fbpx

This is digital planet.

Articles

ကျွန်တော်နဲ့ ဖြေရှင်းမရတဲ့ ဘက်ထရီပုစ္ဆာ

တစ်နေ့က သူငယ်ချင်းနဲ့ တွေ့ဖြစ်တော့ ကျွန်တော်တို့တတွေ နည်းပညာအကြောင်း ဆွေးနွေးဖြစ်ကျတယ်ပေါ့ဗျာ၊  ပြဿနာဘယ်ကစလဲဆိုရင် ၂ နှစ်လောက် ရှိပြီဖြစ်တဲ့ ဖုန်းက အားခံသေးတဲ့ အကြောင်း၊ Battery Life ကလည်း 90% တောင် ရှိသေးတယ်အကြောင်း ပြောလာတော့ လက်ခံတဲ့ဖက်နဲ့ မလက်ခံတဲ့ဖက် ၂ ခြမ်းကွဲရော။

ဒါနဲ့ ဘာဖုန်းကိုင်လဲ ရှိုးလိုက်တော့ Galaxy S8 ဖြစ်နေတယ်၊ ဘယ်နှယ့် Lithium Ion Battery က ၂ နှစ်မှာ အဲ့လောက်ခံပါ့မလား အတွေးနဲ့ တည့်ပွားပစ်လိုက်တယ်။ သုံးတဲ့ AccuBattery Software က အစုတ်ကြီး၊ ဘာညာနဲ့ ရွတ်တော့ ဘော်ဒါ တစ်ချက်လောက် မျက်နှာပျက်သွားတယ်။

အဲ့တော့ မသိသလို ဘာလိုနဲ့ ဘာလို့အဲ့လို အားခံတာလဲ? 90% သက်တမ်းကျန်နေအောင် ဘယ်လိုသုံးတာလဲဆိုပြီး အူကြောင်ကြားလုပ်ပြီး မေးပစ်လိုက်မှ သူငယ်ချင်းကလည်း (ကျနော့် အကြောင်းသိထားသူဆိုတော့) ရှင်းပြပါတယ်။

Charging Samsung Smartphone

Image: Business Insider

သူဘာမှမလုပ်ပါဘူးတဲ့? AccuBattery က လမ်းညွန်တဲ့အတိုင်း စမတ်ဖုန်းကို 20% နဲ့ 70% အကြား နောက်တမျိုးပြောရင် 50% ပဲ သွင်းပေးလို့ အခုလို အားခံတယ်။
ကျွန်တော်ကလည်း ဘယ်ရမလဲ? ဘုကန့်လန့်သမားဆိုတော့ Battery ကို ဘာ Software နဲ့မှ တိုင်းလို့မရဘူး?

တိုင်းလို့မရပေမယ့် ဘယ်အချိန် လစ်တော့မယ် သိနိုင်အောင် Manufacturer တွေက Battery Capacity (mAh) ဘယ်လောက်ကျန်လဲနဲ့ ဖော်ပြပေးပါတယ်

အဲ့သက်တမ်းဆိုတာကလည်း Battery Gauge ကို Reset ချရင် နောက်တနည်း Calibrate လုပ်ရင် သီအိုရီအရ Capacity ပြန်တိုးလာတယ်လို့ ထိုင်ငြင်းပစ်လိုက်တယ်။ ဟိုကလည်း Calibrate လုပ်တိုင်းမကောင်းဘူး၊ 100% Full Charge နဲ့ 0% Discharge အစွန်း ၂ ဖက်ကို ရှောင်မှ Wear Level နောက်တနည်း စမတ်ဖုန်းတွေမှာတော့ Cycle Count ပေါ့ဗျာ၊ လျော့တာ မြန်တာပေါ့။

အဲ့လို တရားဟောပြန်တော့ ဘရိုပြောတာ ကျနော်လက်ခံပါတယ်။ AccuBattery ပြောတဲ့ 20% ကနေ 70% အားသွင်းရင် Battery Life 332% ပိုခံမယ်ညွန်းတာ တွေးကြည့်လေဗျာ။

