fbpx

This is digital planet.

AsusTech News

Asus ROG Phone II က တရုတ်မှာတင် ကြိုတင်စာရင်းပေးသူ 1.6 million အထက်ရှိလာ

ASUS က Snapdragon 855+ SoC ကို ပထမဆုံး အသုံးပြုလာတဲ့ ROG Phone II ကို တနင်္လာနေ့တုန်းက စတင်မိတ်ဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ Shopping Website တစ်ခုဖြစ်တဲ့ JD.com မှာဆိုရင်လည်း ROG Phone II နဲ့ပက်သက်ပြီး ဈေးနှုန်းတွေထွက်ပေါ်လာခဲ့သလို Product ကို July 31 မှစတင်ရောင်းချမယ်ဆိုပေမဲ့ ပထမဆုံး Flash Sales အတွက် လူပေါင်း 1.6 million ကျော် Sign Up လုပ်ထားတယ်လို့ သိရပါတယ်။ ဒါက ဒီဖုန်းကို ၀ယ်ဖို့အတော်လေး ရောင်းအားတတ်နေတယ်လို့ပြောရမှာပါ။

Image result for asus rog phone ii

ASUS ROG Phone II ကို လူတွေစိတ်ဝင်စားနေတဲ့ အကြောင်းအရင်းတစ်ခုမှာ ဈေးနှုန်းအနေနဲ့ $510 ၀န်းကျင် မြန်မာငွေ ၈ သိန်းဝန်းကျင်လောက်ဖြင့် ၀ယ်လို့ရတာဖြစ်ပါတယ်။ တရုတ်နည်းပညာ Company ဖြစ်တဲ့ Tencent ရဲ့ အကူညီနဲ့ ASUS က ပူးပေါင်းပြီး ROG Phone II ကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ROG Phone II Local ဈေးကွက်မှာ အတော်လေး လူစိတ်ဝင်စားမှုခံနေရပါတယ်။

Image result for asus rog phone 2

Tencent နဲ့ မပေါင်းထားတဲ့ Standard Edition ကိုတော့ 12 GB RAM နဲ့ 128 GB storage ရှိတဲ့ Unit ကိုဝယ်မယ်ဆိုရင် တရုတ်ယွမ် ၆၀၀၀ အမေရိကန် $873 (မြန်မာငွေ ၁၃ သိန်းကျော်) နဲ့ဝယ်လို့ရမှာပါ။ အဲ့ထက် Ram နဲ့ Storage ပိုများတဲ့ Unit တွေလည်းရှိပါတယ်။ နောက်အပတ်လောက်မှာ တရုတ်က Users တွေအနေနဲ့ အစောဆုံး ROG Phone II ကိုကိုင်ခွင့်ရမှာပါ။ နိုင်ငံတကာဈေးကွက်မှာတော့ August လဝက် လောက်မှ စတင်ရောင်းချနိုင်ပါတယ်။

Ref: GSMArena