fbpx

This is digital planet.

HuaweiTech News

August လမှာ အမေရိကန် Company တွေနဲ့ ကုန်သွယ်မှုပြန်ရတော့မည့် Huawei

အမေရိကန်အစိုးရရဲ့ တရားဝင်ပြောကြားချက်အရ Company တွေကို Huawei စီ components ရောင်းချခွင့်တွေကို လိုင်စင်ကို ပြန်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ပြန်လည်ရောင်းချခွင် လုပ်ဆောင်ချက်တွေကလည်း အနည်းဆုံး ၂ ပတ်က ၄ ပတ်လောက်ထိကြာမြင့်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန် Company တွေက Huawei နဲ့ ၄င်းကောင်းတို့ရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် ပြန်လည်ရရှိတော့မှာဖြစ်ပါတယ်။

မကြာခင်မိတ်ဆက်ဖွယ်ရှိသော Mate 30 Pro ပုံရိပ်

ပြီးခဲ့တဲ့ June လမှာ အမေရိကန်သမ္မတဖြစ်သူ Trump က G-20 Summit မှာ Huawei အပေါ်ကုန်သွယ်မှုလုပ်ငန်းတွေမှာ ပြန်လည် ဖြေလျော့ခွင့်ပေးသွားမယ်လို့ အတိအလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် လွန်ခဲ့တဲ့ တစ်ပတ်လောက်က US Commerce Department (အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန) က အမေရိကန် Company တွေနဲ့ တရုတ်နည်းပညာ Company ဖြစ်တဲ့ Huawei နဲ့ ကုန်သွယ်မှု ကို Special License တွေနဲ့ ခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

Image result for huawei p30 pro
ခွင့်ပြုမည့် လိုင်စင်တွေနဲ့ပက်သက်ပြီး အသေးစိပ်အချက်အလက်တွေကို မသိရပေမဲ့ National Security နဲ့ပက်သက်ပြီး စည်းမျဉ်းတွေပါမယ်လို့ သိရပါတယ်။ အမေရိကန် Company တွေကလည်း မကြာခင် Huawei နဲ့အတူ အစိုးရခွင့်ပြုချက်ဖြင့် ကုန်သွယ်မှုတွေရရှိတော့မှာဖြစ်လို့ Huawei ရဲ့ Mobile ဈေးကွက်က ပြန်လည်တတ်လာဖို့ရှိပါတယ်။

Huawei မှ ပြောခွင့်ရှိသူတွေ ပြောတာတော့ special licenses နဲ့ လုပ်ဆောင်မည့်အစား အမေရိကန်အစိုးရအနေဲ့ Huawei ကို Entity List မှ ဖယ်ရှားမှုကိုအရင်လုပ်သင့်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Huawei products တွေက US security နဲ့ပက်သက်ပြီး ခိုးယူနေတာမဟုတ်ကြောင်း ပြသဖို့ပဲဖြစ်ပါတယ်။

Ref: GSMARENA