50% Charge ဆိုတာ 1 Charge Cycle တဝက် Percentage နဲ့တွက်ရင် 0.5% Wear ရှိမယ်လို့ သီအိုရီအရ ပြောနိုင်ပါတယ်

AccuBattery

AccuBattery Software Info

ဒါမယ့် 50% Battery က Galaxy S8 လို ဖုန်းမျိုးအတွက် နေ့တဝက်တောင် မခံဘူး၊ နောက်တကြိမ် အားသွင်းမယ်ဆိုရင် ဆိုကြပါစို့ 50% Charge က 1 Discharge Cycle နဲ့ သွားညီပြီလေလို့ ဖင်ပိတ်ငြင်းရပါတယ်။

ဟုတ်တယ် မင်းပြောတာ ငါလက်ခံတယ်။ ဒါပေမယ့် တထိုင်ထဲ 100% သွင်းပစ်တာနဲ့ ၂ ခါသွင်းမှ 100% Discharge နဲ့ညီတာ ဘယ်အနေထားက ဘက်ထရီ Cycle ပိုထိမလဲ ပြန်ချေတော့ Battery မှာ Rapid Charging အတွက် 80% အထိ သွင်းပေးရတာ သိတယ်မလား ဆိုပြီး ခွန်းတုံ့ရပါတယ်။

Rapid ၊ Continuous ၊ Trickle

ကျနော်ဆိုလိုတဲ့ အဓိပ္ပာယ်က Lithium Ion Battery မှာ Charge State ၃ မျိုး ရှိပါတယ်။ RapidContinuous နဲ့ Trickle ဆိုပြီး State ၃ မျိုးရှိပါတယ်။ Rapid ဆိုတာကတော့ 0% ကနေ 80% အထိ Non-stop အားသွင်းတာကို ဆိုလိုတာဖြစ်ပြီး Continuous Charging ကတော့ 80% ကနေ 100% အထိ သွင်းတာကို ပြောတာပါ။

Trickle Charge ကတော့ 100% အထိ အားသွင်းပြီးလို့ Android ၊ iOS ၊ Windows OS တွေက Fully Charged လို့ ပြနေရင်တောင် မဖြုတ်ပဲ ၅ မိနစ်လောက် ပလပ်တပ်ထားပြီး ပစ်ထားဖို့ ဆိုလိုတာပါ။ အဲ့လိုသွားပြောပြန်တော့ ဘယ်ဘိုးတော်ဘုရားလက်ထက်က ဘက်ထရီနည်းပညာတွေ လာရွတ်နေတာလဲ ဆျာကြီး ထလုပ်ပါတယ်။

Charging Wireless on iPhone 8 Plus

Image: Business Insider

ဘော်ဒါပြောတာ မှန်ပါတယ်။ Ion Battery နည်းပညာအသစ်မှာ Continuous နဲ့ Trickle Charge State မပါတော့ပါဘူး လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွင်း ပြောင်းလဲသွားတဲ့ နည်းပညာဆိုတော့ သုံးစွဲသူတွေရော ၊ Guideline ပေးနေသူတွေပါ တိုင်ပတ်ကုန်တာပါ။

Temperature

ဘာလို့ အဲ့လိုဖြစ်သွားလဲဆိုရင် ပထမအချက်က Power Delivery မှာ Fast Charging ဆိုတဲ့ Rapid Charging ကို အထောက်ပံ့ပေးတဲ့ နည်းပညာကြောင့် ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကို ထိခိုက်စေတဲ့ အဆိုးရွားဆုံးအချက်က အပူချိန်လို့ သုတေသီတွေ ပြောထားတဲ့အတွက် Fast Charging နဲ့ အားသွင်းရင် Lifespan အကုန်မြန်တယ်လို့ တွေးကြည့်နိုင်ပါတယ်။

ဒါကြောင့် စမတ်ဖုန်းတွေမှာ Fast Charging ပါပေမယ့်လည်း Standard Charging နဲ့လည်း အားသွင်းနိုင်တယ်။ ဒါပေမယ့် ဘယ်သူက လိပ်လိုမျိုး နှေးတုံ့နှေးတုံ့နဲ့ အားသွင်းနေမှာလဲ? Fast Charging ပဲချမှာပေါ့။ ဒုတိယ ပြဿနာ အဲ့မှာ စတက်တာပါ။ Lithium Ion အဓိပ္ပာယ်ဟာ ဓာတ်ဖိုတိုင်နဲ့ ဓာတ်မတိုင်အကြား လျှပ်ကူးတဲ့အခါ ဖြစ်ပေါ်လာတဲ့ Ion ရွှေ့လျားမှုပေါ်မူတည်တာပါ။

