fbpx

This is digital planet.

AsusTech News

ASUS ROG Phone 2 မဖြစ်လာခင် Design အကြမ်းများ

ASUS အနေနဲ့ Hardcore gamers and Android power users တွေအတွက် အကောင်းဆုံး Smartphone ကိုထုတ်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ Designer Engineers တွေအနေနဲ့ ROG Phone 2 အတွက် ကိုက်ညီတဲ့ Design မတွေ့ခင်မှာ ပြဿနာတော်တော်များမျာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အောက်မှာတော့ မသုံးဖြစ်ခဲ့တဲ့ Design အကြမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဖုန်းရဲ့ Design က ဂိမ်းကို တစ်ပတ်အတွင်း 16 နာရီထက်ပိုကစားတဲ့သူတွေ နဲ့ Flagship Phone တစ်လုံးမှာ Exclusive Features တွေကိုလိုချင်တဲ့ သူတွေအတွက် ပစ်မှတ်ထားတယ်လို့ပြောရပါမယ်။ အဲ့လိုလူတွေက Screen Size ခပ်ကြီးကြီးကိုလိုချင်ပြီး ဖုန်းကလေးနေရင်တောင် စိတ်ထဲမရှိပါဘူးလို့ ASUS ကပြောထားပါတယ်။ Design ရဲ့သက်မှတ်ချက်အရ ဖုန်းက 78mm ထက်အလေးချိန်မပိုရပါဘူး။ အဲ့အခြေအနေကသာ One Handed Use မှာအဆင်ပြေလို့ပါတဲ့။ ပထမဆုံးအခြေအနေက Battery Capacities နဲ့ Screen Size ကိုကိုက်ညီအောင် စဉ်းစားရပါတယ်။ ASUS အနေနဲ့ Screen Size ( 6.59” ကနေ 6.75”ထိ) နဲ့ Battery Capacity (5,000mAh ကနေ 7,000mAh ထိ) စတဲ့မတူညီတဲ့ပေါင်းစပ်မှုကိုသုံးပြီး ကြိုးစားခဲ့ပါတယ်။ အလေးချိန်ကလည်း ဖုန်းရဲ့ Screen size ၊ Battery နဲ့ ဖုန်းရဲ့အထူကို လိုက်ပြီးပြောင်းလဲပါတယ်။

Photo from GSMARENA.

နောက်ဆုံးမှာတော့ Team က 6.59” screen နဲ့ a 6,000mAh battery (9.5mm ထူပြီး 240g လေးပါတယ်) ကိုပဲအသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့တာက တခြား Design အကြမ်းတွေထက် ပိုပါးပြီး ပေါ့ပါတယ်။ ဒါပေမယ့် လက်ရှိ Flagship Phones တွေထက် ပိုထူပြီး လေးပါတယ်။ ပုံမှာတော့ သုံးဖို့လုပ်ခဲ့တဲ့ Back Cover Design ၈ ခုပါ။

Photo from GSMARENA.

Asus အနေနဲ့ မတူညီတဲ့ Materials တွေကို ကစားတတ်တယ်လို့ပြောရပါမယ်။ ROG Phone 2 မှာ Super Cooling ကို အဓိကထားပေးထားတာကြောင့် Water Resistance တော့မပါရှိတော့ပါဘူး။ ဒါမဲ့ ဖုန်းရဲ့အတွင်းဘက်နဲ့ အပြင်ဘက်တည်ဆောက်ပုံအရ Heat management ပိုင်းမှာ အပူမတတ်အောင် ပိုကောင်းတဲ့ Design နဲ့တည်ဆောက်ထားတာပါ။

Photo from GSMARENA.

