fbpx

This is digital planet.

ArticlesAsus

Asus ROG Strix Scar II ကိုစမ်းသုံးခြင်း

Asus ဟာ မြန်မာနိုင်ငံကို Asus ROG Strix Scar II (GL504GM/GS) ကိုမသွင်းဘူးလို့ ကြားပါတယ်။ သူနဲ့ အနည်းငယ် Specs ကွာတဲ့ Hero II ကိုပဲ Local မှာဝယ်ယူလို့ရမှာပါ။ အခုလိုမြန်မာပြည်မှာ ၀ယ်ယူလို့ မရတဲ့ Scar II ကို ရက်အနည်းငယ်စမ်းသုံးခွင့်ရတဲ့အတွက် Asus ကိုအရင်ဆုံးကျေးဇူးတင်ပါတယ်။

အရင်ဆုံး Local ကိုသွင်းမဲ့ Hero II နဲ့ Scar II အကြောင်းလေး ဆက်ရအောင်…

Specs အရသိပ်မကွာပေမဲ့ ဈေးကတော့ တော်တော်လေးကွာသွားပါတယ်။ Design ပိုင်းတွေအတူတူပဲ။ သိသာ ကွဲစေတာက Keyboard Layout နဲ့ Design ပါ။ Scar II မှာဆိုရင် GL504GM နဲ့ GL504GS (17 inch) ဆိုပြီး နှစ်မျိုးလာတယ်။ GS Model ကတော့ GTX 1070 သုံးထားပြီး GM ကတော့ GTX 1060 ကိုသုံးထားပါတယ်။ Hero II မှာက GTX 1060 တစ်မျိုးထဲနဲ့ လာပါတယ်။ ဒါပေမဲ့ Hero II မှာ Display ကို 15.6 inch ကိုမှာ Refresh Rate ကို 144Hz အပြင် 60Hz နဲ့ပါထပ်ထုတ်ပါတယ်။ ကျန်တဲ့အပိုင်းမှာ အတူတူပါပဲ။

 

BQ & Design

အရင်ဆုံး Scar II ရဲ့ BQ လေးအကြောင်းစရအောင်… Lid ပိုင်းကိုတော့ Brushed Aluminium ကိုသုံးထားတယ်။ သူ Aluminium က ကိုင်ကြည့်အခါ MacBook တို့ Surface တို့လို မာမာထန်ထန် အသားမျိုးမဟုတ်ဘူး ကြမ်းကြမ်းရှရှနဲ့ နည်းနည်း Plastic ဆန်တဲ့ဘက်ကိုသွားထားတယ်။ Design ပိုင်းအရဆိုရင် အပြင်က အနည်းငယ်ရိုးရှင်းလွန်းတယ်။ အစင်းလေးတွေက ဆွဲဆောင်မှုရှိအောင် လုပ်ထားပေမဲ့ ROG Logo နဲ့ RGB Lighting သာမပါဘူးဆိုရင် Dual-Purpose Design မျိုးဆန်နေပါတယ်။ ROG Logo ကတွေ့နေကြ Laptop တွေလို အလယ်မှာမဟုတ်ပဲ Rules of Third နဲ့အညီ ညာဘက်ခြမ်းကို အနည်းငယ်ရွေ့ပေးထားပါတယ်။ Logo ကတော့ တွေ့ဖူးသမျှထဲမှာ အတော်ကြီးတယ်။ အတွင်းဘက်မှာတော့ Brushed Aluminium Frame, Plastic & Faux Carbon Fiber သုံးပေးထားတာကိုတွေ့မြင်ရမှာ။ အောက်ဘက်မှာတော့ ရိုးရိုး Plastic သုံးပေးထားတာပါ။ အတွင်းဘက် Design ကတော့ ကျွန်တော် နဂိုထဲက Dell XPS 13/15 တို့ကြိုက်နေကြဆိုတော့ အဲ့လိုပုံစံတွေနဲ့ ခက်ဆင်ဆင်ပုံစံလေးပါ။ MSI မှာဆိုရင် GS65 Concept မျိုးပါ။ အောက်ဘက်ခြမ်းကတော့ Plastic ကို အပေါ်နဲ့အတွင်းဘက်က အစင်းတွေကို ကန့်လန့်ဖြတ်ပုံစံနဲ့ သုံးထားတယ်။ အမြဲအောက်မှာပဲရှိနေတဲ့ အပိုင်းမို့ ဘယ်သူမှလည်းစိတ်မ၀င်စားပါဘူး။