ဒီ Mechanism က Permanent Effect  ဖြစ်ပေမယ့် အပူက Ion ရွှေ့လျားမှုကို ဒုက္ခပေးပါတယ်

သုတေသီအဆိုရ အခန်းအပူချိန် 25°C မှာ 100% အထိ အားသွင်းအသုံးပြုမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါ 80% သက်တမ်းကျန်မယ်၊ တကယ်လို့ 0°C မှာ သွင်းရင်တော့ 94% ကျန်တယ်လို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်တို့ မှတ်ယူရမှာက ဘက်ထရီသက်တမ်းကို ထိခိုက်စေတဲ့အထဲမှာ ပထမဆုံးအနေနဲ့ အပူချိန်လို့ ပြောရပါတယ်။

Temperature (°C ) 40% Charge 100% Charge
After 1 Year (% Life Remains)
0 98 94
25 96 80
40 85 65
60 75 60

ဒီနေရာမှာ သိထားဖို့လိုတာက Fast Charging ကြောင့် ဘက်ထရီထိခိုက်တယ်လို့ မှတ်ယူစေချင်တာ မဟုတ်ပါဘူး

ပုံမှန် Power Delivery ထက် ပိုများတဲ့ Power Load ကို လက်ခံရတဲ့အခါ Internal Resistance ပိုများလာတယ်၊ အဲ့ဒါရဲ့ အကျိုးဆက် အနေနဲ့ အပူထွက်လာပြီး Fast Charging နဲ့ အားသွင်းတဲ့အခါ Rapid Charge State မကျော်မချင်း Temperature Stress အပူဒဏ် ရှိနေတာကို သီအိုရီသဘောအရ နားလည်စေချင်တာပါ။

Cold Cold Heart

ကျနော် ပြောနေတာလေး ပြန်ဆက်ရရင် 0°C မှာပဲသုံးမှ Battery Life ပိုခံတာလား? Lithium ကိုက ချေးများလွန်းတယ် ပြောရမလား အရမ်းအေးလွန်းတဲ့နေရာ ၊ စိုထိုင်းမှု (Humidity) များတဲ့နေရာ ၊ ရေငွေ့ (Moisture) ရိုက်တဲ့နေရာတွေနဲ့ လေထုသိပ်သည်းဆ (Air Destiny) နောက်တနည်း လေဖိအား (Air Pressure) များတဲ့နေရာတွေမှာ မသိမ်းရပါဘူး (နုဖတ်သလပ်နေတာပဲ)

ဆိုလိုတာာက Lithium Battery ဟာ အပူချိန်များရင်လည်း ငိုကြွေးသလို အေးလွန်းပြန်ရင်လည်း ကြေကွဲရပါတယ်။ စာဖတ်သူတွေ ဗဟုသုတ အနေနဲ့ မှတ်ယူနိုင်တာက

အားသွင်းဖို့ အကောင်းဆုံး အပူချိန်ဟာ 20°C နဲ့ 30°C အကြားဖြစ်တယ်လို့ သိထားနိုင်ပါတယ် (Gaming Smartphone တွေနဲ့ Laptop တွေကျ ခြွင်းချက်ပေါ့)

တတိယအချက်ကတော့ ကျွန်တော်တို့ ကြားဖူးနေကျ Cycle Count ပါ၊ ဒါနဲ့ ပြောတာ ပြောကျတယ် ဘာမှန်းမသိကျပါဘူး။ နားလည်အောင် ပြောရရင် Cycle Count ဆိုတာ ဘက်ထရီတစ်လုံး ဘယ်အချိန်မှာ ကြွမယ်၊ လစ်မယ်လို့ အသုံးပြုသူတွေ သိရအောင် ဖော်ပြတဲ့ Message တစ်စောင်ဖြစ်ပြီး Laptop ၊ Smartphone တွေရဲ့ Battery သက်တမ်းဟာ 300 နဲ့ 500 Cycles အကြား ရှိပါတယ်။

