fbpx

This is digital planet.

SamsungTech News

August 12 မှာ Samsung ရဲ့ 108MP Camera Sensor တရားဝင်ထွက်ရှိဖို့ ရှိနေ

အခြားသော အကြောင်းအရာများ

 

မကြာသေးခင်က 48 MP Camera အသုံးပြုလာတဲ့ ဖုန်းများထွက်ရှိလာပြီးနောက် Realme နဲ့ Redmi က 64MP Camera ကိုသုံးလာပြီး မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။

Samsung Camera Division က 108 MP Sensor ကို August 12 မှာ မိတ်ဆက်မယ်လို့ Twitter မှာတင်ခဲ့ပါတယ်။ အရင်လတုန်းက အဲ့ Sensor ကို 2020 မှာထွက်ရှိမယ့် ဖုန်းမှာသာ အသုံးပြုလာမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခု 2020 ထိစောင့်စရာမလိုတော့ပါဘူး။ အရင်ရက်တွေတုန်းက Xiaomi ဟာ သူတို့ရဲ့ Mi Mix 4 မှာ Samsung ISOCELL 108MP Sensor ကိုအသုံးပြုလာမယ်လို့ နာမည်ကြီး Leaker က Shared ခဲ့ပါတယ်။

Xiaomi ရဲ့ Mix Series ထွက်မယ့်အချိန်မှာ Mi Mix 4 သာ သုံးခဲ့ရင် ဒီနှစ်မှာ 108 MP sensor ကိုသုံးလာတဲ့ ပထမဆုံးဖုန်းဖြစ်လာတော့မှာပါ။ Sensor Size ကိုတော့ သေချာမသိရသေးပေမယ့် မကြာခင်မှာ Samsung အနေနဲ့ ထုတ်ဖော်ပြသဖို့ရှိနေပါတယ်။ အခုနောက်ပိုင်းမှာ Megapixel များတာကို ကြည့်ပြီး Camera ကို ပြိုင်ဆိုင်နေကြတဲ့ သဘောမှာရှိနေပါတယ်။

108 MP camera ဟာ Pixel Binning ကို အသုံးပြုပြီး 27MP resolution ကိုပဲရိုက်ပေးလာမှာပါ။ 108 MP Shot ကိုရဖို့ကတော့မသေချာပါဘူး။ ဖုန်းရဲ့ Camera App ထဲက Pro Mode နဲ့ ရိုက်လို့ရရင်တောင် မရိုက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ Quad Bayer Sensors က 1/4 မှာပဲ ရိုက်ဖို့ Designed ဆွဲထားလို့ပါ။ ဆိုလိုတာက 27MP ကို လေးခါပေါင်းပြီးမှ ပုံမှာ Details ကို ထည့်ပေးခြင်းဖြစ်ပါတယ်။

Ref: GSMARENA