Display

Display ပိုင်းက Super narrow Bazels ဖြစ်တာကြောင့် အပေါ်၊ ဘေးနှစ်ဘက်က ပါးပေမဲ့ ဘောက်ဘက်က Chin က အတော်ထူပါတယ်။ MSI GS65 ကော Dell XPS တွေထက်ကို ထူပါတယ်။ ဆွဲဆောင်မှုရှိအောင် အစင်းတွေ၊ အတန်းလေးတွေ Chin Area မှာထည့်ထားတယ် ဆိုပေမဲ့ ကျွန်တော်တော့ သိပ်မကြိုက်ပါဘူး။ ROG Logo ကိုအလယ်မှာထားလိုက်တဲ့အတွက် Web Cam က ညာခြမ်းကို အနည်းငယ်ရောက်သွားပါတယ်။ Display Size က 15.6 Inch ရှိတယ်၊ အဲ့ဒါကိုမှာ 144Hz Refresh Rate နဲ့ပါ Gray-to-Gray Response Time ကလည်း 3ms ဆိုတော့ Hardcore Gamers and Esports Players တွေအကြိုက်တွေ့စေမှာပါ။ Full HD Resolution with 144Hz ဆိုတော့ အတော်လေးကြည့်လို့ကောင်းတယ်။ ဘာမှမလုပ်ပဲ Cursor လေးထိုင်ရွှေ့နေရင်တောင် အများကြီးသိသာစေတယ်။ ဆိုတော့ အရင် Panel တွေနဲ့ကွာသွားတာကို သိသာစေမှာပါ။

Keyboard & Track-pad

Traditional Gamer တွေအတွက် Keyboard ပိုင်းမှာဆိုရင် Scar II က WASD Keys တွေကို Transparent Design သုံးပေးထားတယ်။ Hero II မှာတော့ QWER Keys တွေကို Transparent လုပ်ထားတာပါ။ First Person Shooter/Traditional Gamer အတွက် Scar II ကိုထုတ်ထားတာဖြစ်ပြီး၊ MOBAs Gamer တွေအတွက် Hero II ကို ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။ Key တစ်ခုခြင်းဆီပုံစံလေးတွေက MSI Laptop က Steelseries Key လေးတွေနဲ့ ဆင်တယ် Key အပေါ်ပိုင်လေးကို အမဲရောင်နဲ့အုပ်ထားပြီး ဘေးပတ်လည်က Transparent ပုံစံလေးပါ၊ RGB Lighting ပေးတဲ့အခါ Key ရဲ့ ပတ်ခြာလည်ကနေဖြာထွက်တာပါ။ Keyboard Layout မှာဆိုရင် အပေါ်ဘက်မှာ Key အပို ၄ ခုပါတယ်၊ အသံတိုးချင်တဲ့အခါ များသောအားဖြင့် Function Key နဲ့ တွဲနိပ်ရလေ့ရှိပါတယ် Scar II မှာ Vol +/- Key ၂ ခုအပိုထည့်ပေးထားတယ်၊ အဲ့အပြင် Mute တဲ့ Key၊ ပြီးတော့ ROG Game Center Shortcut Key စသဖြင့် Key 4 ခုပါပါတယ်။ Arrow Key တွေမှာဆိုရင် Side Key ၂ ခုနဲ့ Down Key ၁ ခုက အောက်မှာထွက်နေပါတယ်။ ပိုပြီးသိသာအောင်လုပ်ထားပုံရတယ်။ Num Key လေးတွေက အနည်းငယ်သေးပါတယ်။ ကျွန်တော်လက်နဲ့ဆိုရင် Backspace Key ကအတော်အလှမ်းဝေးနေတယ်။ Power Key ကတော့ ညာဘက်ခြမ်း အပေါ်ဘက်မှာ ခွဲထုတ်ထားတယ်။ ဆိုတော့နိုပ်ရတဲ့ Feelings က ကျွန်တော်အရင်က သုံးနေတဲ့ GP63 8RE လိုပဲ တိကျတယ်၊ အိစိစိ ကောင်းတယ်ဆိုပါတော့။ စာရိုက်တဲ့အခါ အသံတော့ သိပ်မထွက်ဘူး၊ Keys တွေကိုတပြိုင်နက်ထဲနှိပ်လို့ရပါတယ်။ ဒါမဲ့ Enter Key and Backspace Key တွေ သာမာန်ထက် အသံထွက်ပိုပြင်းပါတယ်။ ဘာလို့လဲမသိ? ပြီးတော့ အပေါ်ဘက် Function Keys Layout က Desktop PC တွေရဲ့ Keyboard နဲ့အနည်းငယ်ဆင်ပါတယ်။ ESC နဲ့ Function Keys (4 ခုစီ) တွေကို အနည်းငယ်ခြားထားတဲ့အတွက် မှားနိုပ်နိုင်တာမျိုးကိုလျော့ချပေးနိုင်ပါတယ်။