Zephyrus GX501 Battery

Image Credit: Laptop Main

The Battery Cycles

ဘာလို့ Cycle ၊ Cycle ပြောပြောနေတာလဲ? ခုထိနားကိုမလည်ဘူး။ ဂဃနဏ ရှင်းပြရရင် Cycle ဆိုတာ 100% ကနေ လျော့သွားတဲ့ ပမာဏ ဥပမာ 10% ၊ 30% စသဖြင့် ဘယ်လောက် Percent ပဲ လျော့သွား၊ လျော့သွား ဒီလို လျော့သွားတာကို Discharge Rate လို့ သတ်မှတ်ပါတယ်။

100% Full Charge ကနေ 0% ဒါမှမဟုတ် ဘာမှမကျန်အောင် သုံးပစ်တာကို Complete Discharge လို့ သုံးနှုန်းပြီး 0% မှာ အားပြန်သွင်းတယ်ဆိုရင် 100% Charged ဒါမှမဟုတ် 100% Charge Rate စသဖြင့် Depth of Discharge (DoD) ကို သတ်မှတ်ပါတယ်။

စာဖတ်သူတွေ ကိုယ့်ဘာသာ နားလည်ထားရမှာက 100% ကနေ 0% မဟုတ်ဘဲ 20% ၊ 25% ရောက်အောင် သုံးလိုက်တယ်၊ အဲ့ကနေ 100% ပြည့်အောင်သွင်းရင် (100% – 20% = 80% Discharged ၊ 20% to 100% = 80% Charged) 80% DoD ရှိတယ်လို့ ကိုယ်အသုံးပြုတဲ့ အနေထားလိုက် တွက်ကြည့်နိုင်ပါတယ်။

အဲ့ဒီလို 0% Battery Percent ကနေ 100% အထိ ရောက်အောင် အားပြန်သွင်းတာကို Charge Rate လို့ နည်းပညာအရ ပြောပါတယ်။ ဒါကို 1 Cycle ဒါမှမဟုတ် Complete Discharge Cycle လို့ ပြောသလို Depth of Discharge အရမ်းများလွန်းတယ်၊ နောက်တနည်း ဘက်ထရီမကြိုက်တဲ့ DoD ဖြစ်နေပါတယ်။

Depth of Discharge (%) Cycle Counts
NMC Battery Ion Phosphate Battery
100 300 600
80 400 900
60 600 1500
40 1000 3000
20 2000 9000
10 6000 15000

ဟုတ်တယ်လေ၊ သုံးနေတာ Li-ion Battery ဟိုးတုန်းက Nickel ဓာတ်ခဲတွေ မဟုတ်တော့ဘူး။ Capacity (mAh) ဘယ်လောက်ကျန်လဲ မှတ်မိရအောင် Memory Effect ( 100% Charged ၊ 0% Discharged) မသုံးတော့ဘူး။ အဲ့တော့ အန္တရာယ်များတဲ့ DoD Zone ထဲမဟုတ်ဘဲ 100% ကနေ 10% ၊ 20% ၊ 30% လောက် သုံးပြီး အားပြန်ဖြည့်တာကို DoD Percent နည်းတယ်လို့ ပြောပါတယ်။

Avoid Dead Zone

Lithium နည်းပညာအရဆိုရင်တော့ ဘက်ထရီဟာ DoD နည်းတာကို သဘောကျတဲ့အတွက် Charge/ Discharge ပမာဏနည်းလေ ဥပမာ 50% သုံးပြီး 50% သွင်းတယ်ဆိုရင် DoD နည်းတယ်၊ Lifespan ရှည်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် AccuBattery ဟာ ယေဘူယျ သဘောတရားနဲ့ Battery Life ကို တွက်ချက်ပေးတယ်လို့ သုံးသပ်နိုင်ပါတယ်။

