fbpx

This is digital planet.

NewsRealme

August 8 မှာ Realme ရဲ့ 64MP Quad Camera Smartphone တရားဝင်ထွက်ရှိလာတော့မည်

အရင်ရက်တွေတုန်းက Realme အနေနဲ့ 64MP Camera smartphone ထွက်ရှိဖို့ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အခု August 8 မှာ Realme ရဲ့ 64MP Camera smartphone ထွက်ရှိမယ်လို့ Realme ရဲ့ CEO Madhav Seth က Twitter မှာတင်ခဲ့ပါတယ်။ New Delhi, India Event မှာ Company အနေနဲ့ အဲ့ဖုန်းကို ဘူးထဲကနေ ဖောက်ပြဖို့ရှိနေပါတယ်။ အဲ့ဖုန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 64MP အသုံးပြုလာမယ့် Smartphone အနေနဲ့ မှတ်တမ်းဝင်လာနိုင်ပါတယ်။

Realme ဟာ Redmi နဲ့ India သာမက China မှာပါ နီးစပ်တဲ့ ပြိုင်ဘက်ပဲဖြစ်ပါတယ်။ Redmi မှာ 64MP Camera အသုံးပြုလာမယ့် Phone က Development ထဲမှာရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ထွက်ရှိမယ့်ရက်ကိုတော့ ပြောထားခြင်းမရှိပါဘူး။ အခု Realme မှာ 64MP Camera သာမက Quad Camera (Camera လေးလုံး) ကိုအသုံးပြုလာမှာက Phone ကို ထူးခြားအောင်လုပ်လိုက်သလိုပါပဲ။ Teaser မှာလည်း Camera လေးလုံးပါလာမယ်လို့ Company ကအတည်ပြုခဲ့ပါတယ်။ အရင်က Realme Phones တွေမှာ Camera နှစ်လုံးပဲရှိတဲ့အတွက် အခုဖုန်းဟာ Realme မှာ ပထမဆုံး Camera လေးလုံးသုံး ဖုန်းဖြစ်လာမှာပါ။

64MP Sensor ရဲ့ စွမ်းဆောင်နိုင်မှုကို Realme ဖော်ပြပြီးသားပဲဖြစ်ပါတယ်။ Detail တော်တော်လေးကောင်းတဲ့ 64MP Camera Sensor ရဲ့ Sample ပုံတွေကို Company ရဲ့ CEO ကမျှဝေခဲ့ပါသေးတယ်။ 64MP Realme model ကို India မှာ ပထမဆုံးရရှိလာမယ်လို့ သူပြောခဲ့ပါသေးတယ်။ အရင်နှစ် August မှာ Realme 2 ကို မိတ်ဆက်ခဲ့ပြီး Realme 2 Pro ကတော့ September ထဲမှာထွက်ရှိခဲ့ပါတယ်။

Image result for realme 64mp

အခု 64MP Phone ကိုလည်း Realme 4 series အနေနဲ့ August မှာထွက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် Quad-camera setup ကိုသုံးလာတာကြောင့် Premium Realme X Series အတိုင်း ထွက်လာနိုင်သလို Lineup အသစ်အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ အဲ့ဒီ 64MP Sensor က Pixel Size 1.6microns ထက်ပိုကြီးတဲ့ Samsung’s 64-megapixel GW1 1/1.72” Sensor ကိုအသုံးပြုလာနိုင်ပါတယ်။

Ref: Gizmochina

Related posts
NewsRedmi

Redmi Note 8 Series မှာ Helio G90T Chipset အသုံးပြုလာမယ်လို့ MediaTek ကအတည်ပြု

NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်