fbpx

This is digital planet.

NewsSamsung

August 7 ရက်နေ့မှာ Galaxy Note 10 အတွက် Samsung ရဲ့ Chipset အသစ်ကိုပါ မိတ်ဆက်မည်

အရင်နှစ်တွေတုန်းက Galaxy S Series နဲ့ Galaxy Note Series မှာ တူညီတဲ့ Exynos Processor ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ အဲ့ပုံစံနည်းနည်းပြောင်းတယ်ပြောရမလားပဲ။ မကြာခင်ထွက်ရှိလာတော့မယ့် Galaxy Note10 နဲ့ Galaxy Note10+ မှာ Exynos Chipset အသစ် Exynos 9825 ကိုအသုံးပြုလာတော့မှာပါ။
အဲ့ Chipset ကို Samsung တော့ August 7 ရက်နေ့မှာမိတ်ဆက်မယ်လို့ အတည်ပြုခဲ့ပါတယ်။ (မြန်မာစံတော်ချိန်ဆိုရင် ၈ ရက်နေ့ဖြစ်ပါတယ်)

Samsung Exynos ရဲ့ Twitter account မှာ Teaser Video ကိုတင်ထားခဲ့ပြီး Chipset ရဲ့ Details အချက်တွေကိုတော့ သေချာမသိရသေးပါဘူး။ သတင်းတွေအရ Exynos 9820 8nm နဲ့မတူတဲ့ Exynos 9825 7nm Chipset အမျိုးအစားဖြစ်လာမှာပါ။ Node size ကလည်းပိုသေးလာတဲ့အတွက် Performance နဲ့ Power efficiency မှာ ပိုမိုတိုးတက်လာမှာတော့ သေချာပါတယ်။ အရင်လတုန်းက Note 10 မှာ Exynos 9825 Chipset ကိုအသုံးပြုထားတဲ့ ရလဒ်တွေ Geekbench မှာပေါ်ထွက်ခဲ့ပါသေးတယ်။

Image result for galaxy note 10

Samsung အနေနဲ့ Note 10 Series ကို New York မှာ မိတ်ဆက်မှာဖြစ်ပြီး အဲ့ရက်မတိုင်ခင် August 5 မှာ Galaxy Watch Active 2 ကိုပါမိတ်ဆက်လာမှာပါ။ အဲ့ဒီ New York Event မှာ ဖုန်းတွေအပြင် တစ်ခြား Product တွေပါ မိတ်ဆက်လာနိုင်ပါတယ်။ Event ကိုတော့ Samsung ရဲ့ YouTube Channel ကနေ Live လွှင့်သွားဖို့ရှိပါတယ်။

Ref: Gizmochina

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