Flagships ဖုန်းတော်တော်များများမှာ CPU/GPU Coolers တွေ့ဖြစ်တဲ့ Vapor chamber cooling နဲ့ heat pipes တွေကို ပိတ်ထားတာများတဲ့အတွက် အပူတွေကိုလှောင်ထားသလိုဖြစ်နေပါတယ်။ GSMARENA ရဲ့ စမ်းသပ်ချက်အရ Vapor chamber ပါတာက ROG Phone 2 ရဲ့ Thermal throttling (CPU ပူလာခြင်းကိုအေးသွားစေခြင်း)ကို အေးလောက်တဲ့အထိ မလုပ်နိုင်ဘူးလို့ ပြောထားပါတယ်။

Photo from GSMARENA.

ပိုမိုကောင်းမွန်တဲ့ Gaming or desktop experience ကိုရရှိနိုင်ဖို့ Accessories တွေတော်တော်လေးစုံတာကိုတွေရမှာပါ။ ဖုန်းကြည့်ပဲကိုင်ထားရင်တောင် AirTrigger II shoulder buttons စတဲ့ Controls တွေကိုရနေဦးမှာပါ။ (AirTriggers ဆိုတာ ဖုန်းမှာပါရှိတဲ့ ultrasonic sensor zones သုံးခု ဖြစ်ပြီး မတူညီတဲ့ Functions တွေကိုလုပ်ဆောင်ပေးပါတယ်။ ဂိမ်းတွေကိုကောင်းအောင်လုပ်ဆောင်ပေးနိုင်ဖို့နဲ့ Apps တွေကို ဖွင့်ပေးခြင် စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်) အဲ့လိုမျိုး AirTrigger II shoulder buttons တွေရဲ့ pattern နဲ့ texture တွေရရှိဖို့ အကြိမ်ကြိမ်လုပ်ခဲ့ရပါတယ်တဲ့ ။ အဲ့ Sensor တွေကို အသုံးပြုတဲ့အခါမှာ ခလုတ်အစစ်လို့ထင်ရစေနိုင်ပါတယ်။

Photo from GSMARENA.

Horizontally အခြေအနေမှာ ဂိမ်းဆော့နေရင် Bandwidth နဲ့ latency ပိုကောင်းစေဖို့ Wi-Fi and 4G antennas တွေကို တပ်ပေးထားပါတယ်။ ဒါတွေက ဖုန်းလိုင်းတွေကျသွားတာမျိုးမဖြစ်တော့ပါဘူး။ Front Facing Camera ကို Landscape ပုံစံထားပေးထားတဲ့အတွက် Game Streaming မှာသင့်ရဲ့ရုပ်ကိုကောင်းကောင်းတွေ့ရမှာပါ။

Photo from GSMARENA.

Accessories တွေကိုလဲပြောရပါဦးမယ်။ သူတို့က ဖုန်းနဲ့တပ်ဆင်ပြီးမှသာ Develop ဖြစ်ပါတယ်။ TwinView Dock II အသစ်က သက်တောင့်သက်သာရှိတဲ့ အလေးချိန်ကိုရဖို့ သေချာ Design လုပ်ထားတယ်လို့ သိရတယ်။ (အဲ့ဒီ Dock II မှာ  5000 mAh Battery အပါဝင် Counter weight ရှိတယ်)

Photo from GSMARENA.

ကျွန်တော်တို့အနေနဲ့ ROG Phone II Design က ROG Phone နဲ့ သိပ်မကွာဘူးလို့ ထင်ရပေမဲ့ Asus အနေနဲ့ ဘယ်လို ကြိုးစားကျော်ဖြတ်ခဲ့တယ်ဆိုတာကို ဒီပုံတွေမှာတွေ့ရပါတယ်။ ကဲ စာဖတ်သူတို့ကော ဒီဖုန်းနဲ့ ပက်သက်ပြီး ဘယ်လိုသဘောရသလဲ ဒီဖုန်းနဲ့ ပက်သက်ပြီး ကျွန်တော်တို့ PLANET X ကအမြင်တွေကိုလည်း ရေးသားသွားပါဦးမယ်။

Ref: GSMARENA