Keyboard ပတ်ခြာလည် Body မှာဆိုရင် Faux Carbon Fiber ကို Poly-carbonate နဲ့အုပ်ထားပြီး 45 Degree အစောင်းလေးနဲ့ Commando အကွက်အလှဆင်ထားတယ်၊ ဆိုတော့ တစ်ခြမ်းက Carbon Fiber အကွက်၊ နောက်တစ်ခြမ်းက Commando အကွက်ပါ အဲ့မှာမှ Republic of Games ဆိုပြီးစာလေးရေးထားပါတယ်။ Keyboard အပေါ်ဘက်မှာ Speaker အပေါက်လေးတွေကို အစောင်းအစင်းလေးတွေနဲ့မြင်ရမှာပါ အဲ့အပေါ်မှာမှ Noti-Lighting လေးတွေကိုထည့်ပေးထားပါတယ်။ Carbon Fiber ဆိုပေမဲ့ Supercars တွေမှာသုံးတဲ့ Carbon Fiber လိုမဟုတ်ပါဘူး၊ လက်ရာမထင်တဲ့ Poly-carbonate အုပ်ထားတော့ နူးညံတဲ့အနေအထားမျိုးပါ (ဘယ်အချိန်ပဲတင်တင် လက်ရာမထင်ပါဘူး)။ နောက်တစ်ခုက RGB Lighting က ထင်သလောက် မစွမ်းသေးပါဘူး။ မပြည့်စုံသေးသလိုခံစားရတယ်။ RGB အတွက် သူမှာ ROG Aura Core Software ကိုသုံးရပါတယ်။ ဒါမဲ့ မမှန်သလိုခံစားရတယ်။ ကြိုက်တဲ့ Color Setting လုပ်လို့ရတယ်၊ Breathing တို့ Rainbow တို့မှာ ပြဿနာမရှိပေမဲ့ Music မှာတော့ ဘယ်လိုစမ်းစမ်း အလုပ်မလုပ်ပါဘူး။ Rock, Hip Hop ဘာညာရွေးလို့ရပေမဲ့ RGB Lighting အရောင်ချိန်တာကလွဲလို့ မထူးခြားပါဘူး။ MSI ဆိုရင် Stage Lighting တွေလိုမျိုး သီချင်းပေါ်မူတည်ပြီး ဖြာထွက်တာပါ။ သီချင်း Pause လိုက်ရင်တော့ မီးငြိမ်းပါတယ်  Lighting Setting ပြောင်းရတာလဲ ကြာရပါတယ်၊ တစ်ခါတစ်လေ Software ပါ Force Close ဖြစ်သွားတယ်။ ကျွန်တော်အထင် Software Bug လို့ထင်ပါတယ်။ Stage Lighting မဟုတ်ပဲ Aura ရဲ့ Music Lighting က အဲ့လိုဆိုရင် ခွီချင်စရာကြီး။

Track-pad က Alphanumeric Keyboard ရဲ့အလယ်မှာပါ။ အရမ်းကြီးတဲ့အထဲတော့မပါဘူး ပုံမှန်အနေအထားပဲ၊ လက်ချွေးထွက်ရင်တော့ နည်းနည်းကပ်တဲ့အထဲပါပါတယ်။ Microsoft ရဲ့ Multi Gestures တွေအကုန်သုံးလို့ရပါတယ်။

