This is digital planet.

AsusTech News

Snapdragon 865 နဲ့ မြင်ရမယ့် ASUS Zenfone 7 စီးရီး

ဇူလိုင်လ (၂၂) ရက်နေ့မှာ ROG Phone 3 တရားဝင် မိတ်ဆက်မယ်လို့ သိထားရတဲ့အတိုင်း အဆိုပါ ဂိမ်းမင်းဖုန်းမှာ ထူးခြားလာမယ့် အချက်တွေက Refresh Rate ၊ Active Aerodynamic System နဲ့ တခြားသော Features တွေပါ။

ကျွန်တော်တို့ဆီမှာ ROG ဖုန်းကို မြင်ရ ၊ အသုံးပြုခွင့်ရမှာ ဖြစ်ပေမယ့် Zenfone စီးရီးနဲ့ ပတ်သက်လို့ ဂယနဏ သိထားရတာ မရှိသေးပါဘူး။

ASUS Zenfone

သို့ပေမယ့် Internal Leaks တွေမှာ ခနိုးခနောင့် ယိုစိမ့်မှုတွေ ရှိနေသလို ယခုတစ်ခါ သိရှိလိုက်ရတာက Zenfone အသစ်ရဲ့ SoC နဲ့ Specs တချို့ပါ။

ပေါက်ကြားမှုတွေအရ ROG Phone 3 မှာ အသုံးပြုလာမယ့် SoC နဲ့ အတူတူပဲ ဖြစ်နေသလို အရိပ်အမြွက် စကားလုံးတွေအရ Zenfone 7 နဲ့ 7 Pro ဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရလာနိုင်ပါတယ်။

ASUS Zenfone 6

Image: Notebookcheck

ဒီ Couple မှာ Pro မော်ဒယ် ပါဝင်လာတာကို ကျွမ်းကျင်သူတွေ အဆိုရ သိရှိရတာ ဖြစ်သလို Kernel Source Code မှာ တွေ့ခဲ့ရတဲ့ Mysterious ASUS Device ကြောင့် ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။

Zenfone 7 Couple

အဆိုပါ Kernel Source မှာ 2.84GHz နဲ့ 3.09GHz Speed နှစ်မျိုး တွေ့ခဲ့ရတဲ့အတွက် 2.84GHz ဟာ Vanilla Snapdragon 865 Processor ရဲ့ Single Kyron 585 Core ရဲ့ အမြင့်ဆုံး Top-up Speed ဖြစ်နေပါတယ်။

နောက် 3.09GHz ဆိုတာက 10% Performance မြင့်တင်ထားတဲ့ အနေထားဖြစ်ပြီး 3.09 (သို့) 3.1GHz Speed ရှိ Snapdragon 865+ SoC ဖြစ်တယ်လို့ ကနဦး သုံးသပ်မှုတွေ ပြုလုပ်ထားပါတယ်။

ASUS Zenfone 7 Leak

Image: GSMArena

ဒါကြောင့် အချက်လက်တွေ ပေါင်းစပ်လိုက်တဲ့အခါ Snapdragon 865 နဲ့ 865+ SoC တွေကို Zenfone 7 နဲ့ 7 Pro တို့မှာ သုံးလာမယ်လို့ ခန့်မှန်းရတာပါ။

Leak မှာမြင်တွေ့လိုက်ရတဲ့ ZF ဆိုတာက Zenfone လို့ ညွှန်းနေသလို ထိုင်ဝမ် Source တစ်ခုဖြစ်တဲ့ Tnntoday မှာ Zenfone 7 Pro နဲ့ ပတ်သက်လို့ Information ပေါက်ကြားထားတာမျိုး ရှိနေပါတယ်။

ဒါကတော့ Zenfone စမတ်ဖုန်း အသစ်နဲ့ သိရှိထားရတဲ့ အချက်လက်တွေ ဖြစ်ပြီး Zenfone 6 တုန်းကလို တမူထူးခြားတဲ့ Camera Solution အဲ့လိုမဟုတ်လည်း Zenfone Flagship ကို ဘယ်လို Feature သစ်နဲ့ မြင်တွေ့ရမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Source: GSMArena