Zawgyi
Unicode
အမျိုးသားနေ့မှာ AUKEY Grand Opening ဖွင့်ပွဲကိုရောက်ခဲ့လို့ ဟိုဒီလျှောက်ကြည့်လိုက်တယ်။ အဲ့မှာ Eclipse Wireless Speaker ကိုစမ်းကြည့်ရင်းအသံထွက်ကို အတော်လေးသဘောကျမိသွားတယ်။ သူမှာ Dual 10 Watt Drivers နဲ့ Subwoofers ၂ လုံးပါတယ်။ Woofers ၂လုံးကို ဘေး နှစ်ဖက်မှာ “Breathe” အနေနဲ့ လုပ်ထားတာအတော်မိုက်ပါတယ်။ သီချင်းဖွင့်ရင် Speaker တစ်ခုက လှုပ်ရှားမှုကို မမြင်ရပေမဲ့ ဘေးနှစ်ဖက်က Woofers က လှုပ်ရှားမှုအပြည့်နဲ့ပါ အသံထွက်အား ကျယ်သလို့ Bass အသံက အတော်လေး Deeper ဖြစ်တဲ့အတွက် Bass မပါရင်နားမထောင်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
အပေါ်ဘက်မှာ Power, Mode, Play/Pause, Vol -/+ ခလုပ်တွေပါတယ်။ ရှေ့ဘက်ခြမ်းမှာ LED Indicator နဲ့ Mic ပေါက်ပါတယ်။ ကျော်ဘက်ခြမ်းမှာဆိုရင် Micro USB port နဲ့ 3.5mm Jack တို့ပါဝင်ပါတယ်။ Hi-Fi Player ရှိသူတွေဆိုရင် ဒီ Speaker နဲ့ တွဲပြီး Hi-Fi System အသေးစားတစ်ခုလုပ်လို့ရပါတယ်။ Battery ပိုင်းမှာ 4000 mAh ထည့်ပေးထားတယ်၊ Charging Time ကတော့ ၄ နာရီလောက်သွင်းရမှာပါ။ Play Time ကတော့ ၁၂ နာရီလောက်ခံတယ်ဆိုပေမဲ့ (Vol 50%) လောက်ပဲရမှာပါ။
အခြားသော အနေနဲ့ Headset တို့ Gaming Mechanical Keyboard တို့ PowerBank (MacBook ကိုအားပြန်သွင်းနိုင်) တို့အပြင် Auto နဲ့ပက်သက်တာတွေကို ရနိုင်ပါတယ်။ Asia Star Technology ကနေ AUKEY Products တွေကို တရားဝင်ဖြည့်ချီရောင်းချပေးနေတာဖြစ်ပါတယ်။
လိပ်စာကတော့ – အမှတ်(813)၊ မဟာဗန္ဓုလလမ်း(လှည်းတန်းလမ်းနှင့် ၁၁လမ်းကြား)(Lotteriaအနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။