Performance & Benchmark

ဒီအပိုင်းမပြောခင် ကျွန်တော် ဒီ Scar II လေးကို User Experience အနေနဲ့ပဲသုံးခဲ့တာပါ။ Review တစ်ခုအနေနဲ့ သုံးခဲ့တာမဟုတ်လို့ အနည်းငယ် ကွာခြားနိုင်ပါတယ်။ ဂိမ်းဆော့ပြီး စမ်းသပ်ခဲ့တာမျိုးမဟုတ်ပေမဲ့ Software တစ်ချို့ကိုသုံးပြီး Stress တွေစမ်းခဲ့ပါတယ်။ သူရဲ့ CPU က Laptop CPU ထဲမှာအတော်ကောင်းတဲ့ အမျိုးအစားတစ်ခုပါ Core i7 8750H ကို သုံးပေးထားတယ် Clock Speed က 2.2 GHz ပါ။ ကျွန်တော် CPU Stress ကို နာရီဝက်တိတိ စမ်းတာ (100% Running) Heat က 72 C ထိတတ်ပါတယ်။ ဒါဟာ PC တွေအတွက်ဆိုရင် အနည်းငယ်နွေးတယ်ဆိုရုံလေးပါ Laptop CPU တစ်ခုအနေနဲ့ အခုလို့ ထိန်းထားနိုင်တာ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Stress ကိုရပ်လိုက်တဲ့အခါမှာဆိုရင် စက္ကန့်ပိုင်း 55-60 ထိ ဆင်းသွားပါတယ်။ ဆိုတော့ Video Rendering တွေမှာဆိုရင် GPU ထက် CPU က ပိုအလုပ်လုပ်ရလို့ Adobe သမားတွေအတွက် တစ်ကယ်အဆင်ပြေတဲ့စက်လုံးဖြစ်မှာပါ။ ပြောချင်တာက Heat management ပါ Fan ၂ လုံး Sink တွေက Laptop နောက်ဘက်ကို အတော်လေး လျင်လျင်မြန်မြန်နဲ့စွန်ထုတ်နိုင်တယ်။ Heat တတ်အနေအထားမှာ Laptop အပေါက်ဘက် ကိုတတ်လာမျိုးမရှိဘူး Keyboard ကြားပူလာတာမျိုးမဟုတ်ပဲ အပူကို ကောင်းကောင်းထိန်းထားနိုင်တာကို သဘောကျမိတယ်။ Keyboard Section က မပူပေမဲ့ Track pad ရဲ့ ဘာညာ တစ်ချက်စီက အနည်းငယ်တော့နွေးလာပါတယ်။ GPU ပိုင်းမှာဆိုရင် 3DMark နဲ့ Fire Strike ကို Stress အနေနဲ့စမ်းခဲ့တာ 7507 ရခဲ့တယ်။ Ultra ပိုင်းမှာတော့ 3938 ပဲရခဲ့တယ်။ အခြားသော Gaming တွေ VR Streaming တော့ မစမ်းဖြစ်ခဲ့ပါဘူး (ကိုယ်တိုင် Game မဆော့တာလဲပါပါတယ်) GTA V မှာတော့ fps 50 ၀န်းကျင်ထိသွားပါတယ်။

RAM အနေနဲ့ 16 GB DDR4 2666MHz နဲ့ပါ၊ Storage အနေနဲ့ 256 GB SSD နဲ့ 1TB SSHD ပါတယ်။ SSHD ကတော့ HDD ပိုမြန်ပါတယ်။ RAM အနေနဲ့ 16 GB ပါတယ်ဆိုပေမဲ့ ဘာမှ မ Run Chrome ကြီးပဲဖွင့်ထားတာ 9 GB လောက်ကုန်နေပါပြီ။ Chrome က အတော် Run ကြိုက်တယ်။

Audio

အသံထွက်တော့ MacBook တွေလို ရှယ်ပဲ၊ အသံက ဘေး နှစ်ဘက်ရယ် Keyboard အထက်ရယ် လာတယ်။ Studio အသံကိုမှ လုံးဝ Clarity ဖြစ်တယ်။ တစ်ခုရှိတာက အရမ်းဆူညံတဲ့ သီချင်းတွေဖွင့်ရင် Vocal လာတဲ့အခါ Instrumental က ထိုးကျသွားပါတယ် အဲ့အချိန်မှာ Vocal ကလည်း လုံးသွားပါတယ်။

အချုပ်အားဖြင့် ခဏတာစမ်းသုံးခွင့်ရတဲ့အချိန်မှာ အတော် စိတ်ကျေနပ်စေတဲ့ Laptop ဖြစ်ခဲ့တယ်။ Battery ပိုင်းမှာ 4 Cell 66W သုံးထားတယ် ပုံမှန် ၃ နာရီဝန်းကျင်ပဲခံပါတယ်။ Over Boost လုပ်တဲ့အခါမှာလဲ အသံက MSI လိုအရမ်းကြီးမဆူသလို Heat Management ကလည်း အတော်ကောင်းတဲ့ စက်တစ်လုံးပါ။ Design ပိုင်းနဲ့ Performance ကလိုက်ဖက်သလို၊ Audio နဲ့ Display ပိုင်းက အတော်မိုက်တဲ့စက်တစ်ခုပါ။ အားနည်းချက်ကတော့ Web cam ညာဘက်ကပ်နေတာ နည်းနည်းတော့ ကျပါတယ်။ အခြားသော Specs နဲ့ Port တွေကိုတော့ ပုံမှာထည့်ပေးထားပါတယ်။ မြန်မာပြည်မှာ ၀ယ်လို့မရဘူးဆိုပေမဲ့ Hero II ကတော့ ၀ယ်လိုရမှာပါ။ ဈေးနှုန်းကတော့ $1900 ၀န်းကျင်ရှိပါတယ်။ ဈေးပြင်းတယ်ဆိုပေမဲ့ ROG Gladius 2 Mouse ရယ်၊ Cerberus Headset ရယ် ROG Backpack တွေရရှိမှာပါ။

“Observe Here. Trust Yourself”