fbpx

This is digital planet.

AsusTech News

ASUS ZenBook Pro Duo: The laptop of tomorrow

ဒီနှစ် 2019 က ASUS အတွက် နှစ် ၃၀ ပြည့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ် ၃၀ အတွင်းမှာ ASUS အနေနဲ့ ဘာတွေ Innovative ဖြစ်ခဲ့တယ်ဆိုတာတွေကို Highlight ပြန်လုပ်ပြီး မနေ့က Products အသစ်များကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဆိုပါ Product တွေကတော့ ZenBook Edition 30, ZenBook Pro Duo နဲ့ ZenBook Duo, ZenScreen Touch, Zenfone 6 နဲ့ X299 Concept Motherboard စသဖြင့် 2019 Model အသစ်များကို ပြသခဲ့ပါတယ်။

အဆိုပါပြသခဲ့တဲ့ ပစ္စည်းတွေထဲက ZenBook Pro Duo နဲ့ ZenBook Duo ကတော့ လူတွေစိတ်အဝင်အစားဆုံးနဲ့ Innovative အဖြစ်ဆုံးလို့ပြောရရမှာပါ။ ယနေ့ခေတ်မှာ Second Screen ဆိုတာ Pro User တွေအတွက် လိုအပ်လာပါပြီ။ ဘယ်လောက်ထိလိုအပ်လဲဆိုတာ Laptop တွေ Computer တွေနဲ့ နေစဉ်ထိတွေ့နေတဲ့သူတိုင်းသိပါတယ်။ ပုံမှန်သုံးနေကြသူအတွက် မလိုအပ်တာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ဒါမဲ့ ကျွန်တော်တို့ Power User တွေအတွက်တော့ Second Screen မပြောနဲ့ တစ်ခါတစ်လေ Third Screen အထိတောင် လိုအပ်ပါသေးတယ်။

Image result for asus zenbook pro duo

ဒီ ZenBook Pro Duo Laptop ရဲ့ ရည်ရွယ်ချက်ကလည်း Normal User တွေအတွက် မဟုတ်ပါဘူး။ အကယ်လို သင်က ပုံမှန်ရုပ်ရှင်ကြည့်၊ Browse လုပ်၊ Social ပဲသုံးတဲ့သူဆိုရင် ဒီ ZenBook Pro Duo က သင့်အတွက်အသုံးဝင်မှာမဟုတ်ပါဘူး။ အကယ်လို့ သင်က Graphic User, Creator, Gamer, Programmer, Planer သမားတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင့်အတွက် Secondary Screen လိုအပ်နေတတ်တယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။

ASUS အနေနဲ့ Second Screen (Trackpad နေရာအစားထိုး) ပါတဲ့ Laptop တွေကို 2018 ZenBook Pro မှာကလည်းက ထည့်ပေးထားပေမဲ့ ဒီနှစ် ZenBook Pro Duo မှာတော့ ပိုအသုံးဝင်မှုတွေဖြစ်အောင် Screen Pad Feature တွေကို upgrade လုပ်ပြီး ScreenPad Plus လို့အမည်ပေး ထည့်သွင်းထားပါတယ်။ ScreenPad Plus ရဲ့ အသုံးဝင်မှုက MacBook Pro မှာ ပါတဲ့ Touch Bar ရဲ့ အသုံးဝင်မှုထက်ကျော်လွန်သွားပါပြီ။ Color ချိန်ဖို့ Emoji လေးတွေပြောဖို့ Music Player shortcut တွေ သုံးရုံအဆင့်မဟုတ်တော့ပဲ Multi-Screen ဘက်ကိုရောက်သွားပါပြီ။

Image result for asus zenbook pro duo

Design & Concept

Screen ၂ ခုဖြစ်ဖို့အတွက် တွေမြင်နေကြ Laptop တွေရဲ့ Keyboard layout ကိုဘောက်ဖက်သို့ ရွှေ့လိုက်ပါတယ် Trackpad ကိုတော့ Keyboard ညာဘက်ခြမ်းမှာ တွဲပေးထားပါတယ်။ ပြီးတော့ လွတ်နေတဲ့ အပေါ်ဘက်ခြမ်းမှာ Second Screen ကိုထည့်ပေးထားတယ်။ ဒီ Design က MSI ရဲ့ GT 85 တို့ Acer ရဲ့ Predator Trition 900 တို့ရဲ့ Keyboard & Trackpad layout တို့ကို သွားသတိရစေတယ်။ ZenBook Pro Duo မှာက အခြားကောင်တွေလို အသုံးမဝင်တဲ့ Logo အကြီး အုပ်ထားမဲ့အစား Second Screen ကို ပိုအသုံးဝင်မဲ့ Feature တွေနဲ့ ထည့်သွင်းပေးထားတာပါ။