လုံးဝ မှန်ကန်တယ်လို့ မပြောပေမယ့် အမြဲတစေ ဖုန်းအားသွင်းဖို့ မဖြစ်နိုင်ပါဘူး။ ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုတာက Cycle Count နဲ့ ပတ်သက်ပြီး ဘာလို့ 300 နဲ့ 500 နဲ့ အကြားပဲ ရှိတာကို ဇယားလေးနဲ့ ဖော်ပြလိုက်ပါတယ်။

Charge Level (V/cell) Charged Cycles Available Energy (%)
4.30 150 – 250 110 – 115
4.25 200 – 350 105 – 110
4.20 300 – 500 100
4.15 400 – 700 90 – 95
4.10 600 – 1,000 85 – 90
4.05 850 – 1,500 80 – 85
4.00 1,200 – 2,000 70 – 75

သီအိုရီအရ Voltage များရင် အားဝင်တဲ့ ပမာဏများတယ်လို့ ပြောနိုင်သလို Voltage နည်းလေ Cycle Count ပိုများလေ ဒါမယ့် ဖြည့်ပေးနိုင်မယ့် Battery Capacity ကတော့ ပုံပါအတိုင်း လျှော့နည်းသွားမှာပါ။

အဲ့မှာ ပြဿနာထပ်တာတာက Power Bank ရွေးချယ်တဲ့အခါ ဘက်ထရီကို ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းမျိုးပဲ ဖြစ်ပါတယ်။ ဒီဇယားကိုကြည့်ပြီး ရွေးချယ်နိုင်သလို စာဖတ်သူတွေ ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ်။

Another thing to change your mind

Power Bank ဟာလည်း Battery ပဲဆိုတော့ Electric Current က Direct Current (DC) ပေါ့။ ဒီတော့ သိထားသင့်တာက DC Current ဟာ ဟိုးအဝေးတလံကြီးကို လျှပ်စစ်မစီးနိုင်ဘူး၊ စီးမယ်ဆိုရင်တောင် Power Loss ရှိတယ်၊ ဒါကြောင့် Power Bank ဝယ်ရင် ကြိုးရှည်ရှည်ထည့်မပေးသလို များသောအားဖြင့် စမတ်ဖုန်းတွေထက် Voltage နဲ့ Ampere Rating ပိုများပါတယ်။

ဒီတော့ DC Current အားနည်းချက် သိသွားပြီဆိုရင် ကိုယ့်ဖုန်း Battery ပမာဏ (ဥပမာ 3500 mAh) ထက်ပိုနည်းတဲ့ Power Bank မျိုး၊ ဒီလိုပဲ Voltage နဲ့ Ampere ကိုလည်း ဖုန်း Rating နဲ့ တိုင်းကြည့်ပြီး (ဥပမာ 5V/2A) ဆိုရင် အဲ့ထက်နိမ့်တဲ့ Power Bank မရွေးပါနဲ့။

အရည်သွေးမပြည့်မီတဲ့ Power Bank ရဲ့ နောက်ဆက်တွဲ ပြဿနာက Rating လည်းမပြည့်၊ mAh ကလည်း နည်း၊ Voltage ကလည်း မလုံလောက်ဘူးဆိုရင် ဘာဖြစ်မယ်ထင်လဲ?

Voltage ကစပြောရမယ်ဆိုရင် ဥပမာ ဖုန်းက 5V ၊ Power Bank က 4.2V ပဲရှိမယ်ဆိုရင် အားသွင်းမယ့်အစား ဖုန်းဆီကပြန်ယူပါလိမ့်မယ်။ ဒီလိုပဲ သတ်မှတ် 5V ထက်ပိုများမယ်ဆိုရင် Overload ဖြစ်သွားလို့ Power Circuit Board ပျက်စီးပါမယ်။

ဒါနဲ့ဆက်စပ်ပြီး Ampere အကြောင်းထပ်ပြောရမယ်ဆိုရင် ဥပမာ ဖုန်းက 5V/2A ဆိုပါစို့ ဒါကို 1A ပဲရှိတယ်ဆိုရင် ဖုန်းအပူလွန်ကဲလာနိုင်ပြီး ထကွဲနိုင်ပါတယ်၊ ဒီလိုပဲ Ampere Rating ကောင်နဲ့ အားသွားသွင်းလို့ မြန်မြန်ပြည့်မယ် မထင်ပါနဲ့ ဖုန်းပဲ ပေါက်ကွဲသွားမှာပါ။

