Zawgyi

5G

4G
Unicode
AT&T ရဲ့ 5G network အပေါ်စမ်းသပ်ချက်အရ ဘာမှသိပ်မထူးခြားသေး
AT&T အနေနဲ့လက်ရှိ US မှာ 5G network ကို အဓိကမြို့ကြီး ၁၂ မြို့မှာဖြန့်လျက်ရှိပါတယ်။ ဒီ 5G ရဲ့ အဓိကကတော့ Data connection ကိုပိုမိုလျှင်မြန်စွာရရှိဖို့ဖြစ်ပြီး လက်ရှိထွက်ပေါ်လျက်ရှိတဲ့ Testing တွေမှာတော့ AT&T ရဲ့ 5G ဟာ စိတ်လှုပ်ရှားနိုင်လောက်တဲ့အထိ အနေအထားမျိုးမရှိသေးဘူးလို့သိရပါတယ်။

5G

4G
Redditor တစ်ဦးဖြစ်တဲ့ mwb6d ရဲ့ Network speed result post တွေမှာ AT&T ရဲ့ 5G results တွေအဖြစ် Download speed အနေနဲ့ 194.88Mbps ရှိပြီး upload speed 17.08Mbps အသီးသီးရှိပါတယ်။ ဒါက ဆိုးရွားတယ်တော့မဟုတ်ပါဘူး ဒါပေမဲ့ 4G network စတင်စမ်းသပ်စဉ်က result ဖြစ်တဲ့ download speed 187.44Mbps, upload speed 8.14Mbps နဲ့ 77ms latency စတာတွေနဲ့အရမ်းကြီးတော့ကွာဟ မနေနပါဘူး။ လက်ရှိမှာတော့ AT&T အနေနဲ့ဒီထက်တော့ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့လိုအပ်နေပါသေးတယ်။ 5G network မှာအသုံးပြုဖို့အတွက်အခုအချိန်မှတော့ စမတ်ဖုန်းကုမ္ပဏီတွေ အနေနဲ့မိတ်ဆက်ဖို့ကြိုးစားနေတဲ့အချိန်ပဲရှိပါသေးတယ်။ AT&T ရဲ့ 5G network စမ်းသပ်ချက်ကတော့ အခုမှစတင်ရုံပဲရှိနေပါသေးတယ်။