ScreenPad Plus & Multitasking

အကယ်လို့ စာဖတ်သူက Video Editor သမား တစ်ယောက်ဖြစ်မယ်ဆိုရင် Adobe Premiere Pro မှာ B-Rolls နဲ့ Footages တွေထည့်တာများလာတဲ့အခါ ကျဉ်းမြောင်းတဲ့ Screen ကို မုန်းမိမှာပဲ ဒီ ZenBook Pro Duo သာရှိနေခဲ့ရင် Timeline ကို Second Screen မှာထားပြီး Program ကို Main Screen OLED Panel မှာ ထားကြည့်ရင် အရင်ကထက်ပိုအဆင်ပြေသွားမှာ သေချာပါတယ်။ ဒါမှမဟုတ် Gamer ဖြစ်ခဲ့လို့ Streaming လုပ်ချင်တဲ့အခါမှာလဲ OLED မှာ Game ဆော့ပြီး အောက်ဘက် Screen မှာ Streaming Software တွေ Live Chat တွေကို Multi-task ဖွင့်ပြီး သုံးလို့ရပါတယ်။

Image result for asus zenbook pro duo

Creativity သမားတွေဆိုရင်လည်း Ps တို့ Ai တို့နဲ့ ပုံဆွဲနေတဲ့အချိန်မှာ Second Screen နဲ့ ကိုသိချင်တာတွေဖြစ်ဖြစ် Browse လုပ်လို့ရတယ် အဲ့အပြင် Split screen ခွဲ Music or Movie Player ပဲဖွင့်မလား အဆင်ပြေသလိုသုံးလို့ရပါတယ်။ Productivity သမားတွေအတွက်ပဲမဟုတ်ပဲ Audio သမားတွေအတွက်တောင် Music tuning နဲ့ mixing လုပ်ဖို့ Screen screen ကိုအသုံးပြုနိုင်ပါတယ်။ Multi Touch Display ဖြစ်လို့ Piano ကိုဖွင့်ပြီး လက် ၁၀ ချောင်းနဲ့အသုံးပြုလို့ရပါတယ်။

Programmer သို့ Planer ဖြစ်ခဲ့မယ်ဆိုရင်တောင် Main Screen နဲ့ Second Screen ကို ပေါင်းစပ်ပြီး ထောင်လိုက်အဖြစ်ပိုရှည်လားတဲ့ Screen အဖြစ်သုံးလို့ရပါတယ်။ နောက်ပြီးတော့ ScreenPad Plus ရဲ့ အသုံးဝင်မှုက Multitasking တင်မဟုတ်ပဲ Office သမားတွေအတွက် အသုံးဝင်အောင် လုပ်ပေးထားပါတယ်။ ဆိုတော့ Screen တစ်ခု အပိုပါတာက အပိုသပ်သပ်ကြီးဖြစ်မနေနဲ့ အရမ်းကို အသုံးဝင်တဲ့ Feature တွေနဲ့မို့ အတော်လေး သဘောကျစရာကောင်းပါတယ်။

Display

ZenBook Pro Duo မှာ မတူညီတဲ့ Panel ကို အသုံးပြုပေးထားတယ်။ Main Screen ကို 3840×2160 4K UHD OLED ကို တပ်ဆင်ပေးထားပြီး Secondary Display ကိုတော့ 3840×1100 4K IPS LCD ကိုတပ်ဆင်ပေးထားပါတယ်။ ZenBook Duo မှာတော့ 14″ FHD LCD နဲ့ 12.6″ FHD LCD Display ကိုတပ်ဆင်ထားပါတယ်။ Pro Duo မှာ Main screen ကို OLED သုံးပေးထားတဲ့အပြင် 4K resolution ကိုသုံးပေးတော့ ရုပ်ထွက်က တစ်ကယ်ကို အရသာရှိစေမှာပါ။ ပိုမိုက်တာက HDR နဲ့ Wide color gamut ကို Support လုပ်တဲ့အပြင် Contract ratio 100,000:1, DCI-P3 100% ရှိတဲ့အတွက် Color မမှန်မှာကို စိတ်ပူနေစရာကိုမလိုတော့ပါဘူး။ စိတ်ပူစရာတစ်ခုက Pro Duo မှာ Break visual boundaries လို့ခေါ်တဲ့ Main Screen နဲ့ Second Screen တွဲသုံးတဲ့အခါ OLED နဲ့ LCD panel ဖြစ်တဲ့အတွက် Color အနည်းငယ်ကွာခြားနိုင်ပါတယ်။

Related image

Creativity အတွက် Ps တို့ Ai တို့မှာ ပုံဆွဲတဲ့အခါ Second display မှာ touch pen သုံးပြီး ဆွဲလို့ရပါတယ်။ ဒါပေမဲ့ Second display နဲ့ Main panel ကြားမှာ color ကွာခြားမှုရှိနိုင်တာမို့ အသုံးပြုမယ်ဆိုရင်တောင် သတိထားရလိမ့်မယ်ထင်ပါတယ်။ ZenBook Duo မှာတော့ ၂ ခုစလုံး LCD panel ဖြစ်လို့ ပြဿနာရှိလိမ့်မယ်မထင်ပါဘူး။