Say Goodbye to Trickle Charge

တကယ်တော့ Trickling State ဆိုတာ Ion Battery အတွက် အရေးပါတာပါ။ အားအပြည့်ဖြစ်သွားရင်တောင် မဖြုတ်ဘဲ နောက်ထပ် ၅ မိနစ်လောက်ပစ်ထားလိုက်ရင် ဓာတ်မတိုင်က ထွက်သွားတဲ့ Electron Hole တွေကို Small Current နဲ့ပြန်ဖြည့်မယ်။

ဒီနည်းအားဖြင့် Battery Efficiency ပိုကောင်းမှာဖြစ်ပေမမယ့် Power Bank မှာ 100% ပြည့်တာနဲ့ Circuit Board ကနေ ဖြတ်ချပစ်လိုက်မှာပါ။

တကယ်တော့ Power Bank မှာပါတဲ့ Printed Circuit Board (PCB) က အရေးကြီးဆုံးပါ

Voltage အတက်၊ ကျဖြစ်တာ၊ Safety Protection နဲ့ ပတ်သက်လို့ High Temperature ၊ Overcharge ၊ Over-current၊ Over-voltage ၊ Short-circuit ဖြစ်တာမျိုး ကာကွယ်ရတာမလို့ Quality ကောင်းတဲ့ Power Bank ကို ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။

ကျွန်တော်ကတော့ Power Bank သုံးလေ့သုံးထ မရှိတဲ့အတွက် ဘာကောင်းမှန်း မသိပါဘူး။ ဒါနဲ့​ပြောရဦးမယ် Battery Calibrate ဘယ်လိုလုပ်သလဲလို့ Gauge Reset ချတယ်​ပေါ့ဗျာ။ Calibration နဲ့ ပတ်သက်လို့ရော အမြဲတမ်း လုပ်ဖို့လိုလား?

ဒီမေးခွန်းကို ပြောရမယ်ဆိုရင် အနည်းဆုံး ၃ လ ၁ ကြိမ်တော့ လုပ်ပေးရပါမယ်။ မလုပ်ရင်ရော ဘာဖြစ်လဲ? ဘာမှတော့ မဖြစ်ပါဘူး၊ Li-ion တွေရဲ့ သဘောက DoD Percent ပေါ်မူတည်ပြီး Lifespan ကို ဖော်ပြတယ်ဆိုတဲ့အတိုင်း ၁ နှစ်ကျော်သွားရင် သတ်မှတ် Capacity (ဥပမာ 3000 mAh) ထက် နည်းလာမယ်။

နည်းလာတဲ့ အကြောင်းပြချက်က အပေါ်က ၃ ချက် အတိုင်း ဖြစ်တဲ့အတွက် စာဖတ်သူတွေ ကျန်ရှိနေသေးတဲ့ Capacity (3300 လည်း ဖြစ်ချင်ဖြစ်မယ် 2900 လည်း ဖြစ်ချင်ဖြစ်မယ်) ပေါ်မူတည်ပြီး Battery Efficency တသမတ်ထဲ ဖြစ်နေဖို့ Calibrate လုပ်ဖို့ လိုပါတယ်။

How to Calibrate? (In case you Need)

ပထမဦးဆုံး 100% ပြည့်အောင် အားသွင်းလိုက်ပါ
ဒုတိယအနေနဲ့ 0% အထိ ကုန်သွားအောင် သုံးပစ်လိုက်ပါ (ကျွန်တော်ကတော့ အားကုန်မြန်အောင် Bios Setting ထဲဝင်ပြီး ၃ နာရီလောက် ပစ်ထားလိုက်ပါတယ်)
ပြီးသွားရင် 100% ပြည့်တဲ့အထိ တရစပ်သွင်းပေးပါ
ဒီအဆင့်မှာ 100% ပြည့်သွားရင် Adopter ကို ချက်ချင်း မဖြုတ်လိုက်ပါနဲ့

