဲ့အနေအထားမဟုတ်တော့ ဒီလို Portable Monitor လေးတွေ ပေါ်လာတာ ကောင်းတယ်လို့ပြောရမှာပါ။ ASUS က Smartphone တွေ Laptop တွေ Nintendo Switch တို့ ROG ဖုန်းတို့နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မဲ့ Portable Monitor ၂ ခုကို ဒီ နှစ် Computex 2019 မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ROG Strix XG 17 240Hz Gaming Monitor နဲ့ ASUS Zen Screen Touch တို့ပဲဖြစ်ပါတယ်။

Image result for rog strix xg 17

ROG Strix XG 17 240Hz

ဒီ Monitor ကတော့ Gamer တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ Display အကျယ်က 17.3 inch ရှိတဲ့အပြင် 240Hz Refresh rate နဲ့ဆိုတော့ fps Game တွေကို ရှယ်ဆော့လို့ကောင်းမှာသေချာပါတယ်။ Resolution အနေနဲ့ 1080p ထိပါဝင်မှာဖြစ်ပြီး USB-C x2 နဲ့ Micro HDMI port နဲ့ Battery 7800mAh တို့ပါဝင်မှာဖြစ်ပါတယ်။ ASUS ဘက်ကပြောတာတော့ 240Hz Refresh rate ထိသုံးမယ်ဆိုရင် Power သုံးမှုမှာ ၃ နာရီလောက်ခံမယ်ပြောပါတယ်။ GPU ကပေးနိုင်သလောက် Screen response time ကို 3ms ထိထုတ်ပေးနိုင်တာဆိုတော့ Ghost image ဖြစ်တာတွေကိုလည်း လျော့ချပေးနိုင်ပြီး Game ကို အဆင်ပြေချော့မွတ်အောင်ဆော့နိုင်မှာဖြစ်ပါတယ်။

Image result for rog strix xg 17

GPU ရဲ့ ပေးနိုင်စွမ်းအပေါ်မူတည်ပြီး Refresh rate ကို 48Hz ကနေ 240Hz ထိ စွမ်းဆောင်နိုင်တဲ့ Adaptive-Sync နည်းပညာလည်းပါဝင်ပါသေးတယ်။ IPS panel သုံးထားပေးမယ့် 178° ထိ Viewing angle ကိုကောင်းကောင်းကြည့်လို့ရမယ်လို့သိရပါတယ်။ စာရေးသူတောင် ဒီ ROG Strix XG 17 ကို Nintendo Switch နဲ့တွဲပြီး Crash Bandicoot N. Sane Trilogy ကိုဆော့ခဲ့ပါသေးတယ် ROG Phone နဲ့တွဲပြီးတော့လည်း Asphalt 9 ကိုလည်း ဆော့ခဲ့ပါသေးတယ်။ Game ဆော့ဖို့ Headset ကျန်ခဲ့ရင်တောင် 1W Speakers ပါတဲ့အတွက် အေးဆေးလို့ပြောရမှာပါ။ လက်မဝက်လောက်ပဲ အထူရှိတဲ့အတွက် လွယ်အိတ်ထဲထည့်သယ်သွားဖို့ အဆင်ပြေပါတယ်။ Nintendo Switch တို့ ROG Phone တို့နဲ့မှမဟုတ်ဘူးနော် Gaming Laptop နဲ့ချိတ်ဆက်ပြီး ဆော့လို့ရပါတယ်။ Gaming Laptop ဆိုပေမဲ့ 240 fps ထိ Push လုပ်နိုင်တဲ့ GPU ရှိမှ ဒါမှမဟုတ် 240 fps ဆော့လို့ရတဲ့ Game မျိုးဆော့မှ ဒီအရသာကို အပြည်အဝခံစားရမှာပါ။

Image result for asus zen screen touch

ASUS Zen Screen Touch

ဒီ Portable Monitor လေးကတော့ စာရေးသူအကြိုက်ပါ။ စာရေးသူက Game ထက် Productivity ဘက်ကို ဦးစားပေးသူဆိုတော့ ဒီ Zen Screen Touch က ကျွန်တော်နဲ့ ပိုလိုက်ဖက်မယ်လို့ ခံစားရတယ်။ Display ပိုင်းမှာ 15.6 inch ကျယ်ဝန်းပြီး Full HD touchscreen အမျိုးအစားကို သုံးပေးထားတာပါ။ USB-C Monitor ဖြစ်တဲ့အတွက် ဖုန်းတွေ Laptop တွေနဲ့ လွယ်ကူစွာ ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ Battery ပိုင်းမှာလဲ 7800mAh ကိုတပ်ဆင်ပေးထားပါတယ်။ Portable Monitor ဖြစ်လို့ Laptop နဲ့ချိတ်ပြီး ဘေးမှာ Landscape အနေနဲ့ သုံးမလား Portrait အနေနဲ့အသုံးမလား အဆင်ပြေပြေသုံးလို့ရမှာပါ။ အထူးသဖြင့် Creator တွေနဲ့ Programmer တွေအတွက် အသုံးဝင်ပါတယ်။ 780g လေးပြီး 8mm အထူရှိတဲ့အတွက် Backpack ထည့်ပြီး အေးဆေးသယ်သွားလို့ရပါတယ်။ ပြီးတော့ Blue Light filter ပါတဲ့အတွက် သင့်မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားနေတာတစ်ခုက S10 လိုဖုန်းမျိုးနဲ့ ချိတ်ဆက်တဲ့က UI Experience က DeX ပုံြပောင်းပြီး ပိုလွယ်ကူသွားမလားဆိုတာ စိမ်းသပ်ချင်မိပါတယ်။ နောက်ပြီး ဖုန်းနဲ့ Adobe Lightroom တို့ Office တို့ Productivity App သုံးသူတွေဆိုရင် ဒါလေးစောင်ထားတာ ပိုအဆင်ပြေလိမ့်မယ်ထင်မိတယ်။ Pen ပါဝင်တဲ့အတွက် ပုံဆွဲတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

Image result for asus zen screen touch

အဆိုပါ Portable Monitor ၂ ခုရဲ့ ဈေးနှုန်းကို မသိရသေးပေမဲ့ June လမှာစတင်ရောင်းချမယ်လို့ သိရပါတယ်။ အကယ်လို့ စာရေးသူလက်ထဲရောက်ခဲ့ရင်လည်း အချိန်ဘယ်လောက်ကြာ အသုံးခံသလဲ အပြင်ထွက်ဖို့ သယ်ယူတဲ့အခါ အဆင်ပြေမှုရှိရဲ့လားဆိုတာ User Experience ကို Sharing လုပ်သွားပါဦးမယ်။ ဒီ Portable Monitor လေးတွေ ထုတ်လုပ်နေတာကိုကြည့်ခြင်းအားဖြင့် လက်တွေ့မှာ Second Screen တွေလိုအပ်နေတာကိုတွေ့ရမှာပါ။