fbpx

This is digital planet.

Tech NewsXiaomi

August လအတွက် AnTuTu rankings ထွက်ရှိလာခဲ့ပြီး Black Shark 2 Pro က ထိပ်ဆုံးမှာနေရာယူ

Chinese benchmarking tool တစ်ခုဖြစ်တဲ့ AnTuTu ကတော့ August လအတွက် Powerful ဖြစ်ဆုံး Smartphones တွေနဲ့ Ranking List ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ List မှာ Xiaomi Black Shark 2 က 469,708 score နဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ အဲ့ Rankings တွေကိုတော့ တရုတ်မှာသာရသေးတဲ့ AnTuTu Version 8 ကိုအခြေခံပြီး သတ်မှတ်ထားပါတယ်။

Scores တွေကတော့ ဖုန်းတစ်လုံးရဲ့ ပျှမ်းမျှ rating ကို အ‌‌‌ခြေခံထားပါတယ်။ AnTuTu Version အသစ်မှာ storage results ကို ပိုအသားပေးလာတဲ့အတွက် ဖုန်းချင်းတူနေရင်တောင် Memory configuration ကိုမူတည်ပြီး မတူညီတဲ့ Scores ရနိုင်ပါတယ်။

Black Shark 2 Pro 12GB RAM ၊ 256GB storage version နောက်မှာ 8/128GB configuration ရှိတဲ့ ROG Phone 2 က 469,590 points နဲ့ ဒုတိယချိတ်ပါတယ်။ အဲ့ဖုန်းနှစ်လုံးသာ Snapdragon 855 plus ကိုသုံးထားတဲ့ ဖုန်းတွေဖြစ်ပြီး List ထဲမှာ ကျန်တဲ့ ဖုန်းတွေကတော့ Snapdragon 855 SoC ကိုပဲသုံးပေးထားပါတယ်။ OnePlus 7 Pro 12/256GB Version က 447,345 points နဲ့ တတိယ‌နေရာကိုယူထားပါတယ်။

သူ့နောက်မှာတော့ ZTE nubia Red Magic 3 ရှိပြီး vanilla OnePlus 7 နဲ့ Black Shark 2 ကနောက်မှာလိုက်‌နေပါတယ်။ Xiaomi Mi 9 Explorer Edition ကတော့ No.7 မှာရှိနေပြီး နောက်ဆုံးသုံးနေရာကိုတော့ ZTE Axon 10 Pro 5G ၊ Meizu 16s နဲ့ Redmi K20 Pro တို့က အသီးသီးနေရာယူထားပါတယ်။

Ref: GSMARENA