100% DoD ကြောင့် အပူရှိနေတဲ့အတွက် ၁ နာရီလောက် ပစ်ထားပြီး ဘက်ထရီအေးသွားတဲ့အခါမှ 0% ကုန်အောင် သုံးလိုက်ပါ။ 0% ကုန်သွားလို့ စက်ပိတ်သွားရင် ချက်ချင်း အားမသွင်းပါနဲ့၊ နာရီဝက်လောက် နေပြီးမှသွင်းပါ။ ဒီအဆင့်ထိ လုပ်ပြီးသွားရင်တော့ Calibration Process ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ထူးခြားလာမယ့်အချက်က Laptop Battery ဟာ အရင်ကထက် Capacity (mAh) ပိုများလာတာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီလိုဖြစ်သွားတာ မူရင်း Capacity လောက် Full မဖြစ်ပေမယ့် အမှန်တကယ် ကျန်ရှိနေတဲ့ Capacity ကို Calibration Process မှာ OS Software က သိသွားတယ်၊ Battery ကိုယ်တိုင်လည်း Gauge Meter အမှန်တိုင်း ဖြစ်သွားတဲ့အတွက် အကျိုးထူးပါတယ်။

ဒါပေမယ့် အသုံးပြုဖန် များလာတဲ့အခါ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ သဘောတရားအတိုင်း Capacity နည်းလာမယ်၊ အဲ့အခါကျရင်လည်း Calibrate လုပ်ပြီး Battery Efficiency ကို ထိန်းထားနိုင်ပါတယ်။

Calibration လုပ်ရင် သတိထားရမယ့်အချက် Complete Charged Rate နဲ့ Discharged Rate ပေါ် မူတည်ပြီး အများဆုံး ကျန်ရှိနေမယ့် Capacity ကို ဖော်ပြတာဖြစ်တဲ့အတွက်

ပလတ်မဖြုတ်ပါနဲ့ (မီးပျက်သွားရင် နံပတ် ၁ က ပြန်စပါ)
Battery ကို အပူသက်ရောက်စေမယ့် ဂိမ်းကစားတာ၊ Rendering ချတာမျိုးမလုပ်ပါနဲ့
ပုံမှန်အတိုင်း အသုံးပြုနိုင်တဲ့အတွက် 100% အားသွင်းတဲ့အခါ စက်မပိတ်ပါနဲ့ (OS လည်း ပါဝင်တာမလို့ပါ)
နံပတ် ၅ အဆင့်မှာ Trickle State ရှိတဲ့အတွက် Windows မှာဆိုရင် cmd မှာ Powercfg/batteryreport ရိုက်ပြီး Percent Charged Rate ကို စောင့်ကြည့်နိုင်ပါတယ်။

ဒီလောက်ဆိုရင် Laptop ၊ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Lithium Battery အကြောင်း သိသွားပြီ ထင်ပါတယ်။ ကျွန်တော် အခုလို တကူးတက ဖော်ပြရတာက Battery အားခံအောင် အသုံးပြုတာထက် သက်တမ်းကို ထိခိုက်စေတဲ့ အချက်တွေ ၊ ကြာလာရင် စွမ်းဆောင်ရည်ကျလာတာလဲ သိရဖို့ ရှင်းပြတာ ဖြစ်ပါတယ်။

အခုလို Capacity ဘယ်လောက်ကျန်လဲ (Android မှာ AccuBattery နဲ့ ယေဘူယျ ကြည့်နိုင်ပါတယ်) ဆန်းစစ်ပြီးသွားတာတောင် အားကုန်မြန်နေတယ်ဆိုရင်

Battery Setting မှာ ဘာကြောင့် Power Drain ဖြစ်နလဲ ဆန်းစစ်ပါ။ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ့ရင် သက်ဆိုင်ရာ OS/Software Update လုပ်ပြီး တဖန် လေ့လာကြည့်ပါ။ အသုံးနည်းတဲ့ App တွေ Background မှာ Run နေတယ်ဆိုရင် Manually ပိတ်ထားလိုက်ပါ။

စာဖတ်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ်။ Ion Battery နဲ့ Polymer ဘယ်ဟာ ပိုကောင်းလဲဆိုတာကတော့..

Credit: Battery University