fbpx

This is digital planet.

MeizuNews

August 28 မှာ ထွက်ရှိတော့မယ့် 90Hz Display နဲ့ Snapdragon 855+ SoC ကိုအသုံးပြုထားတဲ့ Meizu 16s Pro

April လတုန်းက Meizu မှာ Flagship Phone ဖြစ်တဲ့ 16s ထွက်ရှိခဲ့ပြီး August 28 မှာ 16s Pro ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ 16s Pro မထွက်သေးခင်မှာ Design နဲ့ Specification တစ်ချို့ Meizu Website မှာ အတိုချုပ်ထွက်ရှိခဲ့ပါတယ်။

Screen က 6.2 လက်မရှိပြီစ 90Hz AMOLED curved display ကို 120Hz touch sample rate ပါဝင်ထားပြီး In-display fingerprint scanner ကိုပါ အသုံးပြုလာမှာပါ။ Overall Design က 16s အတိုင်းရှိနိုင်ပြီး Core Specifications တွေကိုပဲ အဓိကထားပြီး Upgrade လာနိုင်ပါတယ်။ အခုလို 16s Pro ပေါက်ကြားလာတာက ပထမဆုံးမဟုတ်ဘဲ Chinese online retailer ဖြစ်တဲ့ Taobao မှာ July လအစကတည်း ပေါက်ကြားခဲ့တာပါ။ ပေါက်ကြားလာတဲ့ Specs အရ Snapdragon 855+ chipset ကို 12GB RAM ၊ 256 GB UFS 3.0 storage နဲ့တွဲပေးလာမှာပါ။

Rear Camera ကတော့ Triple Camera Set Up ကို 48-megapixel primary lens နဲ့ 20 megapixel secondary telephoto lens ပါဝင်လာမှာပဲဖြစ်ပါပြီး Third Sensor အတွက် အချက်အလက်တွေထွက်ရှိထားခြင်းမရှိသေးပါဘူး။ Specs အရ 4,010mAh Battery မှာ 18W fast charging ကို Support လာနိုင်ပြီး Android 9 ကိုအခြေခံထားတဲ့ FlymeOS 8 ကိုအသုံးပြုလာမှာပါ။ နောက်ထပ် Features တွေအနေနဲ့ Meizu Pay ၊ Super mTouch နဲ့ Wireless charging စတဲ့ Feature တွေပါဝင်လာမှာပါ။

ဈေးအနေနဲ့ 12 GB RAM + 512 GB storage edition ကို 3,699 Yuan (၈ သိန်းဝန်းကျင်) နဲ့ Taobao မှာပြထားတဲ့ အပြာရောင် နဲ့ Pearl White ၊ Black စတဲ့အရောင်တွေကို ဝယ်ယူလို့ရမှာပါ။

Ref:GSMARENA

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်