This is digital planet.

AsusTech News

Overclocked CPU ၊ 5,800 mAh Battery ပါဝင်တယ်လို့ ပေါက်ကြားလာတဲ့ ROG Phone 3

Unity ရဲ့ Verified Partner ဖြစ်လာတဲ့ တပြိုင်နက် ROG Phone 3 ဂိမ်းမင်းဖုန်း ထွက်ရှိမယ်လို့ ကျွန်တော်တို့တတွေ သိရှိခဲ့ရပြီး ဖြစ်ပါတယ်။ Partner ဖြစ်လာတဲ့နည်းတူ ROG ဖုန်းတွေဟာ တနည်းအားဖြင့် ဆိုရသော် Developer Software Kits (SDK) အထောက်ပံ့ ကောင်းကောင်း ရထားမယ့် ဖုန်းတွေပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာလို ROG ဖုန်းတွေဟာ Unity-based ဂိမ်းတွေရဲ့ Test Device ဖြစ်လာသလို ဂိမ်းမင်း စွမ်းဆာင်ရည်ပိုင်းမှာ တမျိုးတဖုံ အားဖြည့်ခံထားရမှာပါ။

New ROG Gaming Phone

ASUS အနေနဲ့လည်း ROG Phone 2 အပါဝင် မကြာခင် မြင်တွေ့ရဖွယ်ရှိတဲ့ ROG Phone 3 မှာ Unique Feature ၅ မျိုး ပါဝင်မှာ ဖြစ်သလို မော်ဒယ်သစ် ထုတ်လုပ်သွားမယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။

ဒီတခါ ပေါက်ကြားလာ ROG ဂိမ်းမင်းဖုန်းမှာ ပါဝင်လာမယ့် Hardware ပိုင်းဆိုင်ရာ အချက်လက်တချို့ပါ။ TENAA Certification ကတဆင့် မြင်တွေ့လာရတာ ဖြစ်သလို ပထမအကြိမ် Leak ဖြစ်တုန်းက Snapdragon 865 SoC ၊ 12GB RAM နဲ့ Android 10 OS သုံးစွဲထားမယ်လို့ Geekbench Listing မှာ တွေ့ခဲ့ရပါတယ်။

Asus ROG Phone III 12GB RAM variant surfaces on Geekbench

စာဖတ်သူတွေ သတိပြုစေလိုတာ အခုဖော်ပြသွားမယ့် အချက်လက်တွေဟာ အတည်ပြုထားတဲ့ အချက်လက်တွေ မဟုတ်ပါဘူး။ သို့ပေမယ့် ထောက်ချင့်ပြီး သုံးသပ်နိုင်သလို ROG ဖုန်းသစ်မှာ 5,800 mAh Battery သုံးစွဲထားမှာပါ။

A 144Hz Display

ခေတ်ပေါ် ဖုန်းတွေထက် အရွယ်စားသေးငယ်တဲ့ 5.69” Screen တပ်ဆင်လာနိုင်ပြီး အများသူငှာ မျှော်လင့်ထားတဲ့ အချက်တစ်ချက်က 144Hz Refresh Rate အထောက်ပံ့ ပါဝင်မယ့် OLED Display ပါ။

Resolution အနေနဲ့ကတော့ 1,080 x 2,400 (Full HD+) အနေနဲ့ပဲ မြင်ရဖို့ရှိနေပြီး 5,800 mAh Battery ကို 30W နှုန်းနဲ့ အားသွင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

64MP Primary Lens နဲ့ 13MP Secondary Shooter ပါဝင်မယ်လို့ သိထားရပေမယ့် ကင်မရာပိုင်းမှာ ဝိုးတဝါးဖြစ်နေဆဲပါ။

Set new record on AnTuTu

ဖော်ပြပါ အချက်လက်တွေနဲ့ ပတ်သက်လို့ AnTuTu Benchmark မှာ ပေါက်ကြားလာတာ ROG စမတ်ဖုန်းရဲ့ Overclocked CPU စွမ်းဆောင်ရည်ဖြစ်ပြီး လက်ရှိအမြန်ဆုံး OPPO Find X2 Pro ထက် ရမှတ် ပိုများနေခဲ့ပါတယ်။

 AnTuTu scored

Image: GSMArena

အမြင့်ဆုံး Frequency ကို 3,09GHz အထိ Overclocked လုပ်နိုင်ခဲ့သလို 2.84GHz မြန်နှုန်းနဲ့ ပုံမှန် Run နေမယ့် Processor ကို Cool Down လုပ်နိုင်တာ စိတ်ဝင်စားစရာ ဖြစ်စေမှာပါ။

ဒါကြောင့် Liquid Cooling (သို့) Active Airflow Cooling System သုံးစွဲလာမယ်လို့ ခန့်မှန်းထားကြပြီး ROG ဖုန်းသစ်ကို ဇူလိုင်လထဲ မြင်ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: GSMArena