fbpx

This is digital planet.

NewsSamsung

August 23 မှာတွေ့မြင်ရမည့် Samsung Galaxy Note10+ 5G

နောက်အပတ် New York မှာ ကျင်းပမယ့် Samsung ရဲ့ Unpacked Event မှာ Galaxy Note10 ၊ Note10 + နဲ့ Note10+ 5G Version ကို မိတ်ဆက်လာနိုင်ပါတယ်။ Smartphone တွေအပြင် အခြား Samsung Galaxy Watch Active 2 Smartwatch ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက Samsung အနေနဲ့ S-Pen remote ၊ Snapdragon 855 နဲ့ 8GB of RAM ပါဝင်တဲ့ Samsung Galaxy Tab S6 ကိုမိတ်ဆက်ခဲ့ပါသေးတယ်။

Image result for note 10

အဲ့နေ့မှာပဲ Galaxy Note10+ 5G ရဲ့ စာရင်းတင်သွင်းမှုကို Android Headlines ကဖော်ပြခဲ့ပြီး အရင်တုန်းက ထွက်ခဲ့တဲ့ သတင်းတွေနဲ့ အနည်းငယ်တော့ကွာနေပါတယ်။ 5G UWB+ ပါဝင်သော Verizon နဲ့ ချိတ်ဆက်ထားတဲ့ Note 10 Lock Screen မှာ August 23 လို့ဖော်ပြထားပါတယ်။ အဲ့ Date က တောင်ကိုရီးယားမှာ Note 10 + ကို စတင်ဝယ်ယူလို့ရမယ့် ရက်ပဲဖြစ်နေပါတယ်။ အရောင်အနေနဲ့ ”Prism White” ဆိုတဲ့အရောင်ကို Note 10+ မှာ အဲ့အရောင်နာမည်အတိုင်း အသုံးပြုလာနိုင်ပြီး ထူးထူးခြားခြားအနေနဲ့ Power Bottom ကို ဖုန်းရဲ့ ညာဘက်မှာမထားတော့တဲ့အတွက် Keys တစ်ချို့ကို ပြောင်းလဲဖို့များနေပါတယ်။ ပုံအရဆို Power Key ဟာ Volume ခလုတ်တွေရဲ့အောက် ဘယ်ဘက် Side မှာရှိနေပါတယ်။ iPhone X မှာ Power key ကိုဖိပြီး Siri နဲ့ Acess လုပ်လို့မယ့်ပုံစံနဲ့တူတဲ့ Bixby shortcut ကို Samsung အနေနဲ့ Power Bottom မှာထည့်လာမယ်လို့ ယူဆနိုင်ပါတယ်။

 Android Headlines

S10 တုန်းက 4G Version နဲ့ 5G Version ကို အသီးသီး မိတ်ဆက်ခဲ့ပြီး အခု Note 10 ကိုတော့ August 23 မှာ 4G ၊ 5G version နှစ်မျိုးလုံးကို တစ်ချိန်ထဲ ရရှိလာနိုင်ပါတယ်။ နေရာဒေသနဲ့ သက်ဆိုင်ပြီး Snapdragon 855 ဒါမှမဟုတ် Exynos 9820 ကို Note10+ မှာသုံးလာနိုင်ပြီး 12GB of RAM နဲ့ 512GB of UFS 3.0 internal storage အထိရရှိနိုင်မှာပဲဖြစ်ပါတယ်။ Battery ပိုင်းမှာဆိုရင် 4,300 mAh battery ကို 45W fast charging support ပေးနိုင်ပြီး Wireless charging မှာဆိုရင် 20W ထိ Support ပေးလာနိုင်ပါတယ်။ Note10+ 5G Model မှာ Triple Camera Set up ကို ToF Camera အပိုပါဝင်လာမှာပဲဖြစ်ပါတယ်။

Related image

Camera setup ပိုင်းမှာဆိုရင် Aperture အနေနဲ့ f/1.5, f/1.8, နဲ့ f/2.4 သုံးမ်ျိုးကစားနိုင်သော Main Camera ၊ 12MP telephoto camera with f/2.1 lens နဲ့ Ultrawide 16MP camera with f/2.2 aperture ကိုအသုံးပြုလာမှာပါ။ Front Camera ကတော့ Screen ရဲ့အလယ် hole-punch ထဲမှာရှိတဲ့ 10MP Selfie camera ကို အသုံးပြုပေးထားပါတယ်။ ရိုးရိုး Note 10 ကို Euro 999 (around 1,669,022 mmk) ၊ Note10+ ကို Euro 1,149 (around 1,919,626 mmk) နဲ့ Premium 5G Version ကို အပေါ်ကဈေးတွေထက် ပိုပြီးပေးရလာနိုင်ပါတယ်။

Ref: GSMArena

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