နောက်တစ်ခုက စမ်းသုံးကြည့်တဲ့အခါ Main Screen နဲ့ Screen Screen ကြားမှာ Mouse Arrow လေးက ရောရောသွားတတ်တဲ့ အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်။ အကယ်လို သင့်က Game ဆော့နေတာပဲဖြစ်ဖြစ် Mouse ကိုသုံးနေတဲ့အချိန်မှာ Task bar မှာ ဖွင့်ထားတဲ့ Browser ထဲက Messenger ထဲက ဖုန်းခေါ်တာကိုကိုင်ချင်လို့ Mouse ကို အလျင်အမြန်ရွေ့မိတဲ့အခါမျိုးမှာ Mouse က Task bar မှာမကျန်ခဲ့ပဲ အောက်ဘက် Display ထိရောက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါက နေစဉ်နဲ့အမျှအဆင်ပြေလာမလားဆိုတာကတော့ သတိထားသုံးရမယ်ထင်ပါတယ်။

Specs & Performance

ZenBook Pro Duo အနေတဲ့ intel Core i9 9th Gen နဲ့ RTX 2060 နဲ့ပါဝင်ပြီး ZenBook Duo အနေနဲ့ intel Core i7 9th Gen နဲ့ GeForce MX250 တို့ထည့်သွင်းပေးထားပါတယ်။ Storage အတွက် PCIe SSD Slot 4 ခုပါဝင်ပါသေးတယ်။ RAM အနေနဲ့ 32GB DDR4 ကိုထည့်ပေးထားပါတယ်။ Performance ပိုင်းမှာ 5GHz Turbo Boost ပါတဲ့အတွက် Multi သုံးအတွက် လေးမှာ ဟန်းမှာတွေ စိတ်ပူစရာမလိုတော့ပါဘူး။ RTX 2060 ကြောင့် 3D Graphic Software တွေကို ရှယ်မောင်းနှင်နိုင်မှာဖြစ်သလို Laptop ရဲ့ Performance ကိုအမြင့်ဆုံးထိ ဆွဲခေါ်ပေးနိုင်တဲ့ Dedicated Button ကိုထည့်သွင်းပေးထားပါတယ်။

Image result for asus zenbook pro duo

NumberPad အတွက်လဲ Keyboard ဘေးက Trackpad နေရာမှာ LED-illuminated ကိုသုံးပြီးထည့်ပေးထားပါတယ်။ Trackpad က ဘေးမှာ ကပ်ထည့်ထားတော့ သုံးရတာသေးသွားမှပါ ဒါမဲ့စိတ်ပူစရာမလိုပါဘူး Display ၂ ခုစလုံးက Touch ဖြစ်တဲ့အတွက် လွယ်ကူစွာအသုံးပြုလို့ရမှာပါ။

IR Camera ပါတဲ့အတွက် Windows Hello face lock ကိုအသုံးပြုနိုင်ပြီး Alexa AI ပါတဲ့အတွက် Voice commend ပေးပြီး ခိုင်းလို့ရမှာပါ။ Alexa နဲ့ Cortana နဲ့တွေ့ပြီပေါ့။ Speaker အတွက်တော့ Harman/Kardon ကိုသုံးပေးထားလို့ ကောင်းမွန်သော အသံထွက်စနစ်ကို ခံစားရမှာသေချာပါတယ်။ Port တွေအနေနဲ့ Thuderbolts USB-C, Audio Jack, USB 3.1 x2, HDMI နဲ့ DC-in တို့ပါဝင်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် ASUS ZenBook Pro Duo က Laptop တစ်လုံးပဲဆိုပေမဲ့ Laptop တစ်လုံးထက်ပိုတဲ့ Feature တွေကို ရမှာဖြစ်သလို ကောင်းမွန်တဲ့ OLED Panel နဲ့ လှပတဲ့ Design မြန်မာဆန်သော Performance တို့ကိုရရှိမှာဖြစ်ပါတယ်။ The laptop of tomorrow လို့ပြောသလိုပဲ အနာဂတ်မှာ အသုံးဝင်လာကြမဲ့ Feature တွေနဲ့ Innovative ဖြစ်တဲ့ Laptop ကို ASUS အနေနဲ့ နှစ် ၃၀ ပြည့်နှစ်မှာ အကောင်းဆုံးချပြနိုင်ခဲ့တယ်လို့ပြောရမှာပါ။ ဈေးနှုန်းအနေနဲ့ အတိအကျမသိရသေးပေမဲ့ မြန်မာနိုင်ငံကို 2019 Q3 လောက်မှာ သွင်းမယ်လို့ သိရပါတယ်။ ဒီ Laptop ကို PLANET X အနေနဲ့ စမ်းသုံးခွင့်ရခဲ့အတွက် ASUS Myanmar ကိုကျေးဇူးတင်ကြောင်းအဆုံးသတ်